ပွင့်ဖြူမြို့နယ်ရှိ မြို့နယ်လျှပ်စစ်ရုံး၊ ဆေးရုံဝန်း နှင့် အခွန်ရုံးအနီးတို့တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး သားအမိ(၂)ဦးထိခိုက်ဒဏ်ရာရရှိ
Pearl (NSS) - အောက်တိုဘာ ၁၅
ပွင့်ဖြူမြို့နယ်ရှိ မြို့နယ်လျှပ်စစ်ရုံး၊ ဆေးရုံဝန်း နှင့် အခွန်ရုံးအနီးတို့တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး သားအမိ(၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့်နီးစပ်သူ တစ်ဦးက NSS ကို ပြောသည်။
ဖြစ်စဉ်မှာ ယနေ့ (အောက်တိုဘာလ ၁၅ ရက်)၊ နံနက်(၈)နာရီ အချိန်ခန့်တွင် မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တွင် အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်ရှိ မြို့နယ်လျှပ်စစ်ရုံး၊ ဆေးရုံဝန်း နှင့် အခွန်ရုံးအနီးရှိ ပန်းခြံအနီးတွင် ဗုံး (၁)လုံးစီပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
“ဗုံးပေါက်တာ မှန်ပါတယ်။ လျှပ်စစ်ရုံး၊ ဆေးရုံဝန်းထဲ နဲ့ အခွန်ရုံးနားက ပန်းခြံအနီးမှာဖြစ်တာပါ။ ပန်းခြံနားပေါက်တာက သားအမိ (၂)ယောက်တော့ ဗုံးစထိမှန်ဒဏ်ရာရတယ်လို့ သိရတယ်”ဟု မြို့ခံတစ်ဦးက NSS ကိုပြောသည်။
လက်ရှိတွင် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် သားအမိ(၂)ဦးအား မင်းဘူးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးထားပြီး ဒဏ်ရာရရှိသူအနက် မိခင်ဖြစ်သူသည် စိုးရိမ်ဖွယ်ရာ အခြေအနေရှိကြောင်းသိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ကုန်-မန္တလေး ရထားခရီးစဉ်များ ပြန်လည်ပြေးဆွဲ
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ