မြန်မာနိုင်ငံ၏ ဒီရေတောများသည် ကမ္ဘာပေါ်၌ ပျက်သုန်းရန် ခြိမ်းခြောက်ခံရဆုံးစာရင်းတွင် ပါဝင်နေ
စော(NSS) - အောက်တိုဘာ ၁၆
မြန်မာနိုင်ငံ၏ ဒီရေတောများသည် ကမ္ဘာပေါ်၌ ပျက်သုန်းရန် ခြိမ်းခြောက်ခံရဆုံးစာရင်းတွင် ပါဝင်နေကြောင်း သိရသည်။
UN Myanmar မှ အောက်တိုဘာလ (၁၃)ရက်တွင်ကျရောက်သော အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်လျော့ပါးရေးနေ့(International Day of Disaster Risk Reduction)တွင် အထက်ပါကဲ့သို့ထုတ်ပြန်ထားခြင်းဖြစ်သည်။
ဒီရေတောများသည် ကမ်းရိုးတန်းဒေသကို အမှီပြုကာ အသက်မွေးဝမ်းကျောင်း ပြုလုပ်နေထိုင်ကြသူများအတွက် ဒီရေလှိုင်းများ၊ ဆိုက်ကလုန်းမုန်တိုင်းများနှင့် ပြင်းထန်သော လေပြင်းများမှ ကာကွယ်ပေးနေသည့် အရေးပါသော သဘာဝအကာအကွယ်များဖြစ်ကြောင်း သိရသည်။
သို့သော် မြန်မာနိုင်ငံ၏ ဒီရေတောများသည် ကမ္ဘာပေါ်၌ ပျက်သုန်းရန်ခြိမ်း ခြောက်မှုအခံရဆုံးစာရင်းတွင် ပါဝင်နေကြောင်း သိရသည်။
မြန်မာနိုင်ငံရေး အကျပ်အတည်းနှင့် မတည်ငြိမ်မှုများသည် သဘာဝပတ်ဝန်း ကျင်ဆိုင်ရာပြဿနာများကို ကိုင်တွယ်ဖြေရှင်းရန် အဟန့်အတားဖြစ်စေကြောင်း ထုတ်ပြန်ထားသည်။
ထို့ကြောင့် UNDP သည် ဒေသခံအဖွဲ့အစည်းများနှင့် အတူတကွ လက်တွဲ၍ ပြည်သူအစုအဖွဲ့ပိုင် ဒီရေတောလုပ်ငန်းကို အသက်မွေးဝမ်းကြောင်းလုပ်ငန်းများတွင် အကူအညီထောက်ပံ့မှုများ ပေးလျက်ရှိကြောင်း ထုတ်ပြန်ထားသည်။
ထိုသို့ ပံ့ပိုးကူညီခြင်းအနေဖြင့် ဒေသခံများသည် ဒီရေတောများကို နောက်မျိုး ဆက်သစ်များအထိ လက်ဆင့်ကမ်း၍ ပိုမိုတန်ဖိုးထား ထိန်းသိမ်းစောင့်ရှောက်သွားရန် မျှော်မှန်းကြောင်း တိုက်တွန်းထားသည်။
UNDP မှ ပျားရည်ထုတ်လုပ်ခြင်းနှင့် ဂုံးမွေးမြူရေးလုပ်ငန်းများသည် ဒီရေတောများကို ထိန်းသိမ်းရာ၌ အထောက်အကူပြုကြောင်း ထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အစ္စရေး - ပါလက်စတိုင်း နောက်ဆုံးရသတင်း updated (Oct-16 / 3:15 PM)
RELATED POSTS
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း