Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အစ္စရေး - ပါလက်စတိုင်း နောက်ဆုံးရသတင်း updated (Oct-26 / 6:00 PM)

ဂျန်ဇက် (NSS) - အောက်တိုဘာ ၂၆

ပါလက်စတိုင်း လက်နက်ကိုင်အဖွဲ့ ဟားမက်စ်အဖွဲ့ ဒုတိယခေါင်းဆောင်က အစ္စရေးဟာ ဂါဇာကမ်းမြောင်ဒေသကို မြေပြင်ထိုးစစ်ဆင်နွဲမယ်ဆိုရင် ၎င်းတို့ဟာ မျှော်လင့်မထားတဲ့ ထိခိုက်ဆုံးရှုံးမှုတွေနဲ့ တွေ့ကြုံရမယ်လို့ သတိပေးပြောဆိုလိုက်ပါတယ်။ အစ္စရေးတပ်ဖွဲ့တွေဟာ အောက်တိုဘာလ ၂၅ ရက်က ဂါဇာဒေသနယ်စပ်ကို တင့်ကားတွေနဲ့ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီး မြေပြင်ထိုးစစ်ဆင်နွှဲဖို့ စတင်လိုက်ကြောင်း သိရပါတယ်။ ဟားမက်စ်အဖွဲ့က "ရန်သူတွေဟာ ကျွန်တော်တို့ပိုင်နက် နယ်မြေကို ကျူးကျော်လာပြီဆိုရင်တော့ ကျွန်တော်တို့ပြည်သူတွေအတွက် သမိုင်းစာမျက်နှာအသစ်ဖွင့်လှစ်ရတော့မှာဖြစ်တယ်။ ကျူး ကျော်သူတွေဟာ မျှော်လင့်မထားတဲ့ ထိခိုက်ရှုံးနိမ့်မှုတွေနဲ့တွေ့ကြုံရမယ်"လို့ပြောပါတယ်။


အီဂျစ်နိုင်ငံရှိ ဗြိတိန်တပ်ဖွဲ့တွေဟာ ဂါဇာဒေသကနေ ဗြိတိန်နိုင်ငံသားတွေ ထွက်နိုင်အောင် ကူညီပေးသွားမှာဖြစ်ကြောင်း၊ ဗြိတိန်ဝန်ကြီးချုပ် ဆူနက်က ထုတ် ဖော်ပြောဆိုလိုက်ပါတယ်။ ဗြိတိန်အစိုးရဟာ ဂါဇာဒေသမှာ ပိတ်မိနေတဲ့ ဗြိတိန်နိုင်ငံသားတွေကို မိခင်နိုင်ငံကို အမြန်ဆုံးပြန်ခေါ်ယူနိုင်ဖို့ လုပ်ဆောင်နေပြီး ရာဖယ်နယ်စပ်ဒေသကို ဖြတ်ကျော်နိုင်မယ်ဆိုရင် ဗြိတိန်နိုင်ငံကို ပြန်လည်ခေါ်ယူဖို့ ရာနှုန်းပြည့်သေချာသွားမှာဖြစ်ကြောင်း ဗြိတိန်ဝန်ကြီးချုပ်ကပြောပါတယ်။ 

အစ္စရေးရဲ့ ဗုံးကြဲတိုက်ခိုက်နေမှုများကြောင့် ဂါဇာဒေသမှာဘေးကင်းလုံခြုံသောနေရာမရှိကြောင်း ကုလသမဂ္ဂအဖွဲ့ရဲ့ လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးရေးအဖွဲ့တာဝန်ရှိသူတစ်ဦးက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ အစ္စရေးဟာ  အောက်တိုဘာလ ၇ ရက်နောက်ပိုင်းကတည်းက ဂါဇာဒေသကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ လူပေါင်းသိန်းချီဘေးဒုက္ခတွေရင်ဆိုင်နေရကြောင်း သိရပါတယ်။

အမေရိကန်နိုင်ငံဟာ အစ္စရေးနိုင်ငံကို စိုးရိမ်ကြောင့်ကြမှုမရှိဘဲ ပါလက်စတိုင်း ပြည်သူတွေကိုသတ်ဖြတ်ဖို့ မီးစိမ်းပြထားကြောင်း၊ မြောက်ကိုရီးယားနိုင်ငံခြား ရေးဝန်ကြီးဌာနက ဝေဖန်လိုက်ပါတယ်။ အမေရိကန်အစိုးရဟာ အရှေ့အလယ်ပိုင်းဒေသကို လေယာဉ်တင်သင်္ဘောများ စေလွှတ်ဖြန့်ကြတ်မှုအပါအဝင် အစ္စရေးကို စစ်ရေးအကူအညီများပေးကာ ပါလက်စတိုင်းပြည်သူတွေကို တိုက်ခိုက်ဖို့ မီးစိမ်းပြခဲ့ခြင်းမျိုးဖြစ်ကြောင်း၊ ဂါဇာဒေသအပေါ် ပြုလုပ်နေတဲ့အစ္စရေးရဲ့တိုက်ခိုက်မှုတွေဟာ စစ်ရာဇဝတ်မှုကျူးလွန်ခြင်းမျိုးဖြစ်ကြောင်းမြောက်ကိုရီးယားနိုင်ငံခြား ရေးဝန်ကြီးဌာနက ဆိုပါတယ်။ 

အစ္စရေးနိုင်ငံအနေနဲ့ အမှောင်ကိုခွင်းပြီး အလင်းကိုဆောင်ယူသွားမှာဖြစ်ကြောင်း ဝန်ကြီးချုပ်နေတန်ရာဟုက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ အစ္စရေးဝန်ကြီး ချုပ်က ဂါဇာဒေသရှိ ဟားမက်စ်လက်နက်ကိုင်အဖွဲ့တွေအပေါ် ပြတ်ပြတ်သားသား အနိုင်ယူသွားမှာဖြစ်ကြောင်း ထပ်မံကတိပြုပြောဆိုခဲ့ပါတယ်။ ဟားမက်စ်လက်နက်ကိုင်အုပ်စုတွေကို ငရဲဘုံကို ပို့ပစ်မှာဖြစ်ကြောင်း၊ ဟားမက်စ်အဖွဲ့နဲ့တိုက်ခိုက်နေတဲ့စစ်ပွဲက လူသားအားလုံးအတွက် စမ်းသပ်မှုတစ်ခုဖြစ်ကြောင်းဝန်ကြီးချုပ်နေတန်ရာဟုကပြောပါတယ်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဘဏ္ဍာနှစ် ပထမ(၆)လအတွင်း တရုတ်၊ ထိုင်း၊ စင်ကာပူနိုင်ငံများနှင့် အများဆုံးကုန်သွယ်ထား

RELATED POSTS
RECENT POSTS
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved