ရုရှားနိုင်ငံက မြန်မာလုပ်သားများကို ခေါ်ယူရန် ဆန္ဒရှိနေပြီး လုပ်သားပို့ဆောင်ရေး နှစ်နိုင်ငံအကြား MoU ရေးထိုးရန်ရှိ
မြူနစ် (NSS) - အောက်တိုဘာ ၁၆
ရုရှားနိုင်ငံက မြန်မာလုပ်သားများကို ခေါ်ယူရန် ဆန္ဒရှိနေပြီး လုပ်သားပို့ဆောင်ရေးအတွက် နှစ်နိုင်ငံအကြား MoU ရေးထိုးရန်ရှိကြောင်း သတင်းရရှိသည်။
နစက၏ အလုပ်သမားဝန်ကြီးအသစ် ဦးမြင့်နောင်အနေဖြင့် ပြည်ပအလုပ်သမားဈေးကွက်နှင့်ပတ်သက်၍ ရုရှားနိုင်ငံအပါအဝင် အခြားနိုင်ငံများ၌ တိုးချဲ့ရှာဖွေမှုများပြုလုပ်လျက်ရှိကြောင်း တွေ့ရှိရသည်ဟု ပြည်ပအလုပ်အကိုင်အေဂျင်စီအသိုင်းအဝိုင်းက ပြောသည်။
လက်ရှိတွင် ရုရှားနိုင်ငံရှိ ကုမ္ပဏီတစ်ခုအနေဖြင့် မြန်မာလုပ်သားများကို ခေါ်ယူလိုကြောင်း ကမ်းလှမ်းနေမှုများရှိပြီး လုပ်သားစေလွှတ်နိုင်ရေးအတွက် စီစဉ်ပြင် ဆင်နေမှုများရှိကြောင်း သိရသည်။
“သူတို့က အခုဆိုရင် ကျွန်းကြီးတစ်ခုမှာ Developing လုပ်ဖို့ပြင်နေတယ်။ ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွက် ခေါ်နေတာရှိတယ်။ ကုမ္ပဏီတစ်ခုက လာတာပေါ့။ ဒါ့ပြင် သင်္ဘောကျင်းတွေမှာလည်း အလုပ်လုပ်ဖို့ ခေါ်ချင်နေတာတွေရှိတယ်။ အဲဒီအတွက် လက်မှတ်ထိုးဖို့ လုပ်နေတာရှိတယ်။ ကျွန်တော်တို့ဘက်ကလည်း စိတ်ဝင်စားတယ်”ဟု ပြည်ပအလုပ်အကိုင်အေဂျင်စီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
မြန်မာလုပ်သားများကို ရုရှားနိုင်ငံသို့ စေလွှတ်နိုင်ရေးအတွက် နှစ်နိုင်ငံအကြား နာလည်မှုစာချွန်လွှာ(MoU) ရေးထိုးရန် ပြင်ဆင်နေမှုများရှိကြောင်းအလုပ်သမား ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးကလည်း NSS ကို အတည်ပြုထားသည်။
ရုရှားနိုင်ငံသည် ၎င်း၏ ဆောက်လုပ်ရေးလုပ်ငန်းခွင်နှင့် သင်္ဘောကျင်းလုပ်ငန်းများတွင် အလုပ်လုပ်ကိုင်ရန်အတွက် မြန်မာလုပ်သားများကို ခေါ်ယူလိုခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် မြန်မာနိုင်ငံမှ လုပ်သားများအနေဖြင့် ထိုင်းနိုင်ငံသို့ အများဆုံးသွား ရောက် အလုပ်လုပ်ကိုင်လျက်ရှိပြီး မလေးရှား၊ စင်္ကာပူ၊ ကိုရီးယား၊ ဂျပန်နှင့် အရှေ့အလယ်ပိုင်းနိုင်ငံများတွင်လည်း သွားရောက်အလုပ်လုပ်ကိုင်မှုများရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌကို ရွေးချယ်ရန်အတွက် အောက်တိုဘာလ(၁၇)ရက်တွင် စတင်မဲပေးမည်
RELATED POSTS
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း