Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့က မုန်တိုင်း ဟမွန်းနဲ့ပတ်သက်ပြီး ပြင်ဆင်မှုတွေ ပြုလုပ်ထား

ဂျန်ဇက် (NSS) - အောက်တိုဘာ ၂၄

ရခိုင်ပြည်နယ်အစိုးအဖွဲ့ဟာ ဆိုင်ကလုန်းမုန်တိုင်း ဟမွန်းနဲ့ပတ်သက်ပြီး ဖြစ်လာနိုင်ဖွယ်ရှိနေတဲ့  သက်ရောက်မှုများအတွက် ကြိုတင်ပြင်ဆင်မှုများလုပ်ဆောင်နေကြောင်းသိရပါတယ်။


မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုးဦးစီးဌာနရဲ့ အောက်တိုဘာလ ၂၄ရက်၊ နံနက် ၈ နာရီခွဲတိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အနောက် မြောက်ပိုင်း၊ ယင်းနှင့်ဆက်စပ်လျက်ရှိနေတဲ့ ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ဆိုင်ကလုန်းမုန်တိုင်းဟမွန်းဟာ အရှေ့မြောက်ဘက်ကိုဦးတည်ရွေ့လျားခဲ့ပြီး ပိုမိုအားကောင်းလာကာ ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းမှာအားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းဟမွန်းအဖြစ်သို့ရောက်ရှိခဲ့ကြောင်း သိရပါတယ်။

မုန်တိုင်းဟာ မြန်မာနိုင်ငံ၊ သံတွဲမြို့ရဲ့အနောက် - အနောက်မြောက်ဘက် ရေမိုင် (၃၄၀)မိုင်ခန့်၊ စစ်တွေမြို့ရဲ့ အနောက် - အနောက်တောင်ဘက်ရေမိုင် (၂၆၀)မိုင်ခန့်၊ မောင်တောမြို့ရဲ့အနောက် -အနောက်တောင်ဘက် ရေမိုင် (၂၄၀)မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ပါရာဒစ်မြို့ရဲ့အရှေ့-အရှေ့တောင်ဘက် ရေမိုင် (၁၁၅)မိုင်ခန့်၊ ဒီဂါမြို့ရဲ့ တောင်-အရှေ့တောင်ဘက် ရေမိုင် (၁၄၅) မိုင်ခန့် နဲ့ဘင်္ဂလားဒေရှ့်နိုင်ငံ၊ ခီပူပါရာမြို့ရဲ့ တောင်- အနောက်တောင်ဘက် ရေမိုင်(၁၉၀)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ဖော်ပြချက်အရသိရပါတယ်။

“အရှေ့-မြောက်ကို ဆက်ပြီးရွေ့နေတယ်။ လက်ရှိအနေအထားက အားအလွန်ကောင်းတဲ့ဆိုင်ကလုန်းပေါ့။ မုန်တိုင်းက ဘင်္ဂလားဒေ့ရှ်ကိုဝင်မှာပဲ သို့သော် ဆိုင်ကလုန်းမုန်တိုင်း အဝင်းအဝိုင်းကတော့ ရခိုင်ကမ်းရိုးတန်း မြောက်ပိုင်းကို သက်ရောက်နိုင်တဲ့အခြေအနေရှိတယ်။ မုန်တိုင်းက ကိုယ့်ဒေသကို တိုက်ရိုက်ဖြတ်တာမဟုတ်တဲ့အတွက်ကြောင့် လေတိုက်နှုန်းကတော့ နည်းနည်းတော့လျော့မယ်။ မိုးသည်းထန်စွာရွာတာက ရခိုင်(မြောက်ပိုင်း)တို့၊ ချင်းတို့၊ မကွေးတို့၊ မန္တလေးတို့မှာ ရှိမယ်။ လာမယ့် (၂၅)ညနေပိုင်းလောက်မှာတော့ ဘင်္ဂလားဒေ့ရှ်ကိုဖြတ်နိုင်တယ်။ မုန်တိုင်းက ကုန်းပေါ်ရောက်တာနဲ့ အားကတဖြည်းဖြည်း‌လျော့သွားမယ်။ အားလျော့သွားတာနဲ့ မုန်တိုင်းအကြွင်းအကျန်၊ လေပွေလှိုင်းတွေ တိမ်တိုက်တွေကြောင့်  (၂၆)၊ (၂၇)ရက်အထိတော့ မိုးရွာတွေ ဆက်ရှိနေမယ်”ဟု မိုးဇလမှ ညွှန်ကြားရေးမှူး ဦးလှထွန်းက NP News ကိုပြောသည်။

ဆိုင်ကလုန်းမုန်တိုင်းဟမွန်းကြောင့် မြန်မာနိုင်ငံမှာသက်ရောက်မှုများရှိလာနိုင်ပြီး ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်တို့မှာလည်း မိုးရွာသွန်းခြင်း၊ လျှပ်စီးမိုးကြိုးပစ်ခြင်းများ ဖြစ်လာနိုင်ဖွယ်ရှိနေကြောင်းသိရပါတယ်။ ဒါ့ပြင် နေပြည်တော်၊ စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ရှမ်းပြည်နယ် နဲ့ အခြားပြည်နယ်နှင့်တိုင်းတွေမှာလည်း မိုးရွာသွန်းမှုများဖြစ်လာနိုင်ဖွယ်ရှိနေကြောင်း ခန့်မှန်းမှုတွေရှိနေပါတယ်။

ရခိုင်ပြည်နယ်မြောက်ဦး၊ စစ်တွေ၊ ကျောက်တော်မြို့နဲ့မြောက်ဦးမြို့နယ်အပြင် ချင်းပြည်နယ်မင်းတပ်၊ ဟားခါးမြို့နဲ့ ဖလမ်းမြို့တွေမှာလည်း မုန်တိုင်းကြောင့် သစ်ပင်ငယ်များ၊ သစ်ပင်ကြီးများ ပြိုလဲနိုင်ကြောင်း အာဆီယံအဖွဲ့၏ သဘောဝဘေးအန္တရာယ်စောင့်ကြည့်တုံ့ပြန်ရေးစနစ် ASEAN DMRS ကဆိုပါတယ်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အောင်မြေသာစံမြို့နယ်၌ ဝါယာကြိုးခိုးဖြတ်သည်ဟု ယူဆရသည့် အမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံး

RECENT POSTS
လက်နက်ချအညံ့ခံဖို့ Maoist သူပုန်အဖွဲ့ကို အိန္ဒိယအစိုးရသတိပေး
21 Sep 2024
ရန်ကုန် မှ မန္တလေးအထိ လူစီးနှင့်ကုန်ရထားများ အမြန်ဆုံးပြေးဆွဲနိုင်ရန် အတွက် ပြင်ဆင်ရေးလုပ်ငန်းကို ဆောင်ရွက်နေ
21 Sep 2024
နျူကလီးယားစွန့်ပစ်ပစ္စည်းများနဲ့ပတ်သက်ပြီး ဂျပန်နှင့်တရုတ်တို့ကြား သဘောတူညီချက်တစ်ခုရရှိ
21 Sep 2024
ရွှေ့ပြောင်းမြန်မာအလုပ်သမားများနှင့်ပတ်သက်၍ ထိုင်းတွင် ပွဲဆူနေသည့်အပေါ် ယခင်ထက်ပိုမိုသတိထားနေထိုင်ရန် လိုအပ်လာ
21 Sep 2024
ရန်ကုန်တွင် စက်သုံးဆီ ပြတ်လပ်မှု ထပ်မံဖြစ်ပေါ်နေပြီး ဗဟိုဘဏ်က ဒေါ်လာသန်း (၃ဝ) ရောင်းပေးမည်
20 Sep 2024
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved