အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌကို ရွေးချယ်ရန်အတွက် အောက်တိုဘာလ(၁၇)ရက်တွင် စတင်မဲပေးမည်
Pika (NSS) - အောက်တိုဘာ ၁၆
အမေရိကန်အောက်လွှတ်တော်ကိုယ်စားလှယ်များသည် အောက်လွှတ်တော်ဥက္ကဋ္ဌကို ရွေးချယ်ရန် နောက်ဆုံး ကြိုးပမ်းမှုအဖြစ် အောက်တိုဘာလ(၁၇)ရက်တွင် စတင်မဲပေးမည်ဖြစ်ကြောင်း အဖွဲ့ဝင်များက ပြောကြားခဲ့သည်။
အောက်လွှတ်တော်ဥက္ကဋ္ဌ မရှိသည့်အတွက် ရန်ပုံငွေအသုံးစရိတ်ပိုင်းနှင့် အစ္စရေး-ဟားမက်စစ်ပွဲကဲ့သို့သော ပဋိပက္ခများကို တုံံ့ပြန်ရာတွင် အခက်အခဲများရှိစေခဲ့ခြင်းကြောင့် အဖွဲ့ဝင်များကြားတွင် စိတ်ပျက်မှုများ ပိုမိုရှိလာခဲ့ကြောင်း သိရသည်။
အမေရိကန်အောက်လွှတ်တော်ကိုယ်စားလှယ်များသည် အောက်တိုဘာလ(၃)ရက်တွင် အောက်လွှတ်တော်ဥက္ကဋ္ဌ ကီဗင်မက်ကာသီကို ရာထူးမှဖြုတ်ချခဲ့ပြီးနောက် Patrick McHenry ကို ယာယီဥက္ကဋ္ဌအဖြစ် ခန့်အပ်ထားခဲ့ကြောင်း သိရသည်။ သို့သော်လည်း အောက်လွှတ်တော်ဥက္ကဋ္ဌကီဗင်မက်ကာသီ၏ နေရာတွင် အစားထိုးနိုင်မည့် လူမှာ အနည်းငယ်သာရှိကြောင်းလည်း သိရသည်။
အောက်လွှတ်တော်ဥက္ကဋ္ဌနေရာအတွက် မဲပေးမှုကို အောက်တိုဘာလ(၁၇)ရက် မွန်းလွဲပိုင်းတွင် စတင် လုပ်ဆောင် ရန် စီစဉ်ထားကြောင်းလည်း သိရသည်။ အစ္စရေးကို ဟားမက်အဖွဲ့များကို စတင်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ပွဲများ ဖြစ်ပွားခဲ့ပြီး အောက်လွှတ်တော်ဥက္ကဋ္ဌ အသစ်နေရာအတွက် ဖိအားများပိုမိုရှိလာစေခဲ့ကြောင်း သိရသည်။
အမေရိကန်လွှတ်တော်သည် ယူကရိန်းကို အကူအညီများ ကူညီပံ့ပိုးပေးရန်အတွက် ဆုံးဖြတ်ချက်များ ချမှတ်ရန် လိုအပ်နေကြောင်း သိရသည်။ အမေရိကန်လွှတ်တော်သည် အစိုးရ၏ ရန်ပုံငွေအသုံးစရိတ်နှင့်ပတ်သက်ပြီး နိုဝင်ဘာလ(၁၇)ရက် နောက်ဆုံးထားကာ လုပ်ဆောင်ရန်လိုအပ်နေကြောင်းလည်း သိရသည်။ အမေရိကန်အောက်လွှတ်တော်တွင် သမ္မတဂျိုးဘိုင်ဒန်၏ ဒီမိုကရက်တစ်ပါတီဝင်များမှာ လူနည်းစုသာရှိပြီး ရီပတ်ဘလစ်ကန်ပါတီဝင်များက ကြီးစိုးထားကြောင်းလည်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တာချီလိတ်မြို့ရှိ မယ်ဆိုင်ချောင်းမှ ရေများမြင့်တက်မှုဖြစ်ပေါ်ခဲ့
RELATED POSTS
20 Sep 2024 | နိုင်ငံရေး,ပြည်တွင်း
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း