ရှမ်းပြည်မြောက်ပိုင်းတွင်ဖြစ်ပွားနေသည့်တိုက်ပွဲများကို အပစ်ခတ်ရပ်စဲရန် တရုတ်အစိုးရ တိုက်တွန်းတောင်းဆို
ဂျန်ဇက် (NSS) - အောက်တိုဘာ ၂၈
မြန်မာနိုင်ငံရှိ လက်နက်ကိုင်အဖွဲ့စည်းအားလုံးအနေဖြင့် တွေ့ဆုံဆွေးနွေး၊တိုင်ပင်မှုများမှတဆင့် အငြင်းပွားမှုများကို ဖြေရှင်းရန်နှင့် အပစ်ခတ်ရပ်စဲရန် တရုတ်အစိုးရ တိုက်တွန်းတောင်းဆိုလိုက်သည်။
ရှမ်းပြည်နယ်မြောက်ပိုင်း အပါအဝင် မြန်မာနိုင်ငံရှိ အစိုးရစစ်အခြေစိုက်စခန်းများကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက ပြီးခဲ့သောရက်ပိုင်းတွင် စတင်တိုက်ခိုက်ခဲ့ပြီးနောက် တိုက်ပွဲများဖြစ်ပွားလာခဲ့ခြင်းအပေါ် တရုတ်အစိုးရက ယင်းကဲ့သို့ တိုက်တွန်းတောင်းဆိုခဲ့ခြင်းဖြစ်သည်။
ရှမ်းပြည်နယ် မြောက်ပိုင်းတွင်ဖြစ်ပွားနေသည့် တိုက်ပွဲများတွင်ပါဝင်နေသော သက်ဆိုင်ရာအဖွဲ့အစည်းများအနေဖြင့် တိုက်ခိုက်မှုများကို ချက်ချင်းရပ်တန့်ပြီး အပစ်ခတ်ရပ်စဲမှုများ ရယူစေလိုကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဌာနပြောရေးဆိုခွင့်ရှိသူမာအိုနင်က ထုတ်ဖော်ပြောဆိုလိုက်သည်။
မာအိုနင်သည် အောက်တိုဘာ ၂၇ ရက်က နေ့စဉ်ပြုလုပ်နေသော သတင်းစာရှင်းလင်းပွဲအတွင်း မြန်မာနိုင်ငံတွင် တပ်မတော် နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များတိုက်ပွဲများဖြစ်ပွားနေခြင်းနှင့်ပတ်သက်ပြီး မေးမြန်းမှုများအပေါ် တုံ့ပြန်ဖြေဆိုသွားခဲ့ခြင်းဖြစ်ကြောင်း တရုတ်သတင်းဌာနက ဖော်ပြထားသည်။
၎င်းက "တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရှိအဖွဲ့အစည်းတွေကို တောင်းဆိုပါတယ်။ တရုတ်-မြန်မာနယ်စပ်ဒေသတစ်လျှောက်တည်ငြိမ်ဖို့၊ လုံခြုံမှုများရရှိစေဖို့၊ ထိရောက်တဲ့ စီမံဆောင်ရွက်မှုများ လုပ်ဆောင်နိုင်အောင် ပဋိပက္ခဖြစ်ပွားမှုတွေကိုရှောင်ရှားဖို့၊ တိုင်ပင်ဆွေးနွေးမှုတွေကနေ ငြိမ်းချမ်းရေး ရယူနိုင်အောင် ကြိုးပမ်းရဖို့ တောင်းဆိုပါတယ်" ဟု ပြောသည်။
ပြီးခဲ့သောရက်ပိုင်းက မြန်မာတပ်မတော်နှင့် MNDAA လက်နက်ကိုင်အဖွဲ့များကြား တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေခြင်းများနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက သတင်းစာရှင်းလင်းပွဲတွင် ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မကွေးတိုင်း၌ ဘဏ္ဍာနှစ် ပထမ(၆)လအတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများမှ အမေရိကန်ဒေါ်လာသန်း ၂၂ဝ အပါအဝင် ငွေကျပ် ၆ ဘီလျံနီးပါးဝင်ရောက်
RELATED POSTS
20 Sep 2024 | နိုင်ငံရေး,ပြည်တွင်း
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း