Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ရခိုင်မှ နေရပ်စွန့်ခွာသူများအနက် လူ(၁ဝဝဝ)ကျော်ကို ပြန်လည်လက်ခံရန် ညှိနှိုင်းပြင်ဆင်နေဟု နိုင်ငံ ခြားရေးဝန်ကြီးဌာနဆို

မျိုးကြီး (NP News) - ဖေဖော်ဝါရီ ၂၆

ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများအနက် လူတစ်ထောင်ကျော်ကို ပြန်လည်လက်ခံရန် ညှိနှိုင်းပြင်ဆင်နေကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ထုတ်ဖော်ပြောဆိုထားသည်။

လက်ရှိ နစကလက်ထက် ၂ဝ၂၂ ခုနှစ် ဇွန်လအတွင်း နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးဆိုင်ရာ မြန်မာ-ဘင်္ဂလား ဒေ့ရှ်ပူးတွဲလုပ်ငန်းအဖွဲ့၏ ပဉ္စမအကြိမ်အစည်းအဝေးကို ပြန်လည်ကျင်းပနိုင်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။

၎င်းအစည်းအဝေး၌ နေရပ်စွန့်ခွာသူများပြန်လည်လက်ခံရေးနှင့် ပြန်လည်စိစစ်ရေးလုပ်ငန်းများကို နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရန်၊ ရှေ့ပြေးစမ်းသပ်စီမံကိန်းတစ်ရပ်ဖြင့် ပြန်လည်လက်ခံရေးလုပ်ငန်းကို ဆော လျင်စွာစတင်ရန်၊ ဘင်္ဂလားဒေ့ရှ် တရားရုံး ထောက်ခံချက်လိုအပ်သူများအတွက် တရားရုံးထောက်ခံချက်များထုတ်ပေးသွားရန်တို့ကို နှစ်ဖက်အကြား သဘောတူညီခဲ့ကြောင်း သိရသည်။

ထို့ကြောင့် မြန်မာနိုင်ငံအနေဖြင့် နှစ်နိုင်ငံသဘောတူညီချက်များနှင့်အညီ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများကို ပြန်လည်လက်ခံရေးအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်းလည်း နိုင်ငံခြားရေးဝန်ကြီးဌာနက အသိပေးပြောဆိုထားသည်။

“အဲဒီလိုဆောင်ရွက်နေရာမှာ ရှေ့ပြေးစမ်းသပ်စီမံကိန်းတစ်ရပ်အနေနဲ့ လူတစ်ထောင်ကျော်ကို စတင်ပြီးပြန်လည်လက်ခံနိုင်ဖို့ ညှိနှိုင်းပြင်ဆင်ဆောင်ရွက်နေတာရှိပါတယ်။ ဒီလိုပြန်လည်လက်ခံရေးအတွက်ဆောင်ရွက်ရာမှာလည်း နေရပ်စွန့်ခွာသူ မိသားစုများမှာ ကလေးမွေးဖွားတာတွေရှိတဲ့အတွက် နှစ်နိုင်ငံသဘောတူညီထားတဲ့အတိုင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ မွေးဖွားတာမှန်ကန်ကြောင်း သက်ဆိုင်ရာ တရားရုံးထောက်ခံချက်ရရှိအောင် နှစ်ဖက်ညှိနှိုင်းဆောင်ရွက်ပြီးဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ တရားရုံးထောက် ခံချက်အပြင် မြန်မာနိုင်ငံမှာ နေထိုင်ခဲ့တဲ့ မိဘနှစ်ပါးက မွေးဖွားသူဟုတ်၊ မဟုတ်ကိုပါ စိစစ်ပြီးမှ ပြန်လည်လက်ခံသွားဖို့ကို ဆောင်ရွက်သွားမှာဖြစ်ပါတယ်”ဟု နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူက ပြောဆို ထားသည်။

နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစတင်ရန် ပြီးခဲ့သော ၂ဝ၁၈ ခုနှစ်အတွင်းနှင့် ၂ဝ၁၉ ခုနှစ်အတွင်းတို့၌ နှစ်ကြိမ်တိုင်တိုင် ကြိုးပမ်းခဲ့ကြောင်း သိရသည်။

“နှစ်ကြိမ်လုံးမှာ မြန်မာနိုင်ငံအနေနဲ့ နှစ်နိုင်ငံသဘော တူညီချက်များနဲ့အညီစိစစ်ပြီး နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရန် နယ်စပ်မှာ အဆင်သင့်ပြင်ဆင်ထားခဲ့ပါတယ်။ အဲဒီအချိန်က လက်ခံဖို့လျာထားခဲ့တဲ့ စိစစ်ပြီးနေရပ်စွန့်ခွာသူ အရေအတွက်ကတော့ ပထမအကြိမ်အတွက် ၂၂၆ဝ နဲ့ ဒုတိယအကြိမ်အတွက် ၃၄၅ဝ ဖြစ်ပါတယ်” ဟု အထက်ပါတာဝန်ရှိသူက ဆက်လက်ပြောသည်။

သို့သော် နေရပ်စွန့်ခွာသူများနေထိုင်ရာ ဘင်္ဂလားဒေ့ရှ်ဘက်မှ စခန်းများတွင်ရှိသော အကြမ်းဖက်အဖွဲ့ဝင်များအနေဖြင့် နေရပ်စွန့်ခွာသူများကို ခြိမ်းခြောက်ခြင်းအပါအဝင် အခြားသောဖိအားပေးခြင်းများကြောင့် ကြိုးပမ်းမှုမှာ မအောင်မြင်ခဲ့ကြောင်းလည်း ၎င်းက ဆက်လက်ပြောသည်။

zawgyi version

ရခိုင္မွ ေနရပ္စြန႔္ခြာသူမ်ားအနက္ လူ(၁ဝဝဝ)ေက်ာ္ကို ျပန္လည္လက္ခံရန္ ညႇိႏႈိင္းျပင္ဆင္ေနဟု ႏိုင္ငံ ျခားေရးဝန္ႀကီးဌာနဆို

မ်ိဳးႀကီး (NP News) - ေဖေဖာ္ဝါရီ ၂၆

ရခိုင္ျပည္နယ္မွ ေနရပ္စြန႔္ခြာသူမ်ားအနက္ လူတစ္ေထာင္ေက်ာ္ကို ျပန္လည္လက္ခံရန္ ညႇိႏႈိင္းျပင္ဆင္ေနေၾကာင္း ႏိုင္ငံျခားေရးဝန္ႀကီးဌာနမွ တာဝန္ရွိသူတစ္ဦးက ထုတ္ေဖာ္ေျပာဆိုထားသည္။

လက္ရွိ နစကလက္ထက္ ၂ဝ၂၂ ခုႏွစ္ ဇြန္လအတြင္း ေနရပ္စြန႔္ခြာသူမ်ား ျပန္လည္လက္ခံေရးဆိုင္ရာ ျမန္မာ-ဘဂၤလား ေဒ့ရွ္ပူးတြဲလုပ္ငန္းအဖြဲ႕၏ ပၪၥမအႀကိမ္အစည္းအေဝးကို ျပန္လည္က်င္းပႏိုင္ခဲ့ေၾကာင္း ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ဆိုသည္။

၎အစည္းအေဝး၌ ေနရပ္စြန႔္ခြာသူမ်ားျပန္လည္လက္ခံေရးႏွင့္ ျပန္လည္စိစစ္ေရးလုပ္ငန္းမ်ားကို ႏွစ္ႏိုင္ငံပူးေပါင္းေဆာင္႐ြက္ရန္၊ ေရွ႕ေျပးစမ္းသပ္စီမံကိန္းတစ္ရပ္ျဖင့္ ျပန္လည္လက္ခံေရးလုပ္ငန္းကို ေဆာ လ်င္စြာစတင္ရန္၊ ဘဂၤလားေဒ့ရွ္ တရား႐ုံး ေထာက္ခံခ်က္လိုအပ္သူမ်ားအတြက္ တရား႐ုံးေထာက္ခံခ်က္မ်ားထုတ္ေပးသြားရန္တို႔ကို ႏွစ္ဖက္အၾကား သေဘာတူညီခဲ့ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ ျမန္မာႏိုင္ငံအေနျဖင့္ ႏွစ္ႏိုင္ငံသေဘာတူညီခ်က္မ်ားႏွင့္အညီ ရခိုင္ျပည္နယ္မွ ေနရပ္စြန႔္ခြာသူမ်ားကို ျပန္လည္လက္ခံေရးအတြက္ ဘဂၤလားေဒ့ရွ္ႏိုင္ငံႏွင့္ ပူးေပါင္းေဆာင္႐ြက္ေနေၾကာင္းလည္း ႏိုင္ငံျခားေရးဝန္ႀကီးဌာနက အသိေပးေျပာဆိုထားသည္။

“အဲဒီလိုေဆာင္႐ြက္ေနရာမွာ ေရွ႕ေျပးစမ္းသပ္စီမံကိန္းတစ္ရပ္အေနနဲ႔ လူတစ္ေထာင္ေက်ာ္ကို စတင္ၿပီးျပန္လည္လက္ခံႏိုင္ဖို႔ ညႇိႏႈိင္းျပင္ဆင္ေဆာင္႐ြက္ေနတာရွိပါတယ္။ ဒီလိုျပန္လည္လက္ခံေရးအတြက္ေဆာင္႐ြက္ရာမွာလည္း ေနရပ္စြန႔္ခြာသူ မိသားစုမ်ားမွာ ကေလးေမြးဖြားတာေတြရွိတဲ့အတြက္ ႏွစ္ႏိုင္ငံသေဘာတူညီထားတဲ့အတိုင္း ဘဂၤလားေဒ့ရွ္ႏိုင္ငံမွာ ေမြးဖြားတာမွန္ကန္ေၾကာင္း သက္ဆိုင္ရာ တရား႐ုံးေထာက္ခံခ်က္ရရွိေအာင္ ႏွစ္ဖက္ညႇိႏႈိင္းေဆာင္႐ြက္ၿပီးျဖစ္ပါတယ္။ ဘဂၤလားေဒ့ရွ္ႏိုင္ငံ တရား႐ုံးေထာက္ ခံခ်က္အျပင္ ျမန္မာႏိုင္ငံမွာ ေနထိုင္ခဲ့တဲ့ မိဘႏွစ္ပါးက ေမြးဖြားသူဟုတ္၊ မဟုတ္ကိုပါ စိစစ္ၿပီးမွ ျပန္လည္လက္ခံသြားဖို႔ကို ေဆာင္႐ြက္သြားမွာျဖစ္ပါတယ္”ဟု ႏိုင္ငံျခားေရးဝန္ႀကီးဌာနမွ တာဝန္ရွိသူက ေျပာဆို ထားသည္။

ေနရပ္စြန႔္ခြာသူမ်ား ျပန္လည္လက္ခံေရးလုပ္ငန္းစတင္ရန္ ၿပီးခဲ့ေသာ ၂ဝ၁၈ ခုႏွစ္အတြင္းႏွင့္ ၂ဝ၁၉ ခုႏွစ္အတြင္းတို႔၌ ႏွစ္ႀကိမ္တိုင္တိုင္ ႀကိဳးပမ္းခဲ့ေၾကာင္း သိရသည္။

“ႏွစ္ႀကိမ္လုံးမွာ ျမန္မာႏိုင္ငံအေနနဲ႔ ႏွစ္ႏိုင္ငံသေဘာ တူညီခ်က္မ်ားနဲ႔အညီစိစစ္ၿပီး ေနရပ္စြန႔္ခြာသူမ်ားအား ျပန္လည္လက္ခံရန္ နယ္စပ္မွာ အဆင္သင့္ျပင္ဆင္ထားခဲ့ပါတယ္။ အဲဒီအခ်ိန္က လက္ခံဖို႔လ်ာထားခဲ့တဲ့ စိစစ္ၿပီးေနရပ္စြန႔္ခြာသူ အေရအတြက္ကေတာ့ ပထမအႀကိမ္အတြက္ ၂၂၆ဝ နဲ႔ ဒုတိယအႀကိမ္အတြက္ ၃၄၅ဝ ျဖစ္ပါတယ္” ဟု အထက္ပါတာဝန္ရွိသူက ဆက္လက္ေျပာသည္။

သို႔ေသာ္ ေနရပ္စြန႔္ခြာသူမ်ားေနထိုင္ရာ ဘဂၤလားေဒ့ရွ္ဘက္မွ စခန္းမ်ားတြင္ရွိေသာ အၾကမ္းဖက္အဖြဲ႕ဝင္မ်ားအေနျဖင့္ ေနရပ္စြန႔္ခြာသူမ်ားကို ၿခိမ္းေျခာက္ျခင္းအပါအဝင္ အျခားေသာဖိအားေပးျခင္းမ်ားေၾကာင့္ ႀကိဳးပမ္းမႈမွာ မေအာင္ျမင္ခဲ့ေၾကာင္းလည္း ၎က ဆက္လက္ေျပာသည္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အုတ်တွင်းမြို့နယ်တွင် ဆယ်ကျော်သက်မိန်းကလေးတစ်ဦး အဆိပ်သောက် အဆုံးစီရင်မှု ဖြစ်ပွား

RECENT POSTS
မြောက်ကိုရီးယားက တာတိုပစ်ပဲ့ထိန်းဒုံးကျည်တွေကို ထပ်မံစမ်းသပ်ပစ်လွှတ်
18 Sep 2024
နေပြည်တော်တွင် အလှူရှင်များက လှူဒါန်းထားသော အစားအသောက်များကိုစားပြီးနောက် လူပေါင်း(၁၀၀)ကျော် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ဟု နစက ထုတ်ပြန်
18 Sep 2024
ယီမင်မှနေ၍ အစ္စရေးကို ဟိုက်ပါဆောနစ်ဒုံးကျည်သစ်များဖြင့် ပစ်ခတ်ခဲ့ဟု ဟူသီတို့ ပြော
18 Sep 2024
မြစ်သားမြို့နယ်တွင် သံဃာတော်တစ်ပါးကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်၍ ဆိုင်ကယ်၊ ဖုန်း နှင့် ငွေကြေးများ လုယက်ယူဆောင်
18 Sep 2024
စစ်ကိုင်းတွင် ယာခင်းများသို့ တောင်ယာလုပ်ကိုင်ရန်သွားသော ရွာသူရွာသားများကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ရာ (၁၅)ဦးပွဲချင်း ပြီး သေဆုံး
18 Sep 2024
လားရှိုးမြို့ ပြန်တစ်ဦးရဲ့ ရက်(၂၀)ကျော် အတွေ့အကြုံ (အင်တာဗျူး)
18 Sep 2024
မြန်မာ-ထိုင်းနယ်စပ် ဘုရားသုံးဆူမြို့တွင် တရုတ်နိုင်ငံသားများက မတန်တ ဆဈေးပေးပြီး နှစ်ရှည်အိမ်ငှားရမ်းမှုများ ရှိနေ
18 Sep 2024
အခြေခံဥပဒေပါ အရေးကြီးပုဒ်မများကို ပြင်ဆင်ရန် နိုင်ငံရေးပါတီများ အစုအဖွဲ့နှင့် နစကတို့ကြား သဘောတူထား
18 Sep 2024
ပြည်ပသို့ တရားမဝင် သွားသည့် အိမ်အကူများထဲမှ အချို့ အာဖရိကတိုက်အထိပင် ပို့ဆောင်ခံရခြင်းများ ရှိနေ
18 Sep 2024
ရေဘေးသင့်ပြည်သူများအတွက် အိန္ဒိယနိုင်ငံမှ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးပစ္စည်း စုစုပေါင်းတန်ချိန်(၅၃)တန် လှူဒါန်း
18 Sep 2024
စစ်၏အနိဋ္ဌာရုံများကို သိလာသောကြောင့် စစ်မရောက်သေးသော မြို့များတွင် နေထိုင်သူများက စစ်ရောက်မည်ကို စိုးရိမ်မှုများ တိုးလာ
18 Sep 2024
ဇင်ဘာဘွေနိုင်ငံမှာ ငတ်မွတ်နေတဲ့ ပြည်သူတွေကို အစားအစာ ကျွေးမွေးနိုင်ဖို့ ဆင်ကောင်ရေ (၂၀၀)ကို သတ်ဖြတ်ခွင့်ပြု
18 Sep 2024
မကာအိုမှာ အခန်းတွင်း ဆေးလိပ်သောက်ခြင်းကြောင့် K Pop အဆိုတော် ဘဲ့ဟွန်းရဲ့ အေဂျင်စီ တောင်းပန်ခဲ့ရ
18 Sep 2024
CB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်းCB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်း
17 Sep 2024
နိုင်ငံတစ်ဝန်းရေကြီးရေလျှံမှုကြောင့် သေဆုံးသူ(၂၂၆)ဦးအထိ ရှိလာဟု နစကထုတ်ပြန်
17 Sep 2024
ထိုင်ဝမ်ကို အမေရိကန်ဒေါ်လာ(၂၂၈)သန်းတန်ဖိုးရှိ စစ်ဘက်ဆိုင်ရာအပိုပစ္စည်းတွေ ရောင်းချပေးဖို့ အမေရိကန်အစိုးရအတည်ပြု
17 Sep 2024
ဂါဇာမှာ ကာလရှည်ကြာစစ်ပွဲဖြစ်ပွားဖို့အတွက် အရင်းအမြစ်တွေလုံလုံလောက်လောက်ရှိတယ်လို့ ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ပြော
17 Sep 2024
တရုတ်နှင့်ဖြစ်ပွားနေသည့် နယ်စပ်အငြင်းပွားမှုပြဿနာများ၏(၇၅)ရာခိုင်နှုန်းခန့်ကို ဖြေရှင်းပြီးကြောင်း အိန္ဒိယအစိုးရပြော
17 Sep 2024
နေတိုးအဖွဲ့အတွက် သတိပေးချက်အသစ်ကို ရုရှားသမ္မတပူတင် ထုတ်ပြန်
17 Sep 2024
BRICS အဖွဲ့သို့ ဝင်ရောက်ရန် အာဆီယံ နှင့် ကမ္ဘာ့နိုင်ငံပေါင်း (၃၄)နိုင်ငံစိတ်ဝင်စားဟု ရုရှားသမ္မတပြော
17 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved