Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ယူကရိန်းသမ္မတ ဇီလန်စကီးက တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့တွေ့ဆုံမယ်

ရောင်နီ (NP News) - ဖေဖော်ဝါရီ ၂၅

ယူကရိန်းသမ္မတ ဇီလန်စကီးက ယူကရိန်းစစ်ပွဲ အဆုံးသတ်ဖို့ ဘေဂျင်းရဲ့ တောင်းဆိုမှုပြီးနောက် သမ္မတ ရှီကျင့်ဖျင် နဲ့ တွေ့ဆုံဖို့ စီစဉ်ထားကြောင်း သောကြာနေ့ (ဖေဖော်ဝါရီလ ၂၄ ရက်)မှာ ပြောကြားခဲ့ပါတယ်။ 

ဇီလန်စကီးကလည်း "ဒုတိယကမ္ဘာစစ်ဖြစ်မယ့် အန္တရာယ်ကိုရှောင်ရှားဖို့၊ ရုရှားသို့ တရုတ်လက်နက် ထောက်ပံ့မှုကို တားဆီးဖို့ အကောင်းဆုံးလုပ်ဆောင်နေပြီး ရှီကျင့်ဖျင်နဲ့တွေ့ဆုံဖို့ စီစဉ်ထားကြောင်း" ယူကရိန်းကို ရုရှားရဲ့ကျူးကျော်မှု တစ်နှစ်ပြည့် အထိမ်းအမှတ်မှာ ပြောကြားခဲ့ပါတယ်။ "ဒါဟာ ကမ္ဘာ့လုံခြုံရေးအတွက် အရေးကြီးပါတယ်” လို့ ၄င်းက ဆိုပါတယ်။ 

ဇီလန်စကီးက မည်သည့်အချိန် သို့မဟုတ် မည်သည့်နေရာမှာ ရှီနဲ့တွေ့ဆုံဖို့ စီစဉ်ထားတယ်ဆိုတာကို ပြောကြားခြင်း မရှိသော်လည်း တရုတ်နိုင်ငံဟာ "တရားမျှတသော ငြိမ်းချမ်းရေး" နဲ့ ယူကရိန်းနိုင်ငံကို ပံ့ပိုးပေးမယ်လို့ မျှော်လင့်ကြောင်း ဖော်ပြခဲ့ပါတယ်။ 

"ရုရှားကို တရုတ်က လက်နက်တွေ ထောက်ပံ့မှာ မဟုတ်ဘူးလို့ ကျွန်တော် တကယ်ကို ယုံကြည်ချင်ပါတယ်၊ ဒါဟာ ကျွန်တော့်အတွက် အရမ်းအရေးကြီးပါတယ်" လို့ ဇီလန်စကီးက ပြောကြားပါတယ်။ တရုတ်က ယူကရိန်းစစ်ပွဲအဆုံးသတ်ရေး အစီအစဉ်ကို ထုတ်ပြန်လိုက်ပြီးနောက် သောကြာနေ့ အစောပိုင်းမှာငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေပြုလုပ်ဖို့ ယူကရိန်းကို အရေးတကြီး တောင်းဆိုခဲ့ပါတယ်။ 

သို့ပေမယ့် အနောက်အင်အားကြီး နိုင်ငံအများအပြားက အဆိုပါ အဆိုပြုချက်များကို ငြင်းဆိုခဲ့ပြီး မော်စကိုနဲ့ ပေကျင်းတို့က နီးကပ်သော ဆက်ဆံရေးရှိကြောင်း သတိပေးခဲ့ပါတယ်။ တရုတ်ဟာ မဟာဗျူဟာကျသော မဟာမိတ်ရုရှားနဲ့ နီးကပ်သော ဆက်ဆံရေး ထိန်းသိမ်းထားပေမယ့် ယူကရိန်း-ရုရှား စစ်ပွဲပဋိပက္ခမှာ ကြားနေအဖြစ် ရပ်တည်ဖို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။

zawgyi version








Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အိန္ဒိယတွင် ယာဥ်မတော်တဆမှုကြောင့် အနည်းဆုံးလူ(၁၄)ဦးသေဆုံး

RECENT POSTS
မြောက်ကိုရီးယားက တာတိုပစ်ပဲ့ထိန်းဒုံးကျည်တွေကို ထပ်မံစမ်းသပ်ပစ်လွှတ်
18 Sep 2024
နေပြည်တော်တွင် အလှူရှင်များက လှူဒါန်းထားသော အစားအသောက်များကိုစားပြီးနောက် လူပေါင်း(၁၀၀)ကျော် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ဟု နစက ထုတ်ပြန်
18 Sep 2024
ယီမင်မှနေ၍ အစ္စရေးကို ဟိုက်ပါဆောနစ်ဒုံးကျည်သစ်များဖြင့် ပစ်ခတ်ခဲ့ဟု ဟူသီတို့ ပြော
18 Sep 2024
မြစ်သားမြို့နယ်တွင် သံဃာတော်တစ်ပါးကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်၍ ဆိုင်ကယ်၊ ဖုန်း နှင့် ငွေကြေးများ လုယက်ယူဆောင်
18 Sep 2024
စစ်ကိုင်းတွင် ယာခင်းများသို့ တောင်ယာလုပ်ကိုင်ရန်သွားသော ရွာသူရွာသားများကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ရာ (၁၅)ဦးပွဲချင်း ပြီး သေဆုံး
18 Sep 2024
လားရှိုးမြို့ ပြန်တစ်ဦးရဲ့ ရက်(၂၀)ကျော် အတွေ့အကြုံ (အင်တာဗျူး)
18 Sep 2024
မြန်မာ-ထိုင်းနယ်စပ် ဘုရားသုံးဆူမြို့တွင် တရုတ်နိုင်ငံသားများက မတန်တ ဆဈေးပေးပြီး နှစ်ရှည်အိမ်ငှားရမ်းမှုများ ရှိနေ
18 Sep 2024
အခြေခံဥပဒေပါ အရေးကြီးပုဒ်မများကို ပြင်ဆင်ရန် နိုင်ငံရေးပါတီများ အစုအဖွဲ့နှင့် နစကတို့ကြား သဘောတူထား
18 Sep 2024
ပြည်ပသို့ တရားမဝင် သွားသည့် အိမ်အကူများထဲမှ အချို့ အာဖရိကတိုက်အထိပင် ပို့ဆောင်ခံရခြင်းများ ရှိနေ
18 Sep 2024
ရေဘေးသင့်ပြည်သူများအတွက် အိန္ဒိယနိုင်ငံမှ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးပစ္စည်း စုစုပေါင်းတန်ချိန်(၅၃)တန် လှူဒါန်း
18 Sep 2024
စစ်၏အနိဋ္ဌာရုံများကို သိလာသောကြောင့် စစ်မရောက်သေးသော မြို့များတွင် နေထိုင်သူများက စစ်ရောက်မည်ကို စိုးရိမ်မှုများ တိုးလာ
18 Sep 2024
ဇင်ဘာဘွေနိုင်ငံမှာ ငတ်မွတ်နေတဲ့ ပြည်သူတွေကို အစားအစာ ကျွေးမွေးနိုင်ဖို့ ဆင်ကောင်ရေ (၂၀၀)ကို သတ်ဖြတ်ခွင့်ပြု
18 Sep 2024
မကာအိုမှာ အခန်းတွင်း ဆေးလိပ်သောက်ခြင်းကြောင့် K Pop အဆိုတော် ဘဲ့ဟွန်းရဲ့ အေဂျင်စီ တောင်းပန်ခဲ့ရ
18 Sep 2024
CB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်းCB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်း
17 Sep 2024
နိုင်ငံတစ်ဝန်းရေကြီးရေလျှံမှုကြောင့် သေဆုံးသူ(၂၂၆)ဦးအထိ ရှိလာဟု နစကထုတ်ပြန်
17 Sep 2024
ထိုင်ဝမ်ကို အမေရိကန်ဒေါ်လာ(၂၂၈)သန်းတန်ဖိုးရှိ စစ်ဘက်ဆိုင်ရာအပိုပစ္စည်းတွေ ရောင်းချပေးဖို့ အမေရိကန်အစိုးရအတည်ပြု
17 Sep 2024
ဂါဇာမှာ ကာလရှည်ကြာစစ်ပွဲဖြစ်ပွားဖို့အတွက် အရင်းအမြစ်တွေလုံလုံလောက်လောက်ရှိတယ်လို့ ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ပြော
17 Sep 2024
တရုတ်နှင့်ဖြစ်ပွားနေသည့် နယ်စပ်အငြင်းပွားမှုပြဿနာများ၏(၇၅)ရာခိုင်နှုန်းခန့်ကို ဖြေရှင်းပြီးကြောင်း အိန္ဒိယအစိုးရပြော
17 Sep 2024
နေတိုးအဖွဲ့အတွက် သတိပေးချက်အသစ်ကို ရုရှားသမ္မတပူတင် ထုတ်ပြန်
17 Sep 2024
BRICS အဖွဲ့သို့ ဝင်ရောက်ရန် အာဆီယံ နှင့် ကမ္ဘာ့နိုင်ငံပေါင်း (၃၄)နိုင်ငံစိတ်ဝင်စားဟု ရုရှားသမ္မတပြော
17 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved