Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အာဏာရူးနေ၍ ပါတီထောင်ခြင်းမဟုတ်ဘဲ နိုင်ငံရေးနည်းလမ်း ပျောက်ကွယ်သွားမည်ကို စိုးရိမ်သည့်အတွက် ကြိုးပမ်းနေခြင်းသာဖြစ်ဟု ဦးကိုကိုကြီးပြော

မျိုးကြီး (NP News) - ဖေဖော်ဝါရီ ၂၆

အာဏာရူးနေ၍ ပါတီတည်ထောင်ခြင်းမျိုးမဟုတ်ဘဲ နိုင်ငံရေးနည်းလမ်း ပျောက်ကွယ်သွားမည်ကို စိုးရိမ်သည့်အတွက် ကြိုးပမ်းနေခြင်းသာဖြစ်ကြောင်း ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြောသည်။

လက်ရှိတွင် နစကမှ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများ ပြဋ္ဌာန်းပြီးနောက် ပါတီများအနေဖြင့် ရွေးကောက်ပွဲကော်မရှင်၌ မှတ်ပုံတင်ပြန်လည်လျှောက်ထားလျက်ရှိနေကြသည်။

“အခု ဒီဥပဒေအရဆိုရင် ပြည်ထောင်စုအဆင့်မှတ်ပုံတင်မယ့်ပါတီက ထင်ထင်ရှားရှားပြောရမယ်ဆိုရင် ကြံ့ခိုင်ရေးတစ်ပါတီပဲ ရှိတယ်။ ကျွန်တော်တို့က ပါတီစုံအတွက် အသက်တွေ၊ ဘဝတွေ ပေးပြီးကာမှ တစ်ပါတီပြန်ဖြစ်သွားမယ့်ပုံစံမျိုးကို ကျွန်တော်တို့က လက်ခံရမှာလား။ ခွင့်ပြုရမှာလား။ လတ်တလောမှာ အကျပ်အတည်းတွေ၊ အန္တရာယ်တွေ ရှိနေတယ်ဆိုပေမယ့် ပြည်သူတွေက လှိုက်လှိုက်လှဲလှဲ ဒီမိုကရေစီဘက်က ရပ်တည်မယ့်ပါတီတစ်ခုလိုအပ်တယ်။ တစ်ခု သို့မဟုတ် တကယ့်ကို ဒီမိုကရေစီဘက်က ရပ်ခံမယ့်ပါတီတွေ လိုအပ်တယ်” ဟု ဦးကိုကိုကြီးက NP News ကိုပြောဆိုထားသည်။

လက်ရှိတွင် တိုင်းရင်းသားနိုင်ငံရေးပါတီများအနေဖြင့်လည်း နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပြန်လည်လျှောက်ထားနေသည်ကို တွေ့ရှိရကြောင်း ပြည်သူ့ပါတီဥက္ကဋ္ဌက ဆိုသည်။

ပြည်သူ့ပါတီအနေဖြင့် နိုင်ငံရေးအရ ဒီမိုကရေစီအရေး၊ ဖက်ဒရယ်အရေးနှင့် လူ့အခွင့်အရေးတို့ကို တရား ဝင် မားမားမတ်မတ်ရပ်တည်ပြောဆိုချင်သည့်အတွက် ကြိုးစားရပ်တည်နေခြင်းလည်းဖြစ်ကြောင်း ၎င်းက ထည့်သွင်းမှတ်ချက်ပြုထားသည်။

“နိုင်ငံရေးပျောက်သွားမှာစိုးလို့ နိုင်ငံရေးနည်းလမ်းပေါ့။ နိုင်ငံရေးအရ ရွေးချယ်နိုင်တဲ့ဟာ ပျောက်သွားမှာစိုးလို့ ကြိုးစားနေကြတာ။ အဲဒီတော့ ပါတီထောင်တယ်ဆိုတာ လူတွေက ရမ်းသန်းပြီးတော့ အာဏာရူးလို့ အာဏာလိုချင်ရင် အာဏာရတဲ့ ဆီကိုသွား အဲဒါအာဏာရတယ်။ ပါတီထောင်တဲ့ကိစ္စက အာဏာလိုချင်ရင် အဲဒီလောက်အပင်ပန်းခံစရာမလိုဘူး။ အဲဒီလောက် ကျွန်တော်တို့ စွန့်စွန့်စားစားလုပ်စရာ မလိုဘူး။ အာဏာရတဲ့ နည်းလမ်းတွေ ကျွန်တော်တို့ သိတယ်” ဟု ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြောသည်။

ထို့ကြောင့် ပြည်ထောင်စုအဆင့်တွင် ဒီမိုကရေစီဘက်မှ ရပ်တည်သည့်ပါတီများ ခိုင်ခိုင်မာမာရှိရန် လိုအပ်ပြီး ပြည်သူများအနေဖြင့် ဝိုင်းဝန်းပံ့ပိုးပေးရန်လည်း ၎င်းက တိုက်တွန်းထားသည်။

ထို့ပြင် ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက “ အခုဒီမှာလည်း မြေပြင်ပေါ်မှာ သေကြေပျက်စီး၊ မီးလောင်၊ ရွာပျက်၊ မြို့ပျက်တစ်ခါတည်း ဖြစ်ချင်တိုင်းကို ဖြစ်နေတာ တကယ့်အနိဌာရုံကြီးတွေ။ အဲဒါကြီးတွေက ဘယ် လောက်ကြာမလဲ။ ရလဒ်က ဘာဖြစ်မလဲ။ ကျွန်တော်တို့က ရလဒ်ကို ဦးတည်တဲ့ စဉ်းစားမှုမျိုးတော့ ဖြစ်ဖို့လိုတယ်။ အဲဒီတော့ နှစ်(၇ဝ)ကျော် ပြည်တွင်းစစ် ဖြစ်တယ်ဆိုပေမယ်လို့ မြေပေါ်မှာ နိုင်ငံရေးအရ ကြိုးစားတဲ့ ပါတီတွေ၊ အဖွဲ့အစည်းတွေဆိုတာကလည်း တစ်လျှောက်လုံးရှိနေတာပဲ။ အဲဒီတော့ အခုက မလိုအပ်တော့ဘူးလား။ ကျွန်တော်တို့ နိုင်ငံရေးပါတီတွေက မလိုအပ်တော့ဘူးလား။ အထူးသဖြင့် ပြည်မပေါ့။ တိုင်းရင်းသားတွေက သူ့ဟာသူ တပ်လည်းရှိတယ်။ သူ့ဟာသူ ပါတီတွေတည်ရှိမှုကိုလည်းပဲ ခြိမ်း ခြောက်တာမရှိဘူး။ အဲဒီတော့ ဒီမှာကျ နိုင်ငံရေးပါတီ မလိုအပ်တော့ဘူး။ တစ်ယောက်မှ ပါတီမထောင်ရဘူး။ နိုင်ငံရေးနည်းလမ်းဆိုတာ မလိုအပ်တော့ဘူးဆိုတဲ့ သဘောလားဆိုတာကို သက်ဆိုင်ရာတာဝန်ရှိတဲ့ သူတွေကလည်း ပြတ်ပြတ်သားသား ပြောဖို့လိုတယ်” ဟု ဆိုသည်။

ပြည်သူ့ပါတီအနေဖြင့် ဒီမိုကရေစီဘက်မှ ရပ်တည်မည့်ပါတီတစ်ခုအဖြစ် အတတ်နိုင်ဆုံး ကြိုးစားသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ပြည်သူ့ပါတီ မှတ်ပုံတင်ပြန်လည်လျှောက်ထားရေးကိစ္စနှင့်ပတ်သက်၍လည်း ဗဟိုကော်မတီအစည်းအဝေးပြီးပါက တရားဝင်ထုတ်ပြန်သွားမည်ဟုလည်း ဦးကိုကိုကြီးက အသိပေးပြောဆိုထားသည်။

လက်ရှိတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၌ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပြန်လည်လျှောက် ထားလာသည့်ပါတီမှာ (၁ဝ)ပါတီထက်မနည်း ရှိလာပြီဖြစ်ကြောင်း သိရသည်။

zawgyi version

အာဏာ႐ူးေန၍ ပါတီေထာင္ျခင္းမဟုတ္ဘဲ ႏိုင္ငံေရးနည္းလမ္း ေပ်ာက္ကြယ္သြားမည္ကို စိုးရိမ္သည့္အတြက္ ႀကိဳးပမ္းေနျခင္းသာျဖစ္ဟု ဦးကိုကိုႀကီးေျပာ

မ်ိဳးႀကီး (NP News) - ေဖေဖာ္ဝါရီ ၂၆

အာဏာ႐ူးေန၍ ပါတီတည္ေထာင္ျခင္းမ်ိဳးမဟုတ္ဘဲ ႏိုင္ငံေရးနည္းလမ္း ေပ်ာက္ကြယ္သြားမည္ကို စိုးရိမ္သည့္အတြက္ ႀကိဳးပမ္းေနျခင္းသာျဖစ္ေၾကာင္း ျပည္သူ႔ပါတီဥကၠ႒ ဦးကိုကိုႀကီးက ေျပာသည္။

လက္ရွိတြင္ နစကမွ ႏိုင္ငံေရးပါတီမ်ားမွတ္ပုံတင္ျခင္းဥပေဒ၊ နည္းဥပေဒမ်ား ျပ႒ာန္းၿပီးေနာက္ ပါတီမ်ားအေနျဖင့္ ေ႐ြးေကာက္ပြဲေကာ္မရွင္၌ မွတ္ပုံတင္ျပန္လည္ေလွ်ာက္ထားလ်က္ရွိေနၾကသည္။

“အခု ဒီဥပေဒအရဆိုရင္ ျပည္ေထာင္စုအဆင့္မွတ္ပုံတင္မယ့္ပါတီက ထင္ထင္ရွားရွားေျပာရမယ္ဆိုရင္ ႀကံ့ခိုင္ေရးတစ္ပါတီပဲ ရွိတယ္။ ကြၽန္ေတာ္တို႔က ပါတီစုံအတြက္ အသက္ေတြ၊ ဘဝေတြ ေပးၿပီးကာမွ တစ္ပါတီျပန္ျဖစ္သြားမယ့္ပုံစံမ်ိဳးကို ကြၽန္ေတာ္တို႔က လက္ခံရမွာလား။ ခြင့္ျပဳရမွာလား။ လတ္တေလာမွာ အက်ပ္အတည္းေတြ၊ အႏၲရာယ္ေတြ ရွိေနတယ္ဆိုေပမယ့္ ျပည္သူေတြက လႈိက္လႈိက္လွဲလွဲ ဒီမိုကေရစီဘက္က ရပ္တည္မယ့္ပါတီတစ္ခုလိုအပ္တယ္။ တစ္ခု သို႔မဟုတ္ တကယ့္ကို ဒီမိုကေရစီဘက္က ရပ္ခံမယ့္ပါတီေတြ လိုအပ္တယ္” ဟု ဦးကိုကိုႀကီးက NP News ကိုေျပာဆိုထားသည္။

လက္ရွိတြင္ တိုင္းရင္းသားႏိုင္ငံေရးပါတီမ်ားအေနျဖင့္လည္း ႏိုင္ငံေရးပါတီအျဖစ္ မွတ္ပုံတင္ျပန္လည္ေလွ်ာက္ထားေနသည္ကို ေတြ႕ရွိရေၾကာင္း ျပည္သူ႔ပါတီဥကၠ႒က ဆိုသည္။

ျပည္သူ႔ပါတီအေနျဖင့္ ႏိုင္ငံေရးအရ ဒီမိုကေရစီအေရး၊ ဖက္ဒရယ္အေရးႏွင့္ လူ႔အခြင့္အေရးတို႔ကို တရား ဝင္ မားမားမတ္မတ္ရပ္တည္ေျပာဆိုခ်င္သည့္အတြက္ ႀကိဳးစားရပ္တည္ေနျခင္းလည္းျဖစ္ေၾကာင္း ၎က ထည့္သြင္းမွတ္ခ်က္ျပဳထားသည္။

“ႏိုင္ငံေရးေပ်ာက္သြားမွာစိုးလို႔ ႏိုင္ငံေရးနည္းလမ္းေပါ့။ ႏိုင္ငံေရးအရ ေ႐ြးခ်ယ္ႏိုင္တဲ့ဟာ ေပ်ာက္သြားမွာစိုးလို႔ ႀကိဳးစားေနၾကတာ။ အဲဒီေတာ့ ပါတီေထာင္တယ္ဆိုတာ လူေတြက ရမ္းသန္းၿပီးေတာ့ အာဏာ႐ူးလို႔ အာဏာလိုခ်င္ရင္ အာဏာရတဲ့ ဆီကိုသြား အဲဒါအာဏာရတယ္။ ပါတီေထာင္တဲ့ကိစၥက အာဏာလိုခ်င္ရင္ အဲဒီေလာက္အပင္ပန္းခံစရာမလိုဘူး။ အဲဒီေလာက္ ကြၽန္ေတာ္တို႔ စြန႔္စြန႔္စားစားလုပ္စရာ မလိုဘူး။ အာဏာရတဲ့ နည္းလမ္းေတြ ကြၽန္ေတာ္တို႔ သိတယ္” ဟု ျပည္သူ႔ပါတီဥကၠ႒ ဦးကိုကိုႀကီးက ေျပာသည္။

ထို႔ေၾကာင့္ ျပည္ေထာင္စုအဆင့္တြင္ ဒီမိုကေရစီဘက္မွ ရပ္တည္သည့္ပါတီမ်ား ခိုင္ခိုင္မာမာရွိရန္ လိုအပ္ၿပီး ျပည္သူမ်ားအေနျဖင့္ ဝိုင္းဝန္းပံ့ပိုးေပးရန္လည္း ၎က တိုက္တြန္းထားသည္။

ထို႔ျပင္ ပါတီဥကၠ႒ ဦးကိုကိုႀကီးက “ အခုဒီမွာလည္း ေျမျပင္ေပၚမွာ ေသေၾကပ်က္စီး၊ မီးေလာင္၊ ႐ြာပ်က္၊ ၿမိဳ႕ပ်က္တစ္ခါတည္း ျဖစ္ခ်င္တိုင္းကို ျဖစ္ေနတာ တကယ့္အနိဌာ႐ုံႀကီးေတြ။ အဲဒါႀကီးေတြက ဘယ္ ေလာက္ၾကာမလဲ။ ရလဒ္က ဘာျဖစ္မလဲ။ ကြၽန္ေတာ္တို႔က ရလဒ္ကို ဦးတည္တဲ့ စဥ္းစားမႈမ်ိဳးေတာ့ ျဖစ္ဖို႔လိုတယ္။ အဲဒီေတာ့ ႏွစ္(၇ဝ)ေက်ာ္ ျပည္တြင္းစစ္ ျဖစ္တယ္ဆိုေပမယ္လို႔ ေျမေပၚမွာ ႏိုင္ငံေရးအရ ႀကိဳးစားတဲ့ ပါတီေတြ၊ အဖြဲ႕အစည္းေတြဆိုတာကလည္း တစ္ေလွ်ာက္လုံးရွိေနတာပဲ။ အဲဒီေတာ့ အခုက မလိုအပ္ေတာ့ဘူးလား။ ကြၽန္ေတာ္တို႔ ႏိုင္ငံေရးပါတီေတြက မလိုအပ္ေတာ့ဘူးလား။ အထူးသျဖင့္ ျပည္မေပါ့။ တိုင္းရင္းသားေတြက သူ႔ဟာသူ တပ္လည္းရွိတယ္။ သူ႔ဟာသူ ပါတီေတြတည္ရွိမႈကိုလည္းပဲ ၿခိမ္း ေျခာက္တာမရွိဘူး။ အဲဒီေတာ့ ဒီမွာက် ႏိုင္ငံေရးပါတီ မလိုအပ္ေတာ့ဘူး။ တစ္ေယာက္မွ ပါတီမေထာင္ရဘူး။ ႏိုင္ငံေရးနည္းလမ္းဆိုတာ မလိုအပ္ေတာ့ဘူးဆိုတဲ့ သေဘာလားဆိုတာကို သက္ဆိုင္ရာတာဝန္ရွိတဲ့ သူေတြကလည္း ျပတ္ျပတ္သားသား ေျပာဖို႔လိုတယ္” ဟု ဆိုသည္။

ျပည္သူ႔ပါတီအေနျဖင့္ ဒီမိုကေရစီဘက္မွ ရပ္တည္မည့္ပါတီတစ္ခုအျဖစ္ အတတ္ႏိုင္ဆုံး ႀကိဳးစားသြားမည္ျဖစ္ေၾကာင္း သိရသည္။

ထို႔ျပင္ ျပည္သူ႔ပါတီ မွတ္ပုံတင္ျပန္လည္ေလွ်ာက္ထားေရးကိစၥႏွင့္ပတ္သက္၍လည္း ဗဟိုေကာ္မတီအစည္းအေဝးၿပီးပါက တရားဝင္ထုတ္ျပန္သြားမည္ဟုလည္း ဦးကိုကိုႀကီးက အသိေပးေျပာဆိုထားသည္။

လက္ရွိတြင္ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္၌ ႏိုင္ငံေရးပါတီအျဖစ္ မွတ္ပုံတင္ျပန္လည္ေလွ်ာက္ ထားလာသည့္ပါတီမွာ (၁ဝ)ပါတီထက္မနည္း ရွိလာၿပီျဖစ္ေၾကာင္း သိရသည္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ရန်ကုန်မြို့အတွင်း ငွေကျပ်သိန်း(၁ဝဝဝ)ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

RECENT POSTS
မြောက်ကိုရီးယားက တာတိုပစ်ပဲ့ထိန်းဒုံးကျည်တွေကို ထပ်မံစမ်းသပ်ပစ်လွှတ်
18 Sep 2024
နေပြည်တော်တွင် အလှူရှင်များက လှူဒါန်းထားသော အစားအသောက်များကိုစားပြီးနောက် လူပေါင်း(၁၀၀)ကျော် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ဟု နစက ထုတ်ပြန်
18 Sep 2024
ယီမင်မှနေ၍ အစ္စရေးကို ဟိုက်ပါဆောနစ်ဒုံးကျည်သစ်များဖြင့် ပစ်ခတ်ခဲ့ဟု ဟူသီတို့ ပြော
18 Sep 2024
မြစ်သားမြို့နယ်တွင် သံဃာတော်တစ်ပါးကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်၍ ဆိုင်ကယ်၊ ဖုန်း နှင့် ငွေကြေးများ လုယက်ယူဆောင်
18 Sep 2024
စစ်ကိုင်းတွင် ယာခင်းများသို့ တောင်ယာလုပ်ကိုင်ရန်သွားသော ရွာသူရွာသားများကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ရာ (၁၅)ဦးပွဲချင်း ပြီး သေဆုံး
18 Sep 2024
လားရှိုးမြို့ ပြန်တစ်ဦးရဲ့ ရက်(၂၀)ကျော် အတွေ့အကြုံ (အင်တာဗျူး)
18 Sep 2024
မြန်မာ-ထိုင်းနယ်စပ် ဘုရားသုံးဆူမြို့တွင် တရုတ်နိုင်ငံသားများက မတန်တ ဆဈေးပေးပြီး နှစ်ရှည်အိမ်ငှားရမ်းမှုများ ရှိနေ
18 Sep 2024
အခြေခံဥပဒေပါ အရေးကြီးပုဒ်မများကို ပြင်ဆင်ရန် နိုင်ငံရေးပါတီများ အစုအဖွဲ့နှင့် နစကတို့ကြား သဘောတူထား
18 Sep 2024
ပြည်ပသို့ တရားမဝင် သွားသည့် အိမ်အကူများထဲမှ အချို့ အာဖရိကတိုက်အထိပင် ပို့ဆောင်ခံရခြင်းများ ရှိနေ
18 Sep 2024
ရေဘေးသင့်ပြည်သူများအတွက် အိန္ဒိယနိုင်ငံမှ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးပစ္စည်း စုစုပေါင်းတန်ချိန်(၅၃)တန် လှူဒါန်း
18 Sep 2024
စစ်၏အနိဋ္ဌာရုံများကို သိလာသောကြောင့် စစ်မရောက်သေးသော မြို့များတွင် နေထိုင်သူများက စစ်ရောက်မည်ကို စိုးရိမ်မှုများ တိုးလာ
18 Sep 2024
ဇင်ဘာဘွေနိုင်ငံမှာ ငတ်မွတ်နေတဲ့ ပြည်သူတွေကို အစားအစာ ကျွေးမွေးနိုင်ဖို့ ဆင်ကောင်ရေ (၂၀၀)ကို သတ်ဖြတ်ခွင့်ပြု
18 Sep 2024
မကာအိုမှာ အခန်းတွင်း ဆေးလိပ်သောက်ခြင်းကြောင့် K Pop အဆိုတော် ဘဲ့ဟွန်းရဲ့ အေဂျင်စီ တောင်းပန်ခဲ့ရ
18 Sep 2024
CB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်းCB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်း
17 Sep 2024
နိုင်ငံတစ်ဝန်းရေကြီးရေလျှံမှုကြောင့် သေဆုံးသူ(၂၂၆)ဦးအထိ ရှိလာဟု နစကထုတ်ပြန်
17 Sep 2024
ထိုင်ဝမ်ကို အမေရိကန်ဒေါ်လာ(၂၂၈)သန်းတန်ဖိုးရှိ စစ်ဘက်ဆိုင်ရာအပိုပစ္စည်းတွေ ရောင်းချပေးဖို့ အမေရိကန်အစိုးရအတည်ပြု
17 Sep 2024
ဂါဇာမှာ ကာလရှည်ကြာစစ်ပွဲဖြစ်ပွားဖို့အတွက် အရင်းအမြစ်တွေလုံလုံလောက်လောက်ရှိတယ်လို့ ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ပြော
17 Sep 2024
တရုတ်နှင့်ဖြစ်ပွားနေသည့် နယ်စပ်အငြင်းပွားမှုပြဿနာများ၏(၇၅)ရာခိုင်နှုန်းခန့်ကို ဖြေရှင်းပြီးကြောင်း အိန္ဒိယအစိုးရပြော
17 Sep 2024
နေတိုးအဖွဲ့အတွက် သတိပေးချက်အသစ်ကို ရုရှားသမ္မတပူတင် ထုတ်ပြန်
17 Sep 2024
BRICS အဖွဲ့သို့ ဝင်ရောက်ရန် အာဆီယံ နှင့် ကမ္ဘာ့နိုင်ငံပေါင်း (၃၄)နိုင်ငံစိတ်ဝင်စားဟု ရုရှားသမ္မတပြော
17 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved