အစ္စရေးနဲ့ ဟားမက်စ်တို့ဖြစ်နေတဲ့စစ်ပွဲအတွင်း အီရန်နိုင်ငံ တိုက်ရိုက်ပါဝင်လာမှာကို စိုးရိမ်မိကြောင်း အမေရိကန်အစိုးရပြော
ဂျန်ဇက် (NSS) - အောက်တိုဘာ ၁၆
အစ္စရေးနဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြားဖြစ်ပွားနေတဲ့ စစ်ပွဲအတွင်း အီရန်နိုင်ငံ တိုက်ရိုက်ပါဝင်လာမှာကို စိုးရိမ်မိကြောင်း အမေရိကန်အစိုးရက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
အမေရိကန်အစိုးရ အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန်က စစ်ပွဲအရှိန်ပိုမိုမြင့်တက်လာပြီး အီရန်နိုင်ငံတိုက်ရိုက်ပါဝင်မှုကို စိုးရိမ်မိကြောင်း၊ အစ္စရေး-လက်ဘနွန်နယ်စပ်ဒေသမှာ စစ်မျက်နှာအသစ် တစ်ခု ထပ်မံဖြစ်လာမှာလည်း စိုးရိမ်မိကြောင်း ၎င်းက ပြောပါတယ်။
၎င်းက "အီရန်နိုင်ငံဟာ ဒီစစ်ပွဲမှာ တိုက်ရိုက်ပါဝင်လာမှာကို ငြင်းပယ်ထားလို့မရဘူး။ အဲဒီအတွက် ကျွန်တော်တို့ဟာ ဖြစ်လာနိုင်သမျှအတွက် ကြိုတင်ပြင်ဆင်ထားရတယ်။ အီရန်ဟာ ဟားမက်စ် နဲ့ လက်ဘနွန်အခြေစိုက် ဟစ်ဘိုလာအဖွဲ့တွေကို နှစ်ပေါင်းများစွာကြာ ငွေကြေးနဲ့ စစ်လက်နက်တွေ ကူညီပေးခဲ့တယ်။ ဟားမက်စ်နဲ့ အစ္စရေးတို့ စစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်းကတည်းက စစ်ပွဲအရှိန် မြင့်တက် လာမှာကို စိုးရိမ်နေပါတယ်။ ကျွန်တော်တို့ဟာ စစ်ပွဲအရှိန်ထပ်မံမြင့်တက်မှုနဲ့ အခြားတစ်နိုင်ငံက ဝင်တိုက်တာကို တားဆီးဖို့ မြေထဲပင်လယ် အရှေ့ဘက်ပိုင်းကို လေယာဉ်တင်သင်္ဘောတွေ စေလွှတ်ခဲ့သလို ပင်လယ်ကွေ့ဒေသကိုလည်း တိုက်လေယာဉ်တွေ စေလွှတ်ခဲ့တယ်" လို့ ပြောပါတယ်။
အစ္စရေးနိုင်ငံနဲ့ အနီးစပ်ဆုံးဒေသဖြစ်တဲ့ မြေထဲပင်လယ်အရှေ့ဘက်ပိုင်းကို အမေရိကန်ကာကွယ်ရေး ဝန်ကြီးဟာ လေယာဉ်တင်သင်္ဘောအုပ်စုတွေဖြစ်တဲ့ USS Eisenhower နဲ့ USS Gerald R. Ford တို့ကို စေလွှတ်ထားကြောင်း သိရပါတယ်။
အစ္စရေးနဲ့ ဟားမက်စ်တို့စစ်ပွဲဖြစ်လာခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာပဲ လက်ဘနွန်အခြေစိုက် ဟစ်ဘိုလာ နဲ့ ဆီးရီးယားအခြေစိုက်လက်နက်ကိုင်အဖွဲ့တွေဟာ အစ္စရေးနိုင်ငံဘက်ခြမ်းကို ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ကုန်မြို့တွင် (၂)ရက်အတွင်း ငွေကျပ်သိန်း(၁၀၀၀)ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
RELATED POSTS
20 Sep 2024 | နိုင်ငံရေး,ပြည်တွင်း
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း