စစ်ရေးအရေးပေါ်အကူအညီအဖြစ် ဒေါ်လာ ၁ဝ ဘီလျံကူညီထောက်ပံ့ပေးဖို့ အမေရိကန်အစိုးရထံ အစ္စရေးအစိုးရ တောင်းခံ
ဂျန်ဇက် (NSS) - အောက်တိုဘာ ၁၉
အစ္စရေးနိုင်ငံဟာ ပါလက်စတိုင်းလက်နက်ကိုင်အဖွဲ့ ဟားမက်စ်နဲ့စစ်ပွဲဖြစ်ပွားနေချိန်မှာပဲ အမေရိကန်ဒေါ်လာ ၁ဝ ဘီလျံကို အရေးပေါ်ကူညီထောက်ပံ့ပေးဖို့ အမေရိကန်အစိုးရထံ တောင်းခံခဲ့ကြောင်း နယူးယောက်တိုင်းမ် သတင်းစာက ဖော်ပြထားပါတယ်။
အမေရိကန်အစိုးရ နဲ့ အမေရိကန်အောက်လွှတ်တော်ကိုယ်စားလှယ်တွေ၊ အစ္စရေး၊ ယူကရိန်းနဲ့ ထိုင်ဝမ်တို့ကို စစ်ရေးအကူအညီအပြင် အမေရိကန်-မက္ကဆီကိုနယ်စပ်အတွက် ရန်ပုံငွေ ငွေကြေးများပိုမိုရရှိအောင် ဆွေးနွေးရဖွယ်ရှိနေကြောင်း သိရပါတယ်။
အမေရိကန်အထက်လွှတ်တော်အမတ်အဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ Chuck Schumerက ၎င်းတို့ဟာ အစ္စရေးကို စစ်လက်နက်ပစ္စည်းများ အစားထိုးဖြည့်တင်းနိုင်ဖို့နဲ့ စစ်လက်နက်ပစ္စည်းအသစ်များ ထပ်မံရရှိအောင် ဆွေးနွေးနေ ကြောင်း ပြောပါတယ်။ အမေရိကန်သတင်းစာက အစ္စရေးဟာ အမေရိကန်အစိုးရထံကနေ စစ်ရေးအကူအညီအဖြစ် အမေရိကန်ဒေါ်လာ ၁ဝ ဘီလျံတောင်းခံထားတယ်လို့ ပြောဆိုပေမယ့် အသေးစိတ်အခြေအနေများကို ထုတ်ဖော် ပြောဆိုခြင်းမျိုး မရှိကြောင်း သိရပါတယ်။
အမေရိကန်ဘဏ္ဍာရေးဝန်ကြီး ဂျာနက်ယဲလ်လင်ကလည်း အမေရိကန်အစိုးရအနေနဲ့ ယူကရိန်းအပြင် အစ္စရေးကိုလည်း လိုအပ်တဲ့စစ်ရေးအကူအညီထောက်ပံ့ပေးမှုတွေ လုပ်ဆောင်သွားမှာဖြစ်ကြောင်း ပြောပါတယ်။ အမေရိကန်အစိုးရဟာ ပြည်ပရှိ မဟာမိတ်နိုင်ငံများကို ကူညီထောက်ပံ့ပေးဖို့ အရင်းအမြစ်အလုံလောက်ရှိကြောင်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီးက ပြောပါတယ်။
ဟားမက်စ်အဖွဲ့ဟာ အစ္စရေးကို ကြိုတင်သတိပေးချက်မထုတ်ပြန်ဘဲ အောက်တိုဘာ ၇ ရက်က စတင် တိုက်ခိုက်ခဲ့ရာ ဟားမက်စ်နဲ့ အစ္စရေးကြား စစ်ပွဲစတင်ခဲ့ပြီး ပါလက်စတိုင်း ၂၈ဝဝ နဲ့ အစ္စရေးနိုင်ငံသား ၁၄ဝဝ ကျော် သေဆုံးထားကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နျူကလီးယားဆိုဒ်များကို ရှင်းလင်းရန်အတွက် ကုန်ကျစရိတ်မှာ ပြီးခဲ့သည့်(၇)နှစ်အတွင်း အမေရိကန်ဒေါ်လာ (၁)ဘီလျံခန့် တိုးမြင့်လာခဲ့ကြောင်း အမေရိကန်အစိုးရတာဝန်ခံရုံးက သတင်းထုတ်ပြန်ခဲ့
RELATED POSTS
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ