Tesla ရဲ့ တရုတ် supplier တွေက မက္ကဆီကို မြောက်ပိုင်းမှာ ဒေါ်လာ ၁ ဘီလျံနီးပါး ရင်းနှီးမြှုပ်နှံမည်
ရောင်နီ (NSS) - အောက်တိုဘာ ၂ဝ
Tesla ရဲ့ တရုတ် supplier တွေက မက္ကဆီကိုပြည်နယ် နူဗိုလီယွန်မှာ Tesla ရဲ့ နောက်ထပ် ကားစက်ရုံ Giga factory တည်ဆောက်ဖို့ ဒေါ်လာ ၁ ဘီလျံနီးပါး ရင်းနှီးမြှုပ်နှံသွားမယ်လို့ ပြည်နယ်အရာရှိတွေက ပြောပါတယ်။
နူဗိုလီယွန် ပြည်နယ်အုပ်ချုပ်ရေးမှူး ဆမ်မြူရယ်ဂါဆီယာဆီပူလ်ဗီဒါဟာ ယခုသီတင်းပတ်အတွင်း တရုတ်နိုင်ငံ၊ ရှန်ဟိုင်းရှိ Tesla ရဲ့ Giga factory ကို သွားရောက်လည်ပတ်ပြီး အဆိုပါ ခရီးစဉ်အတွင်း Ningbo Tuopi Group နဲ့ Hesai Technology ကုမ္ပဏီတို့က မက္ကဆီကိုမှာ ရင်းနှီးမြုပ်နှံမှု စုစုပေါင်း ဒေါ်လာသန်း ၉၆၀ သုံးစွဲဖို့နဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
နူဗိုလီယွန်ရဲ့ ကိုယ်စားလှယ်တစ်ဦးက ရင်းနှီးမြှုပ်နှံမှုမှာ Ningbo Tuopu မှ ဒေါ်လာ သန်း ၇၀၀ နဲ့ Hesai Tech မှ ဒေါ်လာ သန်း ၂၆၀ ပါဝင်မယ်လို့ အတည်ပြုခဲ့ပါတယ်။ Ningbo ဟာ မော်တော်ကား ဟာ့ဒ်ဝဲများ၊ ရှာ့တိုက်-စုပ်ခြင်းဆိုင်ရာ ထုတ်ကုန်တွေ တည်ဆောက်တဲ့ ကုမ္ပဏီဖြစ်ပြီး Hesai ကတော့ စက်ရုပ်တွေနဲ့ အလိုအလျောက် မောင်းနှင်နိုင်တဲ့ ယာဉ်တွေအတွက် မကြာခဏ အသုံးပြုလေ့ရှိတဲ့ lidar light sensors တွေကို ထုတ်လုပ်တဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။
Ningbo ဟာ မက္ကဆီကို ပြည်နယ်မှာ အခုလအတွင်း ထုတ်လုပ်မှုစတင်ဖို့ မျှော်လင့်ထားပါတယ်။ Tesla ဟာ စက်ရုံတည်ဆောက်မှု မစသေးပေမယ့် ဘက်ထရီ၊ ဆော့ဖ်ဝဲလ်၊ ကွန်ပျူတာနဲ့ အခြားလိုအပ်တဲ့ အစိတ်အပိုင်းတွေအတွက် ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှု အစီအစဉ်တွေ ရှိနှင့်ပြီးဖြစ်ပါတယ်။
တာဝန်ရှိသူတွေရဲ့အဆိုအရ မက္ကဆီကိုမှာ Ningbo ရဲ့ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းဆောင်ရွက်မှုတွေဟာ အလုပ်အကိုင်ပေါင်း ၁၀၀၀၀ ခန့် ဖန်တီးပေးနိုင်မယ်လို့ မျှော်လင့်ရပြီး Hesai ရဲ့ လုပ်ငန်းတွေဟာ အလုပ်အကိုင်ပေါင်း ၄၀၀၀ ခန့် ဖန်တီးနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာ - ရုရှား မြို့တစ်မြို့စီအကြား၌ Sister Cities အဖြစ် ဆောင်ရွက်ရန် စီစဉ်နေ
RELATED POSTS
20 Sep 2024 | စီးပွားရေး,ပြည်တွင်း
20 Sep 2024 | စီးပွားရေး,ပြည်တွင်း
14 Sep 2024 | စီးပွားရေး,ပြည်တွင်း
14 Sep 2024 | စီးပွားရေး,နိုင်ငံတကာ