ဖုန်းဆင်းကတ်များ အောက်တိုဘာလ မကုန်မီ ပြန်လည်ပြင်ဆင်မှတ်ပုံတင်ခြင်း မရှိပါက အပြီးပိတ်သိမ်းမည်
NSS - အောက်တိုဘာ ၁၇
ဆင်းကတ်(SIM Card) မှတ်ပုံတင်အချက်အလက်များကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ National Database အချက်အလက်များနှင့် တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ အဆိုပါ ဖုန်းဆင်းကတ်များ၏ အချက်အလက်များကို အောက်တိုဘာလ မကုန်မီ ပြန်လည်ပြင်ဆင်မှတ်ပုံတင်ခြင်းမရှိပါက အပြီးပိတ်သိမ်းမယ်ဟု ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။
ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ဇန်နဝါရီလ ၃၁ ရက်အထိ မှတ်ပုံတင်ထားခြင်းမရှိသော ဖုန်းဆင်းကတ်များကိုပိတ်သိမ်းမည်ဟု ကြေညာခဲ့ပြီးနောက် ဖေဖော်ဝါရီလ ၁၆ ရက်တွင် စတင်ပိတ်သိမ်းမှုအချို့ ရှိခဲ့သည်။
ထို့နောက် ဆင်းကတ်မှတ်ပုံတင်အချက်အလက်များ ပြန်လည် ပြင်ဆင်မှတ် ပုံတင်နိုင်ရေး အချိန်တိုးမြှင့်ပေးခြင်းများကို ထပ်မံအသိပေးထုတ်ပြန်မှုများပြုလုပ်ခဲ့သည်။
ယခု ထပ်မံအသိပေးမှုတွင်လည်း လဝက၏အချက်အလက်များနှင့် တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းတွင် အချက်အလက်မမှန်သော နိုင်ငံသားစိစစ်ရေးကတ်များဖြင့် မှတ်ပုံတင်ထားသော ဆင်းကတ်သုံးစွဲသူများထံ မှန်ကန်စွာပြန်လည်မှတ်ပုံတင်ရန် အသိပေးစာတို(SMS)များ ပေးပို့ထားကြောင်းသိရသည်။
ထို့ကြောင့် အချက်အလက်အမှန်ဖြင့် အမြန်လာရောက်မှတ်ပုံတင်ရန် ထပ်မံအသိပေးခြင်းမျိုးဖြစ်ပြီး ယခုလမကုန်မီ ပြန်လည်ပြင်ဆင်မှတ်ပုံတင်ခြင်းမရှိလျှင် ယင်းဆင်းကတ်များကို အပြီးပိတ်သိမ်းသွားမည်ဖြစ်ကြောင်း သိရသည်။
ဆင်းကတ်သုံးစွဲသည့် ပြည်သူများအနေဖြင့် မိမိတို့ အသုံးပြုနေသော ဆင်းကတ်ပိတ်သိမ်းခံရမှုမရှိစေရေးအတွက် ပြန်လည်မှတ်ပုံတင်နိုင်ရန် အသိပေးစာတို (SMS) ရရှိပါက သက်ဆိုင်ရာ မိုဘိုင်းအော်ပရေတာများ၏ အရောင်းဆိုင်များ၊ Application (App)များ၊ Website တို့တွင် နိုင်ငံသားစိစစ်ရေးကတ် အချက် အလက်အမှန်ဖြင့် အမြန်ပြန်လည်မှတ်ပုံတင်ကြရန်လည်း ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ အသိပေးထုတ်ပြန်ထားသည်။
ဆင်းကတ်များ ပြန်လည်မှတ်ပုံတင်ခြင်းနှင့်ပတ်သက်၍ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက စက်တင်ဘာလ ၂၆ ရက်တွင် မိုဘိုင်းဆက်သွယ်ရေးဝန်ဆောင်မှုများကို မှန်ကန်စွာသုံးစွဲသူများအား အကာအကွယ်ပေးနိုင်ရန်၊ ငွေကြေးဝန်ဆောင်မှု၊ e-commerce လုပ်ငန်းများနှင့်ပတ်သက်၍ ကာကွယ်ပေးနိုင်ရန် နှင့် ပြစ်မှုကျူးလွန်သူများကို စုံစမ်းဖော်ထုတ်နိုင်ရန် ရည်ရွယ်ကာ ဖုန်းဆင်းကတ်များ ရောင်းချရာတွင် လိုက်နာရမည့်အမိန့်နှင့် ညွှန်ကြားချက်များကို အမိန့်ကြော်ငြာစာ တစ်ခုထုတ်ပြန်ခဲ့သည်။
သို့သော် ဖုန်းဆင်းကတ်များကို စနစ်တကျရောင်းချခြင်းနှင့် လွှဲပြောင်းရာတွင် ပြန်လည်မှတ်ပုံတင်ခြင်းမရှိပါက ဆက်သွယ်ရေးဥပဒေပုဒ်မ (၇၂)အရ အရေးယူခြင်းခံရမည်ဟုလည်း အသိပေးထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ခင်ဦးမြို့နယ်တွင် သေနတ်ဖြင့်ပစ်ခတ်ခံရမှုကြောင့် သံဃာတစ်ပါးနှင့် အရပ်သား တစ်ဦးအပါအဝင် (၄)ဦးသေဆုံး
RELATED POSTS
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း