Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ရွေးကောက်ပွဲကို ပါတီများက ဆုံးဖြတ်ရမည်ဖြစ်ပြီး ၎င်းအပေါ် ထောက်ခံခြင်း၊ ကန့်ကွက်ခြင်းနှင့်ပတ်သက်၍ တစ်စုံတစ်ရာပြောစရာမရှိဟု ULA/AA ဆို

မျိုးကြီး (NP News) - ဖေဖော်ဝါရီ ၂၇

ရွေးကောက်ပွဲ ဝင်ခြင်း၊ မဝင်ခြင်းမှာ ပါတီများကသာ ဆုံးဖြတ်ရမည်ဖြစ်ပြီး ၎င်းအပေါ် ထောက်ခံခြင်း၊ ကန့်ကွက်ခြင်းနှင့် ပတ်သက်၍ တစ်စုံတစ်ရာပြောစရာမရှိကြောင်း ULA/AA က ပြောဆိုထားသည်။

ရခိုင်လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သည့် ULA/AA က ယနေ့(ဖေဖော်ဝါရီလ ၂၇ ရက်)တွင် ပြုလုပ်သည့်သတင်းစာရှင်လင်းပွဲ၌ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက အထက်ပါကဲ့သို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ် သည်။

ပြီးခဲ့သော အတွေ့အကြုံများအရ ရွေးကောက်ပွဲသည် ရခိုင်ပြည်သူများ၏ ဘဝဖြစ်ပေါ်ပြောင်းလဲမှု၊ တိုး တက်မှုကို တစ်စုံတစ်ရာအထောက်အပံ့ပြုခဲ့ခြင်းမျိုး မတွေ့ရကြောင်း ဦးခိုင်သုခက ဝေဖန်ထားသည်။

“ရွေးကောက်ပွဲ ဝင်ခြင်း၊ မဝင်ခြင်းကတော့ ယင်းရွေးကောက်ပွဲမှာပါဖို့ ပါတီတွေက ဆုံးဖြတ်ရမယ့်ကိစ္စဖြစ်ပါတယ်။ လွန်ခဲ့တဲ့ အတွေ့အကြုံတွေအရ ဒီရွေးကောက်ပွဲဆိုတာ ရခိုင်ပြည်သူတွေ ဘဝဖြစ်ပေါ်ပြောင်းလဲမှု၊ တိုးတက်မှုတွေကို တစ်စုံတစ်ရာ အထောက်အပံ့ဖြစ်ခဲ့တာကို မတွေ့ရပါ။ ယင်းအတွက်နဲ့ ပြည်သူတွေက စိတ်ကုန်နေတယ်ဆိုတာကို တွေ့ရပါတယ်။ ယင်းကြောင့် ကျွန်တော်တို့အနေနဲ့ ထောက်ခံခြင်း၊ ကန့် ကွက်ခြင်းနဲ့ပတ်သက်ပြီး တစ်စုံတစ်ရာ ပြောစရာမရှိပါ” ဟု ULA/AA ပြောခွင့်ရ ဦးခိုင်သုခက ပြောသည်။

သို့သော် ရွေးကောက်ပွဲသည် ပြည်သူများ၏ ဆန္ဒကို ခံယူခြင်းဖြစ်သည့်အတွက် ၎င်းတို့၏ဆန္ဒရှိရန် အဓိကအထူးလိုအပ်ကြောင်းလည်း ၎င်းက ဆက်လက်မှတ်ချက်ပြုထားသည်။

“ပြည်သူတွေက ထောက်ခံနေသောအခါ ရွေးကောက်ပွဲဆိုတာဖြစ်ပါတယ်။ ပြည်သူတွေ မထောက်ခံသောအခါ ရွေးကောက်ပွဲဆိုတာ အလဟသပါ။ တရားဝင်မှုလည်းရှိမည် မဟုတ်ပါ။ ယင်းကြောင့် ကျွန် တော်တို့ ULA/AA အနေနဲ့ ပြောရဖို့ဆိုရင် ဒီရွေးကောက်ပွဲက ကျွန်တော်တို့ ရခိုင်တစ်မျိုးသားလုံးရဲ့ အခြေခံပြဿနာကို ဖြေရှင်းနိုင်တဲ့ နည်းလမ်းလို့ ကျွန်တော်တို့ မယူဆတဲ့အတွက်ကြောင့် လက်နက်ကိုင်တော်လှန်ရေးကို ကျွန်တော်တို့ လုပ်နေတာဖြစ်တယ်လို့ ဖြေကြားလိုပါတယ်” ဟု ဦးခိုင်သုခက ဆက်လက်ပြောဆိုထားသည်။

လက်ရှိတွင် နိုင်ငံတော်အာဏာရယူထားသည့် နစကအနေဖြင့် တစ်နိုင်ငံလုံး၌ အထွေထွေရွေးကောက်ပွဲကို အချိုးကျကိုယ်စားပြုစနစ်(PR)ဖြင့် ကျင်းပရန်အတွက် ကြိုးပမ်းလျက်ရှိနေသည်။

ထို့ပြင် ပြီးခဲ့သောရက်ပိုင်းများအတွင်းက နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများကို နစက မှ ပြဋ္ဌာန်းကြေညာခဲ့ပြီးနောက် လက်ရှိတွင် နိုင်ငံရေးပါတီများအနေဖြင့် ရွေးကောက်ပွဲကော်မရှင်၌ မှတ်ပုံတင်ပြန်လည်လျှောက်ထားမှုများ ပြုလုပ်လျက်ရှိသည်။

ရခိုင်ပြည်နယ်တွင် လူသိများထင်ရှားသည့် ဒေါက်တာအေးမောင် ဦးဆောင်သော ရခိုင့်ဦးဆောင်ပါတီ (AFP)အနေဖြင့် မှတ်ပုံတင်ပြန်လည်လျှောက်ထားရန် ပြင်ဆင်လျက်ရှိပြီး ပြည်နယ်အခြေစိုက်ပါတီအဖြစ် ရပ်တည်သွားမည်ဖြစ်ကြောင်း ပြောဆိုထားသည်။

ရခိုင်ပြည်နယ်၌ နောက်ထပ်လူသိများသည့် ပါတီတစ်ခုဖြစ်သော ရခိုင်အမျိုးသားပါတီအနေဖြင့် ရွေး ကောက်ပွဲကော်မရှင်၌ ပါတီမှတ်ပုံတင်ပြန်လည်လျှောက်ထားရေးကိစ္စနှင့်ပတ်သက်၍ မဆုံးဖြတ်ရသေးကြောင်း ပါတီဥက္ကဋ္ဌဖြစ်သူ ဦးသာထွန်းလှက ပြီးခဲ့သောရက်ပိုင်းများအတွင်းက ပြောဆိုထားသည်။

zawgyi version

ေ႐ြးေကာက္ပြဲကို ပါတီမ်ားက ဆုံးျဖတ္ရမည္ျဖစ္ၿပီး ၎အေပၚ ေထာက္ခံျခင္း၊ ကန႔္ကြက္ျခင္းႏွင့္ပတ္သက္၍ တစ္စုံတစ္ရာေျပာစရာမရွိဟု ULA/AA ဆို

မ်ိဳးႀကီး (NP News) - ေဖေဖာ္ဝါရီ ၂၇

ေ႐ြးေကာက္ပြဲ ဝင္ျခင္း၊ မဝင္ျခင္းမွာ ပါတီမ်ားကသာ ဆုံးျဖတ္ရမည္ျဖစ္ၿပီး ၎အေပၚ ေထာက္ခံျခင္း၊ ကန႔္ကြက္ျခင္းႏွင့္ ပတ္သက္၍ တစ္စုံတစ္ရာေျပာစရာမရွိေၾကာင္း ULA/AA က ေျပာဆိုထားသည္။

ရခိုင္လက္နက္ကိုင္အဖြဲ႕တစ္ခုျဖစ္သည့္ ULA/AA က ယေန႔(ေဖေဖာ္ဝါရီလ ၂၇ ရက္)တြင္ ျပဳလုပ္သည့္သတင္းစာရွင္လင္းပြဲ၌ ေျပာေရးဆိုခြင့္ရွိသူ ဦးခိုင္သုခက အထက္ပါကဲ့သို႔ ထည့္သြင္းေျပာဆိုခဲ့ျခင္းျဖစ္ သည္။

ၿပီးခဲ့ေသာ အေတြ႕အႀကဳံမ်ားအရ ေ႐ြးေကာက္ပြဲသည္ ရခိုင္ျပည္သူမ်ား၏ ဘဝျဖစ္ေပၚေျပာင္းလဲမႈ၊ တိုး တက္မႈကို တစ္စုံတစ္ရာအေထာက္အပံ့ျပဳခဲ့ျခင္းမ်ိဳး မေတြ႕ရေၾကာင္း ဦးခိုင္သုခက ေဝဖန္ထားသည္။

“ေ႐ြးေကာက္ပြဲ ဝင္ျခင္း၊ မဝင္ျခင္းကေတာ့ ယင္းေ႐ြးေကာက္ပြဲမွာပါဖို႔ ပါတီေတြက ဆုံးျဖတ္ရမယ့္ကိစၥျဖစ္ပါတယ္။ လြန္ခဲ့တဲ့ အေတြ႕အႀကဳံေတြအရ ဒီေ႐ြးေကာက္ပြဲဆိုတာ ရခိုင္ျပည္သူေတြ ဘဝျဖစ္ေပၚေျပာင္းလဲမႈ၊ တိုးတက္မႈေတြကို တစ္စုံတစ္ရာ အေထာက္အပံ့ျဖစ္ခဲ့တာကို မေတြ႕ရပါ။ ယင္းအတြက္နဲ႔ ျပည္သူေတြက စိတ္ကုန္ေနတယ္ဆိုတာကို ေတြ႕ရပါတယ္။ ယင္းေၾကာင့္ ကြၽန္ေတာ္တို႔အေနနဲ႔ ေထာက္ခံျခင္း၊ ကန႔္ ကြက္ျခင္းနဲ႔ပတ္သက္ၿပီး တစ္စုံတစ္ရာ ေျပာစရာမရွိပါ” ဟု ULA/AA ေျပာခြင့္ရ ဦးခိုင္သုခက ေျပာသည္။

သို႔ေသာ္ ေ႐ြးေကာက္ပြဲသည္ ျပည္သူမ်ား၏ ဆႏၵကို ခံယူျခင္းျဖစ္သည့္အတြက္ ၎တို႔၏ဆႏၵရွိရန္ အဓိကအထူးလိုအပ္ေၾကာင္းလည္း ၎က ဆက္လက္မွတ္ခ်က္ျပဳထားသည္။

“ျပည္သူေတြက ေထာက္ခံေနေသာအခါ ေ႐ြးေကာက္ပြဲဆိုတာျဖစ္ပါတယ္။ ျပည္သူေတြ မေထာက္ခံေသာအခါ ေ႐ြးေကာက္ပြဲဆိုတာ အလဟသပါ။ တရားဝင္မႈလည္းရွိမည္ မဟုတ္ပါ။ ယင္းေၾကာင့္ ကြၽန္ ေတာ္တို႔ ULA/AA အေနနဲ႔ ေျပာရဖို႔ဆိုရင္ ဒီေ႐ြးေကာက္ပြဲက ကြၽန္ေတာ္တို႔ ရခိုင္တစ္မ်ိဳးသားလုံးရဲ႕ အေျခခံျပႆနာကို ေျဖရွင္းႏိုင္တဲ့ နည္းလမ္းလို႔ ကြၽန္ေတာ္တို႔ မယူဆတဲ့အတြက္ေၾကာင့္ လက္နက္ကိုင္ေတာ္လွန္ေရးကို ကြၽန္ေတာ္တို႔ လုပ္ေနတာျဖစ္တယ္လို႔ ေျဖၾကားလိုပါတယ္” ဟု ဦးခိုင္သုခက ဆက္လက္ေျပာဆိုထားသည္။

လက္ရွိတြင္ ႏိုင္ငံေတာ္အာဏာရယူထားသည့္ နစကအေနျဖင့္ တစ္ႏိုင္ငံလုံး၌ အေထြေထြေ႐ြးေကာက္ပြဲကို အခ်ိဳးက်ကိုယ္စားျပဳစနစ္(PR)ျဖင့္ က်င္းပရန္အတြက္ ႀကိဳးပမ္းလ်က္ရွိေနသည္။

ထို႔ျပင္ ၿပီးခဲ့ေသာရက္ပိုင္းမ်ားအတြင္းက ႏိုင္ငံေရးပါတီမ်ားမွတ္ပုံတင္ျခင္းဥပေဒ၊ နည္းဥပေဒမ်ားကို နစက မွ ျပ႒ာန္းေၾကညာခဲ့ၿပီးေနာက္ လက္ရွိတြင္ ႏိုင္ငံေရးပါတီမ်ားအေနျဖင့္ ေ႐ြးေကာက္ပြဲေကာ္မရွင္၌ မွတ္ပုံတင္ျပန္လည္ေလွ်ာက္ထားမႈမ်ား ျပဳလုပ္လ်က္ရွိသည္။

ရခိုင္ျပည္နယ္တြင္ လူသိမ်ားထင္ရွားသည့္ ေဒါက္တာေအးေမာင္ ဦးေဆာင္ေသာ ရခိုင့္ဦးေဆာင္ပါတီ (AFP)အေနျဖင့္ မွတ္ပုံတင္ျပန္လည္ေလွ်ာက္ထားရန္ ျပင္ဆင္လ်က္ရွိၿပီး ျပည္နယ္အေျခစိုက္ပါတီအျဖစ္ ရပ္တည္သြားမည္ျဖစ္ေၾကာင္း ေျပာဆိုထားသည္။

ရခိုင္ျပည္နယ္၌ ေနာက္ထပ္လူသိမ်ားသည့္ ပါတီတစ္ခုျဖစ္ေသာ ရခိုင္အမ်ိဳးသားပါတီအေနျဖင့္ ေ႐ြး ေကာက္ပြဲေကာ္မရွင္၌ ပါတီမွတ္ပုံတင္ျပန္လည္ေလွ်ာက္ထားေရးကိစၥႏွင့္ပတ္သက္၍ မဆုံးျဖတ္ရေသးေၾကာင္း ပါတီဥကၠ႒ျဖစ္သူ ဦးသာထြန္းလွက ၿပီးခဲ့ေသာရက္ပိုင္းမ်ားအတြင္းက ေျပာဆိုထားသည္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

နိုင်ငံကူးလက်မှတ်လျှောက်ထားမှုအတွက် အွန်လိုင်းစနစ် ပြန်လည်ဖွင့်လှစ်ချိန်တွင် အဖွဲ့လိုက်ပူးတွဲလျှောက်ထားခဲ့သူများအနက် ရက်ချိန်းမရရှိသေးသူများကို ဦးစားပေးဆောင်ရွက်ပေးမည်

RECENT POSTS
မြောက်ကိုရီးယားက တာတိုပစ်ပဲ့ထိန်းဒုံးကျည်တွေကို ထပ်မံစမ်းသပ်ပစ်လွှတ်
18 Sep 2024
နေပြည်တော်တွင် အလှူရှင်များက လှူဒါန်းထားသော အစားအသောက်များကိုစားပြီးနောက် လူပေါင်း(၁၀၀)ကျော် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ဟု နစက ထုတ်ပြန်
18 Sep 2024
ယီမင်မှနေ၍ အစ္စရေးကို ဟိုက်ပါဆောနစ်ဒုံးကျည်သစ်များဖြင့် ပစ်ခတ်ခဲ့ဟု ဟူသီတို့ ပြော
18 Sep 2024
မြစ်သားမြို့နယ်တွင် သံဃာတော်တစ်ပါးကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်၍ ဆိုင်ကယ်၊ ဖုန်း နှင့် ငွေကြေးများ လုယက်ယူဆောင်
18 Sep 2024
စစ်ကိုင်းတွင် ယာခင်းများသို့ တောင်ယာလုပ်ကိုင်ရန်သွားသော ရွာသူရွာသားများကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ရာ (၁၅)ဦးပွဲချင်း ပြီး သေဆုံး
18 Sep 2024
လားရှိုးမြို့ ပြန်တစ်ဦးရဲ့ ရက်(၂၀)ကျော် အတွေ့အကြုံ (အင်တာဗျူး)
18 Sep 2024
မြန်မာ-ထိုင်းနယ်စပ် ဘုရားသုံးဆူမြို့တွင် တရုတ်နိုင်ငံသားများက မတန်တ ဆဈေးပေးပြီး နှစ်ရှည်အိမ်ငှားရမ်းမှုများ ရှိနေ
18 Sep 2024
အခြေခံဥပဒေပါ အရေးကြီးပုဒ်မများကို ပြင်ဆင်ရန် နိုင်ငံရေးပါတီများ အစုအဖွဲ့နှင့် နစကတို့ကြား သဘောတူထား
18 Sep 2024
ပြည်ပသို့ တရားမဝင် သွားသည့် အိမ်အကူများထဲမှ အချို့ အာဖရိကတိုက်အထိပင် ပို့ဆောင်ခံရခြင်းများ ရှိနေ
18 Sep 2024
ရေဘေးသင့်ပြည်သူများအတွက် အိန္ဒိယနိုင်ငံမှ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးပစ္စည်း စုစုပေါင်းတန်ချိန်(၅၃)တန် လှူဒါန်း
18 Sep 2024
စစ်၏အနိဋ္ဌာရုံများကို သိလာသောကြောင့် စစ်မရောက်သေးသော မြို့များတွင် နေထိုင်သူများက စစ်ရောက်မည်ကို စိုးရိမ်မှုများ တိုးလာ
18 Sep 2024
ဇင်ဘာဘွေနိုင်ငံမှာ ငတ်မွတ်နေတဲ့ ပြည်သူတွေကို အစားအစာ ကျွေးမွေးနိုင်ဖို့ ဆင်ကောင်ရေ (၂၀၀)ကို သတ်ဖြတ်ခွင့်ပြု
18 Sep 2024
မကာအိုမှာ အခန်းတွင်း ဆေးလိပ်သောက်ခြင်းကြောင့် K Pop အဆိုတော် ဘဲ့ဟွန်းရဲ့ အေဂျင်စီ တောင်းပန်ခဲ့ရ
18 Sep 2024
CB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်းCB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်း
17 Sep 2024
နိုင်ငံတစ်ဝန်းရေကြီးရေလျှံမှုကြောင့် သေဆုံးသူ(၂၂၆)ဦးအထိ ရှိလာဟု နစကထုတ်ပြန်
17 Sep 2024
ထိုင်ဝမ်ကို အမေရိကန်ဒေါ်လာ(၂၂၈)သန်းတန်ဖိုးရှိ စစ်ဘက်ဆိုင်ရာအပိုပစ္စည်းတွေ ရောင်းချပေးဖို့ အမေရိကန်အစိုးရအတည်ပြု
17 Sep 2024
ဂါဇာမှာ ကာလရှည်ကြာစစ်ပွဲဖြစ်ပွားဖို့အတွက် အရင်းအမြစ်တွေလုံလုံလောက်လောက်ရှိတယ်လို့ ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ပြော
17 Sep 2024
တရုတ်နှင့်ဖြစ်ပွားနေသည့် နယ်စပ်အငြင်းပွားမှုပြဿနာများ၏(၇၅)ရာခိုင်နှုန်းခန့်ကို ဖြေရှင်းပြီးကြောင်း အိန္ဒိယအစိုးရပြော
17 Sep 2024
နေတိုးအဖွဲ့အတွက် သတိပေးချက်အသစ်ကို ရုရှားသမ္မတပူတင် ထုတ်ပြန်
17 Sep 2024
BRICS အဖွဲ့သို့ ဝင်ရောက်ရန် အာဆီယံ နှင့် ကမ္ဘာ့နိုင်ငံပေါင်း (၃၄)နိုင်ငံစိတ်ဝင်စားဟု ရုရှားသမ္မတပြော
17 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved