အစ္စရေးနှင့်ဖြစ်ပွားနေသည့် စစ်ပွဲအဆုံးသတ်နိုင်ရန် ရုရှားနိုင်ငံ ကြားဝင်စေ့စပ်မှုကို လက်ခံမည်ဟု ဟားမက်စ်အဖွဲ့ပြော
ဂျန်ဇက် (NSS) - အောက်တိုဘာ ၁၅
ပါလက်စတိုင်းလက်နက်ကိုင်အဖွဲ့ဟားမက်စ်က ၎င်းတို့နှင့် အစ္စရေးအဖွဲ့ကြားဖြစ်ပွားနေသည့်စစ်ပွဲကို အဆုံးသတ်နိုင်ရန် ရုရှားနိုင်ငံက အဓိကအခန်းကဏ္ဍမှ ပါဝင်နိုင်မည်ဟုယုံကြည်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။
ဟားမက်စ်အဖွဲ့ ပြည်ပရေးရာဆက်ဆံရေးဌာနအကြီးအကဲ အလီဘာရာကာက "ဟားမက်စ်အဖွဲ့ဟာ ရုရှားနိုင်ငံ နဲ့ သမ္မတပူတင်တို့အပေါ် ယုံကြည်မှုအဆင့်အတန်း မြင့်မားတယ်။အစ္စရေးနဲ့ဖြစ်ပွားတဲ့စစ်ပွဲအဆုံးသတ်ဖို့ ရုရှားကြားဝင်စေ့စပ်မှာကို ကြိုဆိုပါတယ်။ ကျွန်တော်တို့ဟာ အရပ်သားတွေ ထိခိုက်နာကျင်မှုတွေကို အဆုံးသတ်ဖို့ စိတ်ဝင်စားနေပါတယ်" ဟုပြောသည်။
ဟားမက်စ်အဖွဲ့တာဝန်ရှိသူများက ၎င်းတို့အဖွဲ့ခေါင်းဆောင်များသည် ရုရှားနိုင်ငံကို ဆက်သွယ်နေကြောင်း ပြောသည်။
၎င်းက "ကျွန်တော်တို့ဟာ အာရပ်နိုင်ငံတွေထဲကတစ်နိုင်ငံမှာ ရုရှားသံတမန်တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ အဆင်သင့်ရှိနေပါတယ်။ ဒေသအတွင်း တိုးတက်မှုနဲ့ပတ်သက်ပြီး ရုရှားသမ္မတ ပူတင်ရဲ့ပြောဆိုချက်တွေကို ကျွန်တော်တို့လိုက်နာမှာပါ" ဟု ပြောသည်။
ရုရှားအစိုးရသည် ဂါဇာကမ်းမြောင်ဒေသအပေါ် အစ္စရေးက ဝန်းရံပိတ်ဆို့ထားခြင်းကို ဖယ်ရှားပေးရန်၊ လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးရန်၊ ကျူးကျော်မှုများကို ရပ်တန့်ရန် တောင်းဆိုခဲ့ကြောင်း သိရသည်။
အစ္စရေး နှင့် ဟားမက်စ်တို့သည် အောက်တိုဘာ ၇ ရက်က စစ်ပွဲစတင်ခဲ့ပြီးနောက် အစ္စရေးသည် ဟားမက်စ်အဖွဲ့ထိန်းချုပ်ထားသော ဂါဇာကမ်းမြောင်ဒေသကို ဗုံးကြဲတိုက်ခိုက်မှုများအပြင် ဝန်းရံပိတ်ဆို့မှုများလည်း လုပ်ဆောင်ထားကြောင်း သိရသည်။
အစ္စရေးသည် ဂါဇာဒေသရှိလူပေါင်း ၁ သန်းကျော်ကို ဘေးလွှတ်ရာကိုအမြန်ဆုံးရွှေ့ပြောင်းရန် တောင်းဆိုထားပြီး မြေပြင်ထိုးစစ်ဆင်နွှဲတော့မည်ဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပွင့်ဖြူမြို့နယ်ရှိ မြို့နယ်လျှပ်စစ်ရုံး၊ ဆေးရုံဝန်း နှင့် အခွန်ရုံးအနီးတို့တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး သားအမိ(၂)ဦးထိခိုက်ဒဏ်ရာရရှိ
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း