မြန်မာ အပါအဝင် နိုင်ငံပေါင်း(၁၈)နိုင်ငံတွင် စစ်ဘက်ဆိုင်ရာထောက်ပံ့ရေးဌာနများ ဖြန့်ကျက်ရန် တရုတ်စစ်တပ် စီစဉ်နေဟု ပင်တဂွန်စစ်ဌာနချုပ် ဖော်ပြ
Pika (NSS) - အောက်တိုဘာ ၂၃
တရုတ်နိုင်ငံသည် ကမ္ဘာတစ်ဝန်းတွင် ၎င်း၏ စစ်အခြေစိုက်စခန်းများကို ပိုမိုချဲ့ထွင်ရန် ကြိုးပမ်းနေကြောင်း အမေရိကန်စစ်ဌာနချုပ်ပင်တဂွန်၏ နောက်ဆုံးထုတ်ပြန်ထားသော အစီရင်ခံစာအရ သိရသည်။
တရုတ်နိုင်ငံသည် Djibouti နိုင်ငံနှင့် ကမ္ဘောဒီးယား၏ Ream ရေတပ်အခြေစိုက်စခန်းအပြင် အခြားနိုင်ငံ (၁၈)နိုင်ငံ ကို တရုတ်စစ်တပ်အတွက် စစ်ဘက်ဆိုင်ရာထောက်ပံ့ရေးဌာနများ၏ တည်နေရာအဖြစ် သတ်မှတ်ထားကြောင်း အဆိုပါအစီရင်ခံစာထဲတွင် ဖော်ပြထားသည်။
ထို့အပြင် စစ်ဆင်ရေးလိုအပ်ချက်များရှိပါက တရုတ်စစ်တပ်ကို စစ်ရေးအရ ဝင်ရောက်ခွင့်ပေးမည့် ပြည်ပနိုင်ငံများ ရှိနေပြီး အဆိုပါပြည်ပနိုင်ငံများထဲတွင် ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာ၊ ပါကစ္စတန်၊ မြန်မာ၊ ထိုင်း၊ စင်ကာပူ နှင့် အင်ဒိုနီးရှားနိုင်ငံတို့ဖြစ်ကြောင်း အစီရင်ခံစာထဲတွင် ဖော်ပြထားသည်။
အစီရင်ခံစာထဲတွင် "တရုတ်စစ်တပ်ရဲ့စစ်ဘက်ဆိုင်ရာထောက်ပံ့ရေးဌာနတွေရဲ့တည်နေရာအဖြစ် သတ်မှတ်ထား တဲ့နိုင်ငံတွေမှာ မြန်မာ၊ ထိုင်း၊ အင်ဒိုနီးရှား၊ ပါကစ္စတန်၊ သီရိလင်္ကာ၊ ယူအေအီး၊ ကင်ညာ၊ Equatorial Guinea၊ Seychelles၊ တန်ဇန်းနီးယား၊ အန်ဂိုလာ၊ နိုင်ဂျီးရီးယား၊ နမ်ဘီးယား၊ မိုဇမ်ဘစ်၊ ဘင်္ဂလားဒေ့ရှ်၊ Papua New Guinea၊ ဆော်လ်မွန်ကျွန်းတွေ နဲ့ တာဂျစ်ကစ္စတန်နိုင်ငံတို့ပဲ ဖြစ်ပါတယ်" ဟု ဖော်ပြထားသည်။
တရုတ်စစ်တပ်သည် ၎င်းတို့၏ စစ်ဘက်ဆိုင်ရာစီမံကိန်းများနှင့် စစ်အင်အားကို ဆက်လက်ထိန်းထားနိုင်စေရန် အတွက် နိုင်ငံရပ်ခြားတွင် ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာအခြေခံအဆောက်အဦးများကို ပိုမိုချဲ့ထွင်ရန် လုပ်ဆောင် နေကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
ထို့အပြင် တရုတ်စစ်တပ်၏ အဆိုပါလုပ်ရပ်များသည် အမေရိကန်၏ စစ်ဆင်ရေးများကို အနှောင့်အယှက်ဖြစ်စေနိုင် ကြောင်းလည်း သတိပေးထားသည်။ ထို့အပြင် တရုတ်စစ်တပ်သည် အိန္ဒိယနိုင်ငံ အရှေ့ပိုင်းရှိ Ladakh ဒေသ နှင့် ဆန့်ကျင်ဖက်ဖြစ်သော Galwan တောင်ကြားရှိ လက်တွေ့ထိန်းချုပ်ရေးမျဉ်းတစ်လျှောက်တွင် ၎င်း၏ တပ်ဖွဲ့ဝင် များနှင့် စစ်ဘက်ဆိုင်ရာအခြေခံအဆောက်အဦးများကို ပိုမိုတိုးချဲ့နေကြောင်းလည်း အစီရင်ခံစာတွင် ဖော်ပြထား သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဒစ်ဂျစ်တယ်ပုံရိပ်များ ပွားနိုင်သော အပ်ပ်များ အသုံးပြုခွင့်ကို ဖိလစ်ပိုင်စစ်တပ် တားမြစ်ပိတ်ပင်
RELATED POSTS
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ