သမ္မတဂျိုးဘိုင်ဒန် အပါအဝင် အမေရိကန်နိုင်ငံရေးသမားများ လေ့လာသင်ယူစရာများ ကျန်ရှိနေကြောင်း ရုရှားသမ္မတပူတင် ဝေဖန်
Pika (NSS) - အောက်တိုဘာ ၁၈
ရုရှားသမ္မတပူတင်အား ရာထူးမှဖြုတ်ချသွားမည်ဆိုသည့် အမေရိကန်သမ္မတဂျိုးဘိုင်ဒန်၏ ပြောဆိုချက်များကို ပူတင်က ပြန်လည်တုံ့ပြန်ပြောဆိုခဲ့ကြောင်း သိရသည်။
ထို့အပြင် အမေရိကန်နိုင်ငံရေးသမားများသည် သင်ယူစရာများ ကျန်ရှိနေသေးကြောင်း ပူတင်က ပြန်လည် ပြောဆိုခဲ့သည်။
ပူတင်က "အမေရိကန်နိုင်ငံရေးသမားတွေဟာ သင်ယူစရာတွေ အများကြီးကျန်ရှိနေပါသေးတယ်။ ဒီလိုသင်ယူမှု တွေရှိမယ်ဆိုရင် ဘယ်သူ့ကိုမှ ရာထူးက ဖြုတ်ချချင်တယ်ဆိုတဲ့ဆန္ဒတွေလည်းရှိလာမှာ မဟုတ်ပါဘူး။ နောက်ထပ် သင်ယူစရာက အခြားလူတွေကို လေးစားဖို့နဲ့ အပေးအယူလုပ်တတ်ဖို့ပါပဲ" ဟု ပြောခဲ့သည်။
အမေရိကန်သမ္မတဂျိုးဘိုင်ဒန်၏ ပြောဆိုချက်များနှင့်ပတ်သက်ပြီး မှတ်ချက်ပေးရန်တောင်းဆိုမှုများကို ပူတင်က ယခုကဲ့သို့ တုံ့ပြန်ပြောဆိုခဲ့ခြင်းဖြစ်သည်။ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်၏ ပြောဆိုချက်များနှင့်ပတ်သက်ပြီး ရုရှားသမ္မတဟောင်း ဒီမစ်ထရီမက်ဗီဒက်က "ဒီလိုမျိုးက ဘယ်တော့မှဖြစ်လာမှာ မဟုတ်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ဟာ သူဘာတွေပြောခဲ့လဲဆိုတာကို မေ့သွားလို့ပါပဲ။ စိတ်ကျရောဂါက တကယ်အသုံးဝင်တဲ့အရာတစ်ခုပါပဲ" ဟု တုံ့ပြန်ပြောခဲ့သည်။
အသက်(၈၁)နှစ်ရှိပြီဖြစ်သော ဂျိုးဘိုင်ဒန်သည် အမေရိကန်သမ္မတသမိုင်းတွင် အသက်အကြီးဆုံးသမ္မတအဖြစ် စာရင်းဝင်ထားသည်။ ထို့အပြင် ဂျိုးဘိုင်ဒန်သည် လူမြင်ကွင်းများတွင် လွဲမှားစွာပြောဆိုမှုများ၊ ၎င်း၏ ရုပ်ပိုင်းဆိုင် ရာ နှင့် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးဆိုရွားလာမှုများနှင့်ပတ်သက်ပြီး ဝေဖန်ခြင်းများကို ခံနေရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အီရတ်ရှိ အမေရိကန်တပ်ဖွဲ့များကိုတိုက်ခိုက်မည့် ဒရုန်းနှစ်စင်းကို ကြားဖြတ်ဟန့်တားကာ ဖျက်ဆီးပစ်နိုင်ခဲ့ကြောင်း အမေရိကန်စစ်တပ်ပြော
RELATED POSTS
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ