ရန်ကုန်ပြည်သူ့ရင်ပြင်၌ အောက်တိုဘာလ ၂၇ ရက်တွင် သီတင်းကျွတ်မီးထွန်းပွဲတော် စတင်ကျင်းပမည်
NSS - အောက်တိုဘာ ၁၈
ရန်ကုန်ပြည်သူ့ရင်ပြင်၌ သီတင်းကျွတ်မီးထွန်းပွဲတော်ကို လာမည့် အောက်တိုဘာလ ၂၇ ရက်တွင်ကျင်းပမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်မှသိရသည်။
ရန်ကုန်တိုင်း၊ ဒဂုံမြို့နယ်၊ ပြည်လမ်းရှိ ပြည်သူ့ရင်ပြင် နှင့် ပြည်သူ့ဥယျာဉ်အတွင်း သီတင်းကျွတ် မီးထွန်း ပွဲတော်ကျင်းပမည်ဖြစ်ပြီး လက်ရှိအချိန်တွင် မီးဆိုင်းများ၊ ဖျော်ဖြေရေးစင်မြင့်၊ စားသောက်ဆိုင်ခန်းနှင့် ဈေးဆိုင်ခန်းများထားရှိရန် ဆောင်ရွက်နေကြောင်းသိရသည်။
“အောက်တိုဘာလ ၂၇၊ ၂၈၊ ၂၉၊ ၃၀ မှာ စျေးဆိုင်ခန်းတွေရော၊ ဖျော်ဖြေရေးအစီအစဉ်တွေပါ ထည့်သွင်းထားပါတယ်”ဟု ပန်းဥယျာဉ်ဌာနမှတာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
သီတင်းကျွတ် မီးထွန်းပွဲတော်အတွက် ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ မြို့နယ် ၁၂ မြို့နယ်၏ ပန်းကွက်ဖော်မှုများကိုလည်း ဆောင်ရွက်နေကြောင်းသိရသည်။
ယခုနှစ်သင်္ကြန်ပွဲတော်မှစတင်ကာ ရန်ကုန်မြို့ရှိ ပြည်သူရင်ပြင်၌ ပျော်ပွဲရွှင်ပွဲများပြန်လည်ကျင်းပလာခဲ့ပြီး သီတင်းကျွတ်နှင့်တန်ဆောင်တိုင်ကာလများတွင် မီးထွန်းပွဲတော်များ ကျင်းပရန် စီစဉ်နေကြောင်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရေးမြို့ရှိ ငါးလုပ်ငန်းဦးစီးဌာနမှ ဦးစီးမှူးတစ်ဦးကို ရေးဘီလူး PDF အဖွဲ့က သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်
RELATED POSTS
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း