တောင်သူများအတွက် စိုက်စရိတ်ချေးငွေ အာမခံဖော်ဆောင်ရန်စီစဉ်နေ
NSS - အောက်တိုဘာ ၁၅
မြန်မာနိုင်ငံရှိ တောင်သူလယ်သမားများအတွက် စိုက်ပျိုးရေးစရိတ်ချေးငွေ အာမခံစနစ်ကို ဖော်ဆောင်ရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။
အဆိုပါ အာမခံစနစ်သည် မြန်မာ့စီးပွားရေးဘဏ်တွင် နှစ်စဉ်စိုက်ပျိုးရေးစရိတ်ချေးငွေ ရယူထားသော တောင်သူလယ်သမားများအနေဖြင့် ယင်းချေငွေကိုအာမခံထားရှိပါက သဘာဝဘေး အန္တရာယ်များကြောင့် သီးနှံဆုံးရှုံးမှုများဖြစ်ပေါ်လာပါက ဘဏ်ချေးငွေပြန်ဆပ်စရာမလိုသော စနစ်ဖြစ်ကြောင်းသိရသည်။
ရေကြီးရေလျှံမှုများ၊ မုန်တိုင်းများအပါဝင် သဘာဝဘေးကြောင့်ဖြစ်ပေါ်လာသောဆုံးရှုံးမှုအပြင် ဘဏ်ချေးငွေကိုပြန်လည်ဆပ်နေရခြင်းကြောင့် အဆိုပါအာမခံစနစ်ကို စီစဉ်နေခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောသည်။
“အခုဆိုရင် ပဲခူးဘက်မှာရေကြီးနေတယ်။ စပါးတွေဆုံးရှုံးမှုရှိနိုင်တယ်။ ဒါပေမယ့် တစ်ဧကကိုနှစ်သိန်းသုံးသိန်းစိုက်စရိတ်ချေးငွေတွေက ဘဏ်ကိုမဖြစ်မနေပြန်ဆပ်ရမှာဆိုတော့ မိအေးနှစ်ခါနာသလိုဖြစ်နေတယ်။ အဲဒါကြောင့်အာမခံစနစ်တစ်ခုထူထောင်ဖို့လိုပါတယ်” ဟု ဦးရဲမင်းအောင်က ဆက်လက်ပြောသည်။
မြန်မာနိုင်ငံတွင် သီးနှံအာမခံစနစ်ထူထောင်ရန် အခက်အခဲများစွာရှိနေခြင်းကြောင့် လတ်တ လောအလျင်အမြန် ဆောင်ရွက်နိုင်သော စိုက်စရိတ်ချေးငွေအပေါ်အာမခံထားရှိနိုင်ရန် စီစဉ်နေခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။
စိုက်ပျိုးရေးစရိတ်ချေးငွေရယူထားသော တောင်သူများအနေဖြင့် ချေးငွေရရှိကြောင်း ဘဏ်စလစ်ကိုတင်ပြကာ အာမခံကြေးပေးသွင်းပြီး အလွယ်တကူဆောင်ရွက်နိုင်ရန် စီစဉ်နေကြောင်းသိရသည်။
လတ်တလောတွင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် မြန်မာ့အာမခံလုပ်ငန်းတို့ နှစ်ဖက်ဆွေးနွေးမှုများဆောင်ရွက်နေပြီး စိုက်ပျိုးရေးစရိတ်ချေးငွေအာမခံစနစ် အမြန်ဆုံးအကောင်အထည်ဖော်ရန်ဆောင်ရွက်နေကြောင်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တာချီလိတ်တွင် ငွေကျပ်သိန်း (၂၀၀၀)နီးပါးတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
RELATED POSTS
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း