ဂါဇာဒေသဆေးရုံမှာ လူပေါင်းရာချီသေဆုံးစေခဲတဲ့ တိုက်ခိုက်မှုများဖြစ်လာခြင်းအပေါ် အမေရိကန်သမ္မတဂျိုးဘိုင်ဒန် စိတ်ဆိုးဒေါသဖြစ်နေ
ဂျန်ဇက် (NSS) - အောက်တိုဘာ ၁၈
အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က ဂါဇာဒေသရှိ ဆေးရုံမှာ လူသေဆုံးစေတဲ့ပေါက်ကွဲမှုများဖြစ်ပွားရခြင်းအပေါ် စိတ်ဆိုးဒေါသဖြစ်ရကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ဂါဇာဒေသရှိ ဆေးရုံတိုက်ုခိုက်ခံရခြင်းနဲ့ပတ်သက်ပြီး ဟားမက်စ်အဖွဲ့ဟာ အစ္စရေးနိုင်ငံအပေါ် ပြစ်တင်ထားကာ အစ္စရေးနိုင်ငံကတော့ အစ္စလာမ်မစ်အဖွဲ့တွေရဲ့လက်ချက်ဖြစ်ကြောင်း ပြောပါတယ်။ ဂျိုးဘိုင်ဒန်က "ဂါဇာဒေသရှိ Al-Ahli Arab ဆေးရုံ ပေါက်ကွဲမှုများကြောင့် စိတ်ဆိုးဒေါသဖြစ်ရသလို စိတ်မကောင်းဝမ်းနည်းမိတယ်။ အဲဒီဆေးရုံ ပေါက်ကွဲမှုတွေကြောင့် လူတွေသေဆုံးခဲ့ရတယ်" လို့ ပြောပါတယ်။
ဂျိုးဘိုင်ဒန်ဟာ အဆိုပါကိစ္စနဲ့ပတ်သက်ပြီး ဂျော်ဒန်ဘုရင်၊ အစ္စရေးဝန်ကြီးချုပ်တို့ နဲ့ တွေ့ဆုံဆွေးနွေးမယ့် အစီအစဉ်ကိုလည်း ဖျက်သိမ်းခဲ့ရကြောင်း သိရပါတယ်။ ဂျိုးဘိုင်ဒန်ဟာ ဂါဇာဒေသ ဗုံးကြဲခံရမှုတွေအတွက် တိကျတဲ့သတင်းအချက်အလက်တွေ ရယူနိုင်ဖို့ အမေရိကန်အမျိုးသားလုံခြုံရေးအဖွဲ့တွေကို တိုက်ရိုက်ညွှန်ကြား ထားကြောင်း သိရပါတယ်။ ဂျိုးဘိုင်ဒန်ဟာ ဂျော်ဒန်နိုင်ငံကို ယခင်က သွားရောက်ဖို့စီစဉ်ခဲ့ပေမယ့် အနည်းဆုံး လူပေါင်း ၅ဝဝ ကျော် သေဆုံးခဲ့တဲ့ ဂါဇာဒေသ ဆေးရုံဗုံးကြဲခံရပြီးနောက် ခရီးစဉ်ကို ဖျက်သိမ်းခဲ့ရကြောင်း သိရပါတယ်။
ပါလက်စတိုင်းကျန်းမာရေးဝန်ကြီးဌာနက ဂါဇာကမ်းမြောင်ဒေသရှိ Al-Ahli Baptist ဆေးရုံ ပေါက်ကွဲမှုတွေကြောင့် အနည်းဆုံးလူပေါင်း ၅ဝဝ ကျော် သေဆုံးခဲ့ကြောင်း ပြောပါတယ်။ ဂျော်ဒန်နိုင်ငံခြားရေးဝန်ကြီးက အဆိုပါကိစ္စ ဖြစ်ပျက်ပြီးနောက် အမေရိကန်သမ္မတဂျိုးဘိုင်ဒန်နဲ့တွေ့ဆုံမယ့်အစီအစဉ်ကို ဖျက်သိမ်းခဲ့ကြောင်း ထပ်မံပြောဆို ထားပါတယ်။
ပါလက်စတိုင်းလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Islamic Jihad က အစ္စရေးစစ်တပ်ဟာ လိမ်လည်ပြောဆိုခဲ့ကြောင်း၊ အဲဒီဆေးရုံကို ၎င်းတို့ တိုက်ခိုက်ခဲ့ခြင်းမရှိကြောင်း တုံ့ပြန်ထားပါတယ်။
ပါလက်စတိုင်းကျန်းမာရေးဝန်ကြီးဌာနကတော့ ဂါဇာမြို့လယ်ခေါင်ရှိ ဆေးရုံတိုက်ခိုက်ခံရမှုနောက်ကွယ်မှာ အစ္စရေး ပါဝင်နေကြောင်း ပြောဆိုထားပေမယ့် အစ္စရေးကတော့ အဲဒီတိုက်ခိုက်မှုဟာ ပါလက်စတိုင်း လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Islamic Jihad ရဲ့ ရော့ကတ်ဒုံးကျည်နဲ့ မှားယွင်းပစ်ခတ်မှုမျိုးဖြစ်ကြောင်း ဆိုပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ကုန်ပြည်သူ့ရင်ပြင်၌ အောက်တိုဘာလ ၂၇ ရက်တွင် သီတင်းကျွတ်မီးထွန်းပွဲတော် စတင်ကျင်းပမည်
RELATED POSTS
20 Sep 2024 | နိုင်ငံရေး,ပြည်တွင်း
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း