နိုင်ငံပြိုကွဲစေမည့် လုပ်ဆောင်မှုများကို လက်မခံကြောင်း တပ်ချုပ်နှင့် တရုတ်အထူးကိုယ်စားလှယ်တို့ တွေ့ဆုံဆွေးနွေး
မျိုးကြီး (NSS) - အောက်တိုဘာ ၁၆
နိုင်ငံပြိုကွဲစေမည့် လုပ်ဆောင်မှုများကို လက်မခံကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တရုတ်နိုင်ငံ အာရှရေးရာအထူးကိုယ်စားလှယ်မစ္စတာတိန့်ရှီးကျွင်းတို့ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ယမန်နေ့(အောက်တိုဘာလ ၁၅ ရက်)၊ နံနက်ပိုင်းတွင် နေပြည်တော်၌ ကျင်းပသည့် NCA (၈)နှစ်ပြည့်အခမ်းအနားအပြီး နေ့လည်ပိုင်း၌ တပ်ချုပ်နှင့် တရုတ်အထူးကိုယ်စားလှယ်တို့သည် နစကဥက္ကဋ္ဌရုံးတွင် တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့တွေ့ဆုံရာ၌ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် ခိုင်မာစွာရပ်တည်ထောက်ခံလျက်ရှိသည့်အခြေအနေများ၊ နိုင်ငံပြိုကွဲစေမည့်လုပ်ဆောင်မှုများကို လက်ခံမှုမရှိသည့်အခြေအနေများကို နှစ်ဖက်အကြား ထည့် သွင်းဆွေးနွေးခဲ့သည်ဟု နစကမှ ထုတ်ပြန်ထားသည်။
ထို့ပြင် အွန်လိုင်းလောင်းကစားမှုများနှင့် အွန်လိုင်းလိမ်လည်မှုများ ပပျောက်စေရေးအတွက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်သွားမည့်ကိစ္စရပ်များကိုလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နှင့် မစ္စတာတိန့်ရှီးကျွင်းတို့က ထပ်မံဆွေးနွေးခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံသည် NCA စာချုပ်၌ နိုင်ငံတကာအသိသက်သေအဖြစ် ပါဝင်လက် မှတ်ရေးထိုးထားသော နိုင်ငံတစ်ခုဖြစ်ပြီး တရုတ်နိုင်ငံကိုယ်စား မစ္စတာတိန့်ရှီးကျွင်းက NCA (၈)နှစ်ပြည့်အခမ်းအနားသို့ တက်ရောက်လာခဲ့ခြင်းဖြစ်သည်။
NCA (၈)နှစ်ပြည့်အခမ်းအနား၌ မစ္စတာတိန့်ရှီးကျွင်းက “တရုတ်နိုင်ငံက မြန်မာ နိုင်ငံရဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ခိုင်မာစွာထောက်ခံအားပေးပါတယ်။ မြန်မာ နိုင်ငံဘက်အသီးသီးရဲ့လိုအပ်ချက်အရ မြန်မာနိုင်ငံတော်အချုပ်အခြာအာဏာကို အပြည့်အဝလေးစားတဲ့အခြေအနေမှာ တရုတ်နိုင်ငံက ငြိမ်းချမ်းစွာဆွေးနွေးရန် တိုက်တွန်းတဲ့ အပြုသဘောဆောင်သော အခန်းကဏ္ဍကနေပါဝင်ပြီး မြန်မာနိုင်ငံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဖော်ဆောင်ဖို့ တက်တက်ကြွကြွ ကူညီတွန်းအားပေးသွားလိုပါတယ်” ဟု ပြောသည်။
အလားတူ နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် မြန်မာနိုင်ငံ၏ အချုပ်အခြာ အာဏာကို အပြည့်အဝလေးစားကာ နိုင်ငံရေးအသွင်ကူးပြောင်းမှုနှင့် ငြိမ်းချမ်းရေး၊ အမျိုးသားသင့်မြတ်ရေးဖော်ဆောင်ရန် အပြုသဘောကူညီသွားရေး မျှော် လင့်ကြောင်းလည်း မစ္စတာတိန့်ရှီးကျွင်းက ဆိုသည်။
လက်ရှိတွင် တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေးလုပ် ငန်းစဉ်များနှင့်ပတ်သက်၍ ကြားဝင်ကူညီပေးနေမှုများရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အစ္စရေးနဲ့ ဟားမက်စ်တို့ဖြစ်နေတဲ့စစ်ပွဲအတွင်း အီရန်နိုင်ငံ တိုက်ရိုက်ပါဝင်လာမှာကို စိုးရိမ်မိကြောင်း အမေရိကန်အစိုးရပြော
RELATED POSTS
20 Sep 2024 | နိုင်ငံရေး,ပြည်တွင်း
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း