ကုလသမဂ္ဂက ဟားမက်စ်လက်နက်ကိုင်အဖွဲ့အတွက်လောင်စာဆီများတောင်းဆိုနေကြောင်း အစ္စရေးစစ်ဘက်ဝေဖန်
ဂျန်ဇက် (NSS) - အောက်တိုဘာ ၂၅
အစ္စရေး စစ်တပ်က ကုလသမဂ္ဂသည် ပါလက်စတိုင်းလက်နက်ကိုင်အဖွဲ့ ဟားမက်စ်အတွက် လောင်စာဆီများရရှိရန်တောင်းဆိုနေကြောင်း ဝေဖန်ပြစ်တင်လိုက်သည်။
အစ္စရေးနိုင်ငံအနေဖြင့် ဂါဇာဒေသကို အစားအစာဖြတ်၊ရေဖြတ်၊ မီးဖြတ်၊ လောင်စာဆီဖြတ်တောက်ထားခြင်းများနှင့်ပတ်သက်ပြီး ဖြေလျော့ပေးရန် ငြင်းဆန်ခဲ့ကြောင်းသိရသည်။ ကုလသမဂ္ဂက ဂါဇာဒေသကိုလောင်စာဆီများ ထပ်မံမရဘူးဆိုလျှင် အကူအညီပေးသည့် လုပ်ငန်းများ၊ ဆေးရုံများရပ်တန့်သွားရဖွယ်ရှိနေကြောင်း ပြီးခဲ့သောရက်ပိုင်းတွင် သတင်းထုတ်ပြန်ထား သည်။
အစ္စရေးစစ်တပ်က ဟားမက်စ် လက်နက်ကိုင်အဖွဲ့သည်ဂါဇာဒသေအတွင်း လောင်စာဆီ လီတာပေါင်း ၅သိန်းကျော်ရှိနေဆဲဖြစ်ကြောင်းပြောသည်။ အစ္စရေးစစ်တပ်က " ကုလသမဂ္ဂဟာ ဟားမက်စ်အဖွဲ့အတွက် တောင်းပေးနေတာလား" ဟုပြောသည်။
အစ္စရေးသည် ဟားမက်စ် နှင့်စစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်းကတည်းက ဂါဇာဒေသကိုဝန်းရံပိတ်ဆို့ခဲ့ရာ အီဂျစ်နှင့်ဂါဇာနယ်စပ်ဒေသ ရာဖယ်သည် ဂါဇာဒေသအတွက် အဓိကဝင်ပေါက်ထွက်ပေါက်နေရာဖြစ်လာခဲ့ကြောင်းသိရသည်။ ကုလသမဂ္ဂအပါအဝင်နိုင်ငံတကာအဖွဲ့အစည်းများသည် ဂါဇာဒေသကို လူသားချင်းဆိုင်ရာစာနာမှုအကူအညီများပေးနိုင်ရန်အတွက် အစ္စရေး၊ အီဂျစ်နိုင်ငံတို့နှင့်ဆွေးနွေးခဲ့ရာ အစ္စရေးသည် ဂါဇာဒေသကို အစားအစာ၊ ရေ၊ ဆေးဝါးများကို အောက်တိုဘာလ ၂၁ရက်နောက်ပိုင်းကတည်းက တင်ပို့ခွင့်ပေးခဲ့ကြောင်းသိရသည်။
သို့သော်လည်း အစ္စရေးသည်ဂါဇာဒေသကို လောင်စာဆီများတင်သွင်းခြင်းကို ခွင့်မပြုခဲ့ကြောင်းသိရသည်။အစ္စရေးသည် လောင်စာဆီများကို ဟားမက်စ်အဖွဲ့လက်ထဲထံရောက်ရှိသွားမည်ကို စိုးရိမ်နေကြောင်းသိရသည်။
အမေရိကန်အစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကီဘိုင်က "အစ္စရေးဟာ လောင်စာဆီတွေကိုတင်သွင်းခွင့်ပေးချိန်မှာအဲဒီလောင်စာဆီတွေ ဟားမက်စ်လက်ထဲရောက်ရှိမှာ စိုးရိမ်နေတယ်။ ဂါဇာဒေသခံတွေဟာ လောင်စာဆီတွေလိုအပ်နေမယ်ဆိုတာ လက်ခံပါတယ်" ဟုပြောသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ကင်းမြို့၌ မိုးသည်းထန်စွာရွာသွန်းချိန်တွင် အသက် (၁၄)နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ချောင်းအတွင်းပြုတ်ကျသေဆုံး
RELATED POSTS
21 Sep 2024 | အထွေထွေ,နိုင်ငံတကာ
20 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း