ဟားမက်စ်ခေါင်းဆောင်တစ်ဦးကို အစ္စရေးတို့ လုပ်ကြံသတ်ဖြတ်ခဲ့ကြောင်း ဟားမက်စ်အဖွဲ့ စွပ်စွဲ
ဂျန်ဇက် (NSS) - အောက်တိုဘာ ၂၄
ပါလက်စတိုင်း လက်နက်ကိုင်အဖွဲ့ဟားမက်စ်သည် အစ္စရေးအကျဉ်းထောင်ထဲတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသော ဟားမက်စ်အဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်သူ Omar Daraghmeh ကိုလုပ်ကြံသတ်ဖြတ်ခဲ့ကြောင်း စွပ်စွဲပြောဆိုလိုက်သည်။
ဟားမက်စ်အဖွဲ့က အသက် ၅၈ နှစ်အရွယ်ရှိ Omar Daraghmeh သည် အနောက်ဘက်ကမ်းခြေဒေသ ၏ မြောက်ပိုင်းတွင်ရှိနေသည့် တူဘတ်စ်မြို့၏ခေါင်းဆောင်တစ်ဦးဖြစ်ကြောင်းပြောသည်။ ၎င်းသေ ဆုံးမှုသည် အစ္စရေးတို့၏ လုပ်ကြံသတ်ဖြတ်မှုများကြောင့်ဖြစ်ကြောင်း ဟားမက်စ်အဖွဲ့က သတင်းထုတ်ပြန်ထားသည်။ အစ္စရေးအကျဉ်းဦးစီးဌာနကတော့ ၁၉၆၅ ခုနှစ်တွင် မွေးဖွားသော Omar Daraghmeh သည် အကျဉ်းထောင်အတွင်းဖမ်းဆီးထိန်းသိမ်းခံထားရချိန် ကျန်းမာရေးမကောင်းတဲ့အတွက် သေဆုံးသွားခဲ့ကြောင်း အောက်တိုဘာလ ၂၃ ရက်က သတင်းထုတ်ပြန်ထားသည်။
အစ္စရေးအကျဉ်းဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အဆိုပါ Omar Daraghmeh သေဆုံးမှုနှင့်ပတ်သက်ပြီး ဟားမက်စ်အဖွဲ့၏ စွပ်စွဲပြောဆိုချက်များကို တုံ့ပြန်ပြောဆိုခြင်းမရှိကြောင်းသိရသည်။ ဟားမက်စ်အဖွဲ့သည် အောက်တိုဘာလ ၇ ရက်က ပြန်ပေးဆွဲထားသော လူပေါင်း ၂၀၀ ကျော်ကို ပြန်လွှတ်ပေးစေလိုလျှင် အစ္စရေးအကျဉ်းထောင်အတွင်း ထိန်းသိမ်းခံထားရသော ပါလက်စတိုင်းများကို လည်း ပြန်လွှတ်ပေးရမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။ အစ္စရေးနှင့်ဟားမက်စ်တို့သည်အောက်တိုဘာလ ၇ ရက်တွင် နှစ်ဖက်စစ်ပွဲစတင်ခဲ့ပြီးနောက် ဂါဇာဒေသကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာပါလက်စတိုင်းလူမျိုးအနည်းဆုံး ၄၀၀၀ နီးပါးသေဆုံးထားကြောင်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ထားဝယ်မြို့ရှိ ဈေးတစ်ခုအတွင်းသို့ Drop ဗုံးများ ပစ်ချတိုက်ခိုက်မှုကြောင့် ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိ
RELATED POSTS
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ