Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အွန်လိုင်းမှတစ်ဆင့် ငွေကြေးလိမ်လည်နေသော ရန်ကုန်အခြေစိုက်ကုမ္ပဏီတစ်ခုကို ဝင်စီးခဲ့ရာ လူ(၁၀၀)နီးပါး ဖမ်းဆီးရမိဟု နစကထုတ်ပြန်

Pearl (NSS) - အောက်တိုဘာ ၂၈

ရန်ကုန်အခြေစိုက်၍ Online မှတစ်ဆင့် ငွေကြေးများလိမ်လည်နေသောကုမ္ပဏီအား ဝင်ရောက်ဖမ်းဆီးရာ လူ(၁၀၀)နီးပါး ဖမ်းဆီးရမိခဲ့ကြောင်း နစကမှ အောက်တိုဘာလ (၂၇) ရက်တွင် သတင်းထုတ်ပြန်ထားသည်။ 


ပြီးခဲ့သည့်  အောက်တိုဘာလ (၂၆) ရက်တွင် ရန်ကုန်တိုင်း ၊ တာမွေမြို့နယ်၊ ဦးချစ်မောင်လမ်း၊ ဦးချစ်မောင်အိမ်ရာ၊ တိုက်အမှတ်(S-19)တွင် ရုံးခန်းဖွင့်လှစ်ထားသည့် Supportfix Co.,Ltd အား သတင်းအရ လုံခြုံရေးအဖွဲ့အစည်းများမှ ဝင်ရောက်စီးနင်းရှာဖွေခဲ့ကြောင်း သိရသည်။ 

ထိုသို့ ရှာဖွေခဲ့ရာ ဇူကျန်း(ခ) လောက်ဖ (၃၄) နှစ် နှင့် ၎င်း၏ ဖခင်ဖြစ်သူ ဦးလောက်ရှီးအပါအဝင် အမျိုးသား (၆၆) ဦး၊ အမျိုးသမီး (၂၂) ဦးတို့အား ပြည်ပနိုင်ငံသားများ၏ အချက်အလက်များစုဆောင်း၍ ငွေကြေးလိမ်လည်နိုင်ရေးဆောင်ရွက်ရာတွင် အသုံးပြုသည့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ 

ဖမ်းဆီးရမိသော ဇူကျန်း၏ ထွက်ဆိုချက်အရ အင်းစိန်မြို့နယ်၊ ကမ်းနားအလယ်ရပ်ကွက်၊ လှိုင်မြစ်လမ်းရှိ Spring Line ကွန်ဒို၊ (၅)လွှာ၊ အခန်း(၅၀၁)သို့ ဝင်ရောက်ရှာဖွေရာ ကျန်းယွိ (၃၀)နှစ်နှင့် ၎င်း၏ ဖခင် ဦးကျော်ရုံရွှန်းအပါအဝင် အမျိုးသား ၅ ဦး၊ အမျိုးသမီး ၂ ဦး တို့အား ဆက်စပ်ပစ္စည်းများနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ 

ဖော်ထုတ်ရရှိချက်များအရ Supportfix Co.,Ltd အတွက် ဝန်ထမ်းများ ရှာဖွေပေးသူ ကမာရွတ်မြို့နယ်၊ နာနတ်တောလမ်းတွင် နေထိုင်သူ Zhan Tu Co.,Ltd  ပိုင်ရှင် ရန်လုံရှင်းအား သွားရောက်ရှာဖွေရာ ထွက်ပြေးတိမ်းရှောင်သွားသဖြင့် ရုံးခန်းဖွင့်လှစ်ထားသည့် Time City Office Tower (3)၊ (၁၅)လွှာ၊ အခန်းအမှတ်(၁၅၀၂)အား ချိတ်ပိတ် သိမ်းဆည်းခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ဖမ်းဆီးရမိသူ (၉၅) ဦးအား တရားဥပဒေနှင့်အညီ ထိရောက်စွာအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။ 

အဆိုပါအဖွဲ့များအနေဖြင့် ပြည်ပနိုင်ငံသားများထံမှ ငွေကြေးလိမ်လည်ရန်အတွက် ပစ်မှတ်များရှာဖွေပြီး ပစ်မှတ်များ၏ ကိုယ်ရေးအချက်အလက်များရယူရန် ဝန်ထမ်းတစ်ဖွဲ့လျှင် (၁၀) ဦးစီခန့်ဖြင့် (၈) ဖွဲ့ ဖွဲ့၍ Whats App လူမှုကွန်ရက်မှတစ်ဆင့် ဆက်သွယ်ကာ အချက်အလက်များရယူကြောင်း သိရသည်။

ထိုသို့ ရရှိသည့်အချက်အလက်များအား ငွေကြေးလိမ်လည်မည့် အခြားအဖွဲ့များသို့ ပြန်လည်ရောင်းချခြင်းများပြုလုပ်လျက်ရှိကြောင်းသိရသည်။

ပြည်သူများအနေဖြင့် အထက်ပါကဲ့သို့ ငွေကြေးလိမ်လည်နေသည့် အဖွဲ့အစည်းများအားသိရှိပါက သက်ဆိုင်ရာလုံခြုံရေး အဖွဲ့အစည်းများထံ  သတင်းပေးပို့နိုင်ကြောင်း နစကမှ အသိပေးသတင်းထုတ်ပြန်ထားသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

(၂၄) နာရီအတွင်း စိတ်ဝင်စားဖွယ်ရာ ပြည်တွင်း/ပြည်ပသတင်းများ

RELATED POSTS
RECENT POSTS
ရေဘေးသင့်ဒေသရှိ ပြည်သူများအတွက် အော်ပရေတာ(၄)ခုမှ ဖုန်းပြောဆိုခွင့်နှင့် စာတိုပေးပို့ခွင့်များ ထပ်မံတိုးချဲ့ပေးထား
21 Sep 2024
လက်နက်ချအညံ့ခံဖို့ Maoist သူပုန်အဖွဲ့ကို အိန္ဒိယအစိုးရသတိပေး
21 Sep 2024
ရန်ကုန် မှ မန္တလေးအထိ လူစီးနှင့်ကုန်ရထားများ အမြန်ဆုံးပြေးဆွဲနိုင်ရန် အတွက် ပြင်ဆင်ရေးလုပ်ငန်းကို ဆောင်ရွက်နေ
21 Sep 2024
နျူကလီးယားစွန့်ပစ်ပစ္စည်းများနဲ့ပတ်သက်ပြီး ဂျပန်နှင့်တရုတ်တို့ကြား သဘောတူညီချက်တစ်ခုရရှိ
21 Sep 2024
ရွှေ့ပြောင်းမြန်မာအလုပ်သမားများနှင့်ပတ်သက်၍ ထိုင်းတွင် ပွဲဆူနေသည့်အပေါ် ယခင်ထက်ပိုမိုသတိထားနေထိုင်ရန် လိုအပ်လာ
21 Sep 2024
ရန်ကုန်တွင် စက်သုံးဆီ ပြတ်လပ်မှု ထပ်မံဖြစ်ပေါ်နေပြီး ဗဟိုဘဏ်က ဒေါ်လာသန်း (၃ဝ) ရောင်းပေးမည်
20 Sep 2024
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved