အမျိုးသမီးတစ်ဦးကို “ဒလန်၊ သတင်းပေး” ဟုဆိုကာ PDF အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု မတ္တရာမြို့၌ ဖြစ်ပွား
NSS - အောက်တိုဘာ ၂၀
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၌ အမျိုးသမီးတစ်ဦးကို “ဒလန်၊ သတင်းပေး” ဟုဆိုကာ PDF အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သော အောက်တိုဘာလ ၁၇ ရက်၊ နံနက် ၁၁ နာရီ ၃ဝ မိနစ်အချိန်တွင် မတ္တရာမြို့နယ်၊ ဆည်တော်လေးကျေးရွာ၌ အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါကျေးရွာတွင်နေထိုင်သည့် ဒေါ်တင်လှသည် ၎င်း၏သမီးဖြစ်သူ မတင်ဇာမိုး(၃၁)နှစ်နှင့်အတူ နေအိမ် အတွင်းရှိနေစဉ် PDF အဖွဲ့ဝင် (၄)ဦးက ဆိုင်ကယ်(၂)စီးဖြင့်ရောက်ရရှိလာကာ “ဒလန်၊ သတင်းပေး” ဟု စွပ်စွဲပြောဆို၍ သေနတ်ဖြင့်ပစ်ခတ်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
ထိုသို့ သေနတ်ဖြင့်ပစ်ခတ်ခံရမှုကြောင့် ဒေါ်တင်လှ(၆၀)နှစ်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်ပွားရာနေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။
ထို့နောက် လုပ်ကြံသတ်ဖြတ်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်လုပ်ဆောင် လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အသိမဲ့ဒေါသချောက်ထဲသို့ ထိုးမဆင်းသွားဖို့ အစ္စရေးအစိုးရအဖွဲ့ကို အမေရိကန်သမ္မတဂျိုးဘိုင်ဒန် တိုက်တွန်း တောင်းဆို
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ