တာချီလိတ်မြို့ရှိ မယ်ဆိုင်ချောင်းမှ ရေများမြင့်တက်မှုဖြစ်ပေါ်ခဲ့
စော(NSS) - အောက်တိုဘာ ၁၆
ရှမ်းပြည်နယ်၊ တာချီလိတ်မြို့ရှိ မယ်ဆိုင်ချောင်းမှ ရေများမြင့်တက်လာပြီး လက်ရှိအချိန်တွင် ပြန်လည်ကျဆင်းသွားပြီဖြစ်ကြောင်း သတင်းရရှိသည်။
အဆိုပါ ချောင်းရေသည် ယနေ့(အောက်တိုဘာလ ၁၆ ရက်)၊ မွန်းလွဲပိုင်းမှစတင်၍ ရေများမြင့်တက်လာခြင်းဖြစ်ကြောင်း ဦးလှမိုးတာချီလိတ်လူမှုကူညီရေးအသင်းထံမှ သိရသည်။
“နေလည် (၁၂)နာရီလောက်က ရေတက်လာပြီး အခုပြန်ကျသွားပါပြီ။ တောင်ကျရေလေးပါ။ ဒီနေ့ညသာ မိုးမကျရင်တော့ ရေကမလာပါဘူး။ တာလော့ရပ်ကွက်တော့ ရေဝင်စလေးပါပဲ။ ရွှေနန်းတော်နေရာလေးပဲ ဝင်ဖြစ်သေးတာ အခုတော့ပြန်ကျသွားပြီ”ဟု ဦးလှမိုးတာချီလိတ်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
မယ်ဆိုင်ချောင်းရေမြင့်တက်မှုကြောင့် တာလော့ရပ်ကွက်ထဲသို့ ရေဝင်ရောက်ခဲ့ပြီး လက်ရှိအချိန်တွင် ပြန်လည်ကျဆင်းသွားပြီဖြစ်ကြောင်း သိရသည်။
“ဒီနေ့ကတော့ မိုးမရွာဘဲ ရေတက်လာတာပေါ့။ လက်ရှိကတော့ ရွှေ့စရာရှိတာကို ဝိုင်းရွှေ့ပြီး ကားတွေဘာတွေကို ဖယ်ပေးတယ် ဒီလောက်ပါပဲ”ဟု ရွှေမယ်ယန်းပရဟိတအသင်းမှတာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အလားတူ ပြီးခဲ့သည့် အောက်တိုဘာလ (၇)ရက်မှစတင်၍ ပဲခူးမြစ်ရေ စံချိန်တင်မြင့်တက်မှုနှင့် မိုးရွာသွန်းမှုကြောင့် ပဲခူးမြို့တစ်မြို့လုံးနီးပါး ရေဝင်ရောက်မှုဖြစ်ပေါ်ခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စက်တင်ဘာလအတွင်း ပြည်ပသို့ ပဲတီစိမ်းတန်ချိန် (၁၃ဝဝဝ)ကျော်တင်ပို့နိုင်ခဲ့
RELATED POSTS
08 Nov 2024 | အထွေထွေ,ပြည်တွင်း
08 Nov 2024 | အထွေထွေ,နိုင်ငံတကာ
31 Oct 2024 | အထွေထွေ,နိုင်ငံတကာ