အမေရိကန်နိုင်ငံ လီဝစ်စတန်မြို့တွင် သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အနည်းဆုံးလူပေါင်း (၂၂)ဦးသေဆုံး
ဂျန်ဇက် (NSS) - အောက်တိုဘာ ၂၆
အမေရိကန်နိုင်ငံ လီဝစ်စတန်မြို့ရှိဘားတစ်ခုတွင် သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူပေါင်း ၂၂ ဦးသေဆုံးသွားခဲ့ပြီး သေဆုံးသူဦးရေ ထပ်မံမြင့်တက်လာဖွယ်ရှိနေကြောင်း သိရသည်။
ထွက်ပေါ်နေသည့်သတင်းများအရ အဆိုပါပစ်ခတ်မှုကြောင့် သေဆုံးသူအရေ အတွက် ထပ်မံမြင့်တက်လာနိုင်သလို အနည်းဆုံး ၅၀ ဦးဒဏ်ရာရသွားခဲ့ကြောင်းသိရသည်။ ဒဏ်ရာရသူအများစုသည် သေနတ်ပစ်ခတ်မှုကြောင့် ဒဏ်ရာရခြင်းမျိုးမဟုတ်ဘဲ လူနင်းမှုများကြောင့် ဒဏ်ရာရခြင်းဖြစ်ကြောင်း အမေရိကန်အစိုးရတာဝန်ရှိသူများက ပြောသည်။
အမေရိကန် လီဝစ်စတန်မြို့ရဲတပ်ဖွဲ့က ပစ်ခတ်မှုသည် Schemengees Bar ဘားတွင် အောက်တိုဘာလ ၂၅ ရက် ညပိုင်းကဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။ အမေရိကန်ရဲတပ်ဖွဲ့သည် ပစ်ခတ်မှုကျူးလွန်သူအဖြစ် အဓိက သံသယရှိသူ အသက် ၄၀ အရွယ်ရှိ ရောဘတ်ကဒ်ကို လိုက်လံရှာဖွေ လျက်ရှိနေကြောင်းသိရသည်။ ရဲတပ်ဖွဲ့၏အဆိုအရ ရောဘတ်ကဒ်သည် သေနတ်ဖြင့် အန္တရာယ်ရှိသောအလုပ်ကို လုပ်ဆောင်ခဲ့ခြင်းမျိုးဖြစ်ကြောင်း ဆိုသည်။
အဆိုပါ ပစ်ခတ်မှုကျူးလွန်သူသည် ပြီးခဲ့သော ၂၀၂၃ ခုနှစ်နွေရာသီက စိတ်ကျန်းမာရေးဆေးရုံတွင် သီတင်းပတ်နှစ်ပတ်ကြာ ဆေးရုံတက်ကုသခဲ့ရသူဖြစ် ကြောင်းသိရသည်။ အဆိုပါပစ်ခတ်မှုကျူးလွန်သူ ရော့ဘတ်ကဒ်၏ စိတ်ကျန်းမာ ရေးဆေးရုံတွင် တက်ရောက်ကုသခဲ့သောအခြေအနေများနှင့်ပတ်သက်ပြီး အသေးစိတ်ထုတ်ဖော်ပြောဆိုခြင်းမျိုးမရှိခဲ့ကြောင်းသိရသည်။ ရဲတပ်ဖွဲ့သည် ပစ်ခတ်မှုကျူးလွန်ရသည့် အဓိကအကြောင်းအရင်းကို အသေးစိတ်သတင်းထုတ်ပြန်ခြင်းမရှိသော်လည်း ပစ်ခတ်မှုကျူးလွန်သူအဖြစ် အဓိက သံသယရှိသူ ရောဘတ်ကဒ်နှင့်ပတ်သက်ပြီး သတင်းအချက်လက်များကို ပေးပို့အကြောင်းကြားရန်တောင်းဆိုထားကြောင်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အခြေခံလူသုံးကုန်ပစ္စည်းများကို ပြည်တွင်း MSME များမှ လိုအပ်ချက်ပြည့်မီအောင်ထုတ်လုပ်ပြီး ပြည်ပသို့တင်ပို့နိုင်သည်အထိ ဆောင်ရွက်ရန် နစကဒုဥက္ကဋ္ဌ တိုက်တွန်း
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ