ပြိုင်ဆိုင်မှုများ ပြင်းထန်နေခြင်းကြောင့် အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌသစ် ရွေးချယ်နိုင်ခြင်း မရှိသေးဟုဆို
Pika (NSS) - အောက်တိုဘာ ၁၈
ရီပတ်ဘလစ်ကန်အမတ်ဂျင်ဂျော်ဒန်သည် အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ရန် အောက်တိုဘာလ(၁၇)ရက်က လုပ်ဆောင်ခဲ့သော ပထမဆုံးမဲပေးမှုအတွင်း ရှုံးနိမ့်သွားခဲ့ကြောင်း သိရသည်။
သို့သော်လည်း ဂျင်ဂျော်ဒန်သည် ၎င်း၏ ပြိုင်ဖက်များကို အနိုင်ယူနိုင်သည်အထိ မဲအရေအတွက်များ ထပ်မံ ရရှိလာနိုင်ဖွယ်ရှိနေကြောင်းလည်း သိရသည်။ အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့် ကျောထောက်နောက်ခံ ပြုထားသော အိုဟိုင်းယိုးပြည်နယ် လွှတ်တော်အမတ်ဂျင်ဂျော်ဒန်သည် မဲ(၂ဝဝ)ရရှိခဲ့သော်လည်း အောက်လွှတ်တော်ဥက္ကဋ္ဌဖြစ်ရန်အတွက် (၂၁၇)မဲ လိုအပ်ကြောင်းလည်း သိရသည်။
ထို့အပြင် ဂျင်ဂျော်ဒန်၏ ရီပတ်ဘလစ်ကန်ပါတီဝင်(၂ဝ)ဦးမှာ ၎င်းကို ကန့်ကွက်မဲပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဒီမိုကရက်တစ်ပါတီဝင်(၂၁၂)ဦးလုံးသည် ၎င်းတို့၏ ခေါင်းဆောင် Hakeem Jeffries ကို မဲပေးခဲ့ကြကြောင်းလည်း သိရသည်။
အမေရိကန်အောက်လွှတ်တော်ကိုယ်စားလှယ်များသည် အောက်လွှတ်တော်ဥက္ကဋ္ဌ ကီဗင်မက်ကာသီကို ရာထူးမှ ဖြုတ်ချခဲ့ပြီးနောက် သီတင်းပတ်နှစ်ပတ်အကြာတွင် ယခုကဲ့သို့ မဲပေးမှုများ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ ရှုံးနိမ့်မှုအရ အောက်လွှတ်တော်ဥက္ကဋ္ဌအသစ်နေရာတွင် တာဝန်ထမ်းဆောင်မည့်သူကို ဆက်လက်ရွေးချယ်ရဦးမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါအချက်ကြောင့် အမေရိကန်လွှတ်တော်သည် အစ္စရေး-ဟားမက်စစ်ပွဲ နှင့် ယူကရိန်းစစ်ပွဲတို့နှင့်ပတ်သက်ပြီး တုံ့ပြန်နိုင်ခြင်းမျိုး မလုပ်ဆောင်နိုင်သေးကြောင်း သိရသည်။ ထို့အပြင် အမေရိကန်လွှတ်တော်သည် အစိုးရ၏ ဘတ်ဂျက်ရန်ပုံငွေ အသုံးစရိတ်အတွက် ဆုံးဖြတ်ချက်များကို နိုဝင်ဘာလ(၁၇)ရက် နောက်ဆုံးထားကာ လုပ်ဆောင်ရန် လိုအပ်ကြောင်းလည်း သိရသည်။
အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌသစ်နေရာအတွက် မဲပေးရွေးချယ်မှုကို လာမည့် အောက်တိုဘာလ (၂၄)ရက် တွင် ထပ်မံလုပ်ဆောင်သွားနိုင်ဖွယ်ရှိကြောင်း ဂျင်ဂျော်ဒန်၏ ရုံးက ပြောကြားခဲ့သည်။ သို့သော်လည်း ဂျင်ဂျော်ဒန် သည် ထောက်ခံမဲများပိုရမလား (သို့မဟုတ်) ၎င်း၏ ပြိုင်ဖက်များ ကြီးထွားလာမည်ကို စောင့်ကြည့်ရမလား ဆိုသည့်အချက်ကို လက်ရှိအချိန်ထိ ရှင်းရှင်းလင်းလင်းမသိရှိရသေးကြောင်း သိရသည်။
ဖြုတ်ချခံခဲ့ရသော ဥက္ကဋ္ဌကီဗင်မက်ကာသီသည် ပြီးခဲ့သည့်ဇန်နဝါရီလက လေးရက်ကြာ ကျင်းပခဲ့သော အောက်လွှတ်တော်ဥက္ကဋ္ဌသစ်နေရာအတွက် မဲပေးရွေးချယ်မှု (၁၅)ကြိမ်တွင် မဲ(၂ဝဝ)အောက် ရရှိခဲ့ခြင်းမျိုး မရှိဖူးကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နေပြည်တော်မှာ အချုပ်သားတွေ ထွက်ပြေးမှု-ပြန်မမိသေး၊ ရေးဘီးလူးနဲ့ ရေးလုံခြုံရေးတပ်ဖွဲ့ ဘယ်သူပိုစွမ်းလဲ၊ အစုလိုက်အပြုံလိုက် ယုံကြည်သက်ဝင်မှုကို ပြသတဲ့ ကျောက်မဲက ဖြစ်စဉ် (၁၈-၁ဝ-၂ဝ၂၃)
RELATED POSTS
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,ပြည်တွင်း