BRICS အဖွဲ့ဝင်နိုင်ငံများ၏ ရည်မှန်းချက်ကို ရုရှားသမ္မတပူတင် ထုတ်ဖော်ပြော
Pika (NSS) - အောက်တိုဘာ ၁၆
ကမ္ဘာ့အင်အားကြီးနိုင်ငံတစ်ခုတည်းက လွှမ်းမိုးမှုကို မလိုချင်သောကြောင့် နိုင်ငံအများအပြားသည် BRICS အဖွဲ့ဝင်များဖြစ်လာခဲ့ကြောင်း ရုရှားသမ္မတပူတင်က ထုတ်ဖော်ပြောခဲ့သည်။
ပူတင်က "BRICS အဖွဲ့မှာ ပါဝင်ခဲ့တဲ့ နိုင်ငံတိုင်းဟာ ဝင်ရိုးစုံကမ္ဘာတစ်ခုတည်ဆောက်မယ့် ရည်ရွယ်ချက်ကို ထောက်ခံကြပါတယ်" ဟု ပြောခဲ့သည်။
တရုတ်နိုင်ငံ အပါအဝင် နိုင်ငံအများအပြား၏ အလားအလာများသည် ဆက်လက်တိုးလာနေသောကြောင့် ဝင်ရိုးစုံ ကမ္ဘာတည်ဆောက်မည့်အစီအစဉ်မှာ ပုံမှန်အတိုင်းဆက်လက်ဖြစ်နေကြောင်း ပူတင်က ပြောခဲ့သည်။
ပူတင် က "အချုပ်အခြာအာဏာအတွက် ယှဉ်ပြိုင်နေရတာမျိုးကို ဘယ်သူကမှ မလိုချင်ပါဘူး။ လူတိုင်းက တန်းတူညီမျှဆက်ဆံရေးကိုပဲ လိုချင်ကြတာပါ။ BRICS အဖွဲ့မှာ ပါဝင်မယ်ဆိုရင် စည်းလုံးညီညွတ်တဲ့ ကြိုးပမ်းမှု တွေကြောင့် ဒီပန်းတိုင်ကို မြန်မြန်ဆန်ဆန်ရရှိမယ်ဆိုတာကို နိုင်ငံတိုင်းက နားလည်ကြပါတယ်" ဟု ပြောခဲ့သည်။
လက်ရှိအချိန်တွင် BRICS အဖွဲ့မှာ ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ် နှင့် တောင်အာဖရိက တို့ ပါဝင်ကြောင်း သိရသည်။ သို့သော်လည်း တောင်အာဖရိကနိုင်ငံ ဂျိုဟန်နက်စ်ဘာ့ချ်မြို့တွင် ကျင်းပခဲ့သော BRICS ထိပ်သီး အစည်းအဝေးအတွင်း ၂ဝ၂၄ ခုနှစ် ဇန်နဝါရီလတွင် အာဂျင်တီးနား၊ အီဂျစ်၊ အီသီယိုးပီးယား၊ အီရန်၊ ဆော်ဒီအာရေးဗျ နှင့် ယူအေအီးတို့ BRICS အဖွဲ့ကို တရားဝင် ပါဝင်လာနိုင်မည့်ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ကြောင်း သိရသည်။
ရုရှားသမ္မတပူတင်သည် အောက်တိုဘာလ(၁၇)ရက် နှင့် (၁၈)ရက်တို့တွင် ကျင်းပမည့် ပိုးလမ်းမရပ်ဝန်းစီမံကိန်းတွင် ပါဝင်ရန်အတွက် တရုတ်နိုင်ငံသို့ သွားရောက်လည်ပတ်ရန်စီစဉ်ထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အစ္စရေး - ပါလက်စတိုင်း နောက်ဆုံးရသတင်း updated (Oct-16 / 7:00 PM)
RELATED POSTS
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ