အီရတ်ရှိ အမေရိကန်တပ်ဖွဲ့များကိုတိုက်ခိုက်မည့် ဒရုန်းနှစ်စင်းကို ကြားဖြတ်ဟန့်တားကာ ဖျက်ဆီးပစ်နိုင်ခဲ့ကြောင်း အမေရိကန်စစ်တပ်ပြော
Pika (NSS) - အောက်တိုဘာ ၁၈
အမေရိကန်စစ်တပ်သည် အောက်တိုဘာလ(၁၈)ရက် အစောပိုင်းတွင် အီရတ်ရှိ ၎င်း၏ တပ်ဖွဲ့များကို ပစ်မှတ်ထားတိုက်ခိုက်ရန် လုပ်ဆောင်ခဲ့သောဒရုန်းနှစ်စင်းကို ကြားဖြတ်ဟန့်တားနိုင်ခဲ့ကြောင်း အမေရိကန်အရာရှိနှစ်ဦးက ပြောကြားခဲ့သည်။
အဆိုပါတိုက်ခိုက်မှုကို မည်သည့်အဖွဲ့က လုပ်ဆောင်ခဲ့သည်ဆိုသည့်အချက်ကို ၎င်းတို့က ထုတ်ဖော်ပြောဆိုခဲ့ခြင်း မျိုးမရှိခဲ့ကြောင်း သိရသည်။ အစ္စရေး-ဟားမက်စစ်ပွဲနှင့်ပတ်သက်ပြီး ဒေသတွင်း တင်းမာမှုများမြင့်တက်နေချိန်မှာ အီရန်ကျောထောက်နောက်ခံပြုအဖွဲ့၏ လှုပ်ရှားမှုများကို အမေရိကန်က သတိပေးမှုများရှိနေချိန်တွင် ယခုကဲ့သို့ တိုက်ခိုက်မှုများ ထွက်ပေါ်လာခြင်းဖြစ်သည်။
အဆိုပါ ဒရုန်းနှစ်စင်းသည် အမေရိကန်တပ်ဖွဲ့များအား လက်ခံထားသော အီရတ်ရှိ al Asad လေတပ်စခန်းကို တိုက်ခိုက်ရန်ကြိုးပမ်းခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်အရာရှိက ပြောကြားခဲ့သည်။
ဂါဇာကမ်းမြောင်ဒေသရှိ ဆေးရုံတစ်ခု ဗုံးကြဲတိုက်ခိုက်ခံရကာ အနည်းဆုံးလူ(၅ဝဝ)ထက်မနည်း သေဆုံးခဲ့ပြီးနောက် နာရီပိုင်းအကြာတွင် အဆိုပါဖြစ်ရပ်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အစ္စရေး၏ လေကြောင်းမှ တိုက်ခိုက်မှုများသည် ဆေးရုံကိုထိမှန်ခဲ့ခြင်းဖြစ်ကြောင်း ပါလက်စတိုင်းအရာရှိများက ပြောကြားခဲ့သည်။
ထို့အပြင် အစ္စရေးသည် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနက ပြစ်တင်ပြောခဲ့သည်။ အစ္စရေး-ဟားမက်စစ်ပွဲနှင့်ပတ်သက်ပြီး အီရတ်တွင် တင်းမာမှုများ ပိုမိုမြင့်တက်လာခဲ့ကြောင်းလည်း သိရသည်။
ပြီးခဲ့သည့်သီတင်းပတ်တွင် အီရတ်ရှိ ရှီးယိုက်ဘာသာရေးခေါင်းဆောင် Ali Al Sistani သည် အစ္စရေးလုပ်ရပ်များကိုပြစ်တင်ရှုတ်ချခဲ့ပြီး ဂါဇာကမ်းမြောင်ဒေသတွင်ဖြစ်ပွားနေသော ဆိုးရွားသည့် ရက်စက်ကြမ်းကြုတ်မှုများကို ဆန့်ကျင်ရန် တစ်ကမ္ဘာလုံးကို တောင်းဆိုခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စီးပွားရေးအရ အကြပ်ကိုင်မှုများကို လက်မခံဘဲ ဆန့်ကျင်ကြောင်း တရုတ်သမ္မတ ပြော
RELATED POSTS
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ