အောင်မြေသာစံမြို့နယ်၌ ဝါယာကြိုးခိုးဖြတ်သည်ဟု ယူဆရသည့် အမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံး
စော (NSS) - အောက်တိုဘာ ၂၄
မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်တွင် ဝါယာကြိုးခိုးဖြတ်သည့်ဟု ယူဆရသည့် အမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံးခဲ့ကြောင်းသိရသည်။
အဆိုပါ အမျိုးသားအား ယနေ့(အောက်တိုဘာလ ၂၄ ရက်)၊ နံနက် (၇)နာရီခွဲဝန်းကျင်အချိန်တွင် ရေမြောင်းအတွင်း၌ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း နန်းတော်ရှေ့ လူမှုကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။
“ရေမြောင်းထဲပြုတ်ကျပြီးဆုံးနေတာပါ။ သူဆီမှာ ဓားတွေ၊ ပလာယာတွေပါတယ်။ ဘယ်ချိန်ထဲက ဆုံးနေတာလဲတော့ မသိဘူး။ ဒီနေ့မနက်ကမှ သိရတာပါ”ဟု နန်းတော်ရှေ့ လူမှုကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
သေဆုံးသူအမျိုးသားသည် အသက်(၂၀)ဝန်းကျင်ရှိပြီး မန္တလေးပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။
လက်ရှိတွင် အဆိုပါအမျိုးသားနှင့်ပတ်သက်၍ မည်သည့်အချက်အလက်ကိုမျှ မသိရသေးကြောင်း ၎င်းကဆက်လက်ပြောသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ခရီးသည်နှင့်ကုန်စည်ရရှိမှုအပေါ်မူတည်ပြီး တောင်ကြီး-ရွှေညောင်ရထား၊ တောင်ကြီး-ပင်းပက်-ဆိုက်ခေါင် ရထားများကို ပြေးဆွဲသွားမည်
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ