မြန်မာတစ်နိုင်ငံလုံးမှ အနောက်တောင်မုတ်သုံလေ ဆုတ်ခွာသွားပြီဖြစ်ကြောင်း မိုးဇလထုတ်ပြန်
စော(NSS) - အောက်တိုဘာ ၁၆
မြန်မာတစ်နိုင်ငံလုံးမှ အနောက်တော်မုတ်သုံလေ ဆုတ်ခွာသွားပြီဖြစ်ကြောင်း မိုးဇလ၏ အချက်အလက်များအရ သိရသည်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့(အောက်တိုဘာလ ၁၆ ရက်)၊ မွန်းလွဲပိုင်းတွင် အထက်ပါကဲ့သို့ထုတ်ပြန်ထားခြင်းဖြစ်သည်။
မိုးဇလ၏ထုတ်ပြန်ချက်အရ အနောက်တောင်မုတ်သုံလေသည် ပြီးခဲ့သည် စက်တင်ဘာလ(၁၆)ရက်က မြန်မာနိုင်ငံမြောက်ပိုင်းဒေသများမှ အစောဆုံးထွက်ခွါသွားကြောင်း သိရသည်။
အဆိုပါ မုတ်သုံလေသည် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများမှ ပြီးခဲ့သည့် စက် တင်ဘာလ (၂၄)ရက်တွင် ထွက်ခွါခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်အရသိရသည်။
ထို့နောက် အလယ်ပိုင်းဒေသနှင့် မြောက်ပိုင်းဒေသမှ မုတ်သုံလေသည် ဆုတ်ခွါခဲ့ပြီး ယခုရက်ပိုင်း အောက်တိုဘာလ (၁၁)ရက်တွင် မြစ်ဝကျွန်းပေါ်ဒေသများမှ ထပ်မံဆုတ်ခွာသွားခဲ့ကြောင်း သိရသည်။
ထို့ကြောင့် အနောက်တောင်မုတ်သုံလေသည် ယမန်နေ့(အောက်တိုဘာလ ၁၅ ရက်) တွင် မြန်မာတစ်နိုင်ငံလုံးမှ ဆုတ်ခွါသွားကြောင်း မိုးဇလမှ အသိပေးထုတ်ပြန်ထားသည်။
မိုးဇလ၏ ယနေ့(အောက်တိုဘာလ ၁၆ ရက်)၊ နံနက် (၉)နာရီခွဲအချိန်ထုတ်ပြန်ချက်အရ ကပ္ပလီပင်လယ်ပြင် နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေကြောင်း သိရသည်။
မြန်မာ့ပင်လယ်ပြင်အနေဖြင့် လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိပြီး လှိုင်းအမြင့်သည် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၃)ပေမှ (၆)ပေခန့်ရှိကြောင်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နိုင်ငံပြိုကွဲစေမည့် လုပ်ဆောင်မှုများကို လက်မခံကြောင်း တပ်ချုပ်နှင့် တရုတ်အထူးကိုယ်စားလှယ်တို့ တွေ့ဆုံဆွေးနွေး
RELATED POSTS
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း