မြန်မာ - ရုရှား မြို့တစ်မြို့စီအကြား၌ Sister Cities အဖြစ် ဆောင်ရွက်ရန် စီစဉ်နေ
Pearl (NSS) - အောက်တိုဘာ ၂ဝ
မြန်မာ - ရုရှား မြို့တစ်မြို့စီအကြား၌ Sister Cities အဖြစ်ဆောင်ရွက်ရန် စီစဉ်နေကြောင်း နစက၏ သတင်းထုတ်ပြန်ချက်များ အရ သိရသည်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ ရုရှားနိုင်ငံ၊ စိန့်ပီတာစဘတ်အစိုးရအဖွဲ့ဝင် ပြည်ပဆက်ဆံရေး ကော်မတီဥက္ကဋ္ဌ Mr. Grigoriev Evgeny Dmitrievich ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က ယမန်နေ့ အောက်တိုဘာလ (၁၉)ရက်တွင် နေပြည်တော်၌ လာရောက် ဂါရဝပြုတွေ့ဆုံစဉ် အထက်ပါကဲ့သို့ ထည့်သွင်း ဆွေးနွေးခဲ့ခြင်းဖြစ်သည်။
တွေ့ဆုံစဉ် မြန်မာ-ရုရှားနှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် နှင့် ပညာရေး၊ ကျန်းမာရေး၊ ခရီးသွားကဏ္ဍများအပြင် အခြားကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်မြှင့်တင်ရန် အတွက် ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆင့်မြင့်ပညာသင်ကြားရေးဆိုင်ရာများတွင် အပြန်အလှန်ဖလှယ်ရေး နှင့် နှစ်နိုင်ငံအကြားသံတမန်ဆက်ဆံမှုများ တိုးမြှင့်ရေးအတွက် ရုရှားနိုင်ငံ၌ ကောင်စစ်ဝန်ရုံးများဖွင့်လှစ်နိုင်ရေး ဆောင်ရွက်နေသောအခြေအနေများကိုလည်း ထည့်သွင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့အပြင် ရုရှားနိုင်ငံ၊ စိန့်ပီတာစဘတ်ဒေသရှိ မြို့တစ်မြို့နှင့် မြန်မာနိုင်ငံရှိ မြို့တစ်မြို့တို့အကြား Sister Cities အဖြစ် ဆောင်ရွက်သွားမည့် အခြေအနေများ အပါအဝင် ယဉ်ကျေးမှု နှင့် ဘာသာရေးဆိုင်ရာများ အပြန်အလှန် ဖလှယ်ရေး၊ ကုန်သွယ်မှု နှင့် ခရီးသွားကဏ္ဍမြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ဆက်လက်ဆွေးနွေးခဲ့ ကြောင်း သိရသည်။
အလားတူ နေပြည်တော်ကောင်စီဥက္ကဋ္ဌ မြို့တော်ဝန်ဦးသန်းထွန်းဦး နှင့် စိန့်ပီတာစဘတ်အစိုးရအဖွဲ့ဝင် ပြည်ပ ဆက်ဆံရေးကော်မတီဥက္ကဋ္ဌ Mr.Grigoriev Evgeny Dmitrievich ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ အောက်တိုဘာလ (၁၉)ရက်တွင် နေပြည်တော်ကောင်စီရုံး၌ တွေ့ဆုံခဲ့ကြောင်း နစကမှ သတင်းထုတ်ပြန်ထား သည်။
ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား စက်မှုကုန်ထုတ်လုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်း၊ တန်ဖိုးမြှင့်ကုန်ထုတ်လုပ်မှု လုပ်ငန်းများနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးကဏ္ဍများ အပါအဝင် လယ်ယာအခြေပြု စီးပွားရေးလုပ်ငန်းများ၊ စိုက်ပျိုးရေးကဏ္ဍ၊ စက်မှုကဏ္ဍများ နှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယခု လာမည့်ဆောင်းရာသီအတွက် မြေဩဇာမက်ထရစ်တန်ချိန် (၁ ဒသမ ၁) သန်းခန့် လိုအပ်မည်ဟုဆို
RELATED POSTS
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,ပြည်တွင်း