ရေးမြို့ရှိ ငါးလုပ်ငန်းဦးစီးဌာနမှ ဦးစီးမှူးတစ်ဦးကို ရေးဘီလူး PDF အဖွဲ့က သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်
မြူနစ် (NSS) - အောက်တိုဘာ ၁၈
မွန်ပြည်နယ်၊ ရေးမြို့ရှိ ငါးလုပ်ငန်းဦးစီးဌာနမှ ဦးစီးမှူးဖြစ်သူ ဦးဇော်နိုင်လင်းကို ရေးဘီလူး PDF အဖွဲ့က သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခဲ့ကြောင်း သတင်းရရှိသည်။
ဦးစီးမှူးဦးဇော်နိုင်လင်းသည် ယနေ့(အောက်တိုဘာလ ၁၈ ရက်)၊ နံနက် ၈ နာရီအချိန်ခန့်တွင် ရေးမြို့၊ ရန်ကြီးအောင်ရပ်ကွက်၊ ကမ်းနားလမ်းရှိ လက်ဖက်ရည်ဆိုင်၌ ထိုင်နေစဉ်အချိန်တွင် ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ကြောင်း ရေးမြို့ရှိ နိုင်ငံ့ဝန်ထမ်းတစ်ဦးက NSS ကိုပြောသည်။
ရေးဘီလူး PDF အဖွဲ့မှအဖွဲ့ဝင်တစ်ဦးသည် အဆိုပါလက်ဖက်ရည်ဆိုင်အတွင်းရှိနေသော ဦးစီးမှူးဦးဇော်နိုင်လင်းကို သေနတ်ဖြင့် အနီးကပ်ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။
“ငါးလုပ်ငန်းဦးစီးမှူးက ကမ်းနားလမ်းမှာရှိတဲ့ လက်ဖက်ရည်ဆိုင်မှာ ထိုင်နေချိန် အပစ်ခံရတာပါ။ အပစ်ခံရတော့ နေရာမှာဘဲ ဆုံးသွားတယ်။ ရေးမြို့မှာက PDF အဖွဲ့တွေ တော်တော်လေးပြန့်နေတဲ့သဘောရှိတယ်။ နိုင်ငံ့ဝန်ထမ်းတွေလည်း တော်ရုံတန်ရုံအပြင် မထွက်ရဲကြဘူး။ အဲဒီလိုဖြစ်နေတယ်”ဟု ရေးမြို့ရှိ နိုင်ငံ့ဝန်ထမ်းတစ်ဦးက ပြောသည်။
ထိုသို့ ပစ်ခတ်ခံရမှုကြောင့် ဦးစီးမှူးဦးဇော်နိုင်လင်းတွင် ကျည်ဖောက်ဝင်ဒဏ်ရာ (၄)ချက်ထက်မနည်းရရှိခဲ့ကာ နေရာ၌ပင်သေဆုံးသွားခဲ့ကြောင်း သိရသည်။
ရေးဘီလူး PDF အဖွဲ့သည် တနင်္သာရီတိုင်းနှင့် မွန်ပြည်နယ်တို့တွင် အခြေပြုလှုပ်ရှားနေသည့်အဖွဲ့တစ်ခုဖြစ်ပြီး နိုင်ငံ့ဝန်ထမ်းများအပါအဝင် အစိုးရနှင့်ပတ်သက်သူများကို မကြာခဏဆိုသလို ပစ်ခတ်လုပ်ကြံလေ့ရှိသော အဖွဲ့အစည်းတစ်ခုလည်း ဖြစ်သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ(၆)ခုမှ တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်ပြီးသူများ ဆေးတက္ကသိုလ်ဝင်ခွင့် လျှောက်ထားရန်ကြေညာ
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ