Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ကားအာမခံပေါ်လစီအသစ်ထုတ်ပြန်ခဲ့ပြီးနောက် အာမခံကြေးနှစ်ဆခန့်မြင့်တက်လာ

NSS - အောက်တိုဘာ ၁၅

မြန်မာနိုင်ငံ၌ လက်ရှိကျင့်သုံးနေသည့် မော်တော်ကားအာမခံသည် ခေတ်စနစ်နှင့်မကိုက်ညီခြင်းကြောင့် မြန်မာ့အာမခံလုပ်ငန်း နှင့် မြန်မာ့အာမခံအသင်းတို့က မော်တော်ကားအာမခံပေါ်လစီအသစ်ကို အောက်တိုဘာလ ၁၂ ရက်မှစတင်ကာ ပြောင်းလဲကျင့်သုံးလျက်ရှိ ကြောင်း သိရသည်။


ယင်းအာမခံပေါ်လစီအသစ်အရ မော်တော်ကားအာမခံနှင့်ပတ်သက်ပြီး ယခင်အခေါ်အဝေါ်ဖြစ်သည့် အလုံးစုံမော်တော်ယာဉ်အာမခံ(Comprehensive Motor Insurance) အစား မော်တော်ယာဉ်အာမခံ (Motor Vehicle Insurance) ဟု ပြောင်းလဲခဲ့သည်။

ကားအာမခံထားရှိပြီးနောက် မည်သည့်နစ်နာဆုံးရှုံးမှုမဆို ပေးလျော်ခြင်းမပြုဘဲ အာမခံထားရှိသည့် ကားအမျိုးအစားနှင့် အစိတ်အပိုင်းအလိုက်ပေါ်မူတည်ကာ သတ်မှတ်စည်းကမ်းဘောင်အတွင်း ကိုက်ညီမှုရှိမှသာပေးလျော်မည် ဖြစ်ကြောင်းသိရသည်။

ထို့ပြင် ယခင်ကျင့်သုံးခဲ့သည့် အာမခံပေါ်လစီအရ ကားအာမခံထားသူသည် သတ်မှတ်အရည်အချင်းရှိလိုင်စင် နှင့် ယာဉ်မောင်းလိုင်စင်သက်တမ်းရှိပါက လျော်ကြေးနှင့်အကျုံးဝင်သော်လည်း ပေါ်လစီအသစ်အရ အာမခံထားစဉ်တွင် တင်ပြထားသည့် ယာဉ်မောင်းစာရင်းမှလွဲ၍ကျန်သည့် မောင်းနှင်သူများမောင်းနှင်အသုံးပြု၍ ယာဉ်ထိခိုက်မှုများဖြစ်ပါက အကျုံးမဝင်တော့ကြောင်းသိရသည်။  

ထို့ကြောင့် ယာဉ်မောင်းစာရင်းကို ယာဉ်တစ်စီးစာအာမခံအတွက် ယာဉ်မောင်းလေးဦးအထိစာရင်းပေးနိုင်ပြီး ယာဉ်မောင်းပြောင်းလိုပါက အာမခံကုမ္ပဏီထံတင်ပြ၍ပြောင်းနိုင်ကြောင်းသိရသည်။

“အခုက မော်တော်ယာဉ်တိုက်ရုံတောင် မဟုတ်တော့ဘဲ ကားပေါ်က ပစ္စည်းတွေ အခိုးခံရတာ၊ နောက်ပြင်ဆင်စရိတ်တွေ၊ အပိုပစ္စည်း နဲ့ အခြား risk အမျိုးအစားအသစ်တွေလည်း ရှိလာပြီး စရိတ်စကတွေကလည်း တက်လာတဲ့အတွက် ပုဂ္ဂလိက ကုမ္ပဏီတွေကလည်း သူပြန်လျော်ရမယ့်နှုန်းထားတွေ ပြောင်းလာတာတွေကြောင့် အာမခံကြေးတိုးကောက်တဲ့   သဘောပေါ့။ အခု ခေတ်နဲ့မလျော်ညီလို့ဆိုပြီး နှုန်း update လုပ်တယ်ဆိုရင် service ကိုလည်း update လုပ်ပြီး အာမခံထားသူတွေကို ဘာတွေ ပြန်ပေးရမလဲ တိတိကျကျလေး အကောင်အထည်ဖော်ရင် ပိုကောင်းလာမှာပါ”ဟု ကုန်သည်/စက်မှုအသင်းချုပ်မှ လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ထို့ပြင်အာမခံပေါ်လစီအသစ်အရ အခြခံအာမခံနှင့်အပိုထပ်ဆောင်းအကာအကွယ်ဟူ၍ သတ်မှတ်လိုက်သည့်အပြင် အာမခံကြေးသည်လည်း ယခင်ထက်နှစ်ဆခန့်မြင့်တက်သွားပြီးအခြေခံအာမခံကိုသာ ရယူထားသူများအနေဖြင့် အလုံးစုံအကာအကွယ်ရရှိနိုင်တော့မည်မဟုတ်ကြောင်း အာမခံအေဂျင်စီများထံမှသိရသည်။

ထိုသို့အာမခံပေါ်လစီအသစ်ပြောင်းလဲရာတွင် ဓာတ်ဆီ၊ ဒီဇယ် နှင့် စီအန်ဂျီသုံးမော် တော်ကားများသာပါဝင်ပြီး လျှပ်စစ်မော်တော်ကား EV များ အကျုံးဝင်ခြင်းမရှိကြောင်းနှင့် EV ကားများအတွက် အာမခံကို ဆက်လက်ရေးဆွဲ အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း မြန်မာ့အာမခံလုပ်ငန်းမှ သိရသည်။

မော်တော်ယာဉ်ပိုင်ရှင်များနှင့် မော်တော်ယာဉ်လုပ်ငန်းရှင်အများအကြား၌ မြန်မာ့အာမခံအသင်းမှ အာမခံပေါ်လစီအသစ်ပြောင်းလဲမှုနှင့်ပတ်သက်၍ ဝေဖန်သံများကျယ်ပြန့်စွာထွက်ပေါ်လျက်ရှိနေပြီး ပေါ်လစီသစ်နှင့် ပတ်သက်သောအသေးစိတ်အချက်အလက်များကို ဆက်လက်ထုတ်ပြန်ရန်လိုအပ်ကြောင်း သိရသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

(၃)နှစ်ကြာ ရပ်နားထားသည့် အင်းလေးဖောင်တော်ဦးဘုရားပွဲတော် ယနေ့ စတင်ကျင်းပ

RELATED POSTS
RECENT POSTS
ရေဘေးသင့်ဒေသရှိ ပြည်သူများအတွက် အော်ပရေတာ(၄)ခုမှ ဖုန်းပြောဆိုခွင့်နှင့် စာတိုပေးပို့ခွင့်များ ထပ်မံတိုးချဲ့ပေးထား
21 Sep 2024
လက်နက်ချအညံ့ခံဖို့ Maoist သူပုန်အဖွဲ့ကို အိန္ဒိယအစိုးရသတိပေး
21 Sep 2024
ရန်ကုန် မှ မန္တလေးအထိ လူစီးနှင့်ကုန်ရထားများ အမြန်ဆုံးပြေးဆွဲနိုင်ရန် အတွက် ပြင်ဆင်ရေးလုပ်ငန်းကို ဆောင်ရွက်နေ
21 Sep 2024
နျူကလီးယားစွန့်ပစ်ပစ္စည်းများနဲ့ပတ်သက်ပြီး ဂျပန်နှင့်တရုတ်တို့ကြား သဘောတူညီချက်တစ်ခုရရှိ
21 Sep 2024
ရွှေ့ပြောင်းမြန်မာအလုပ်သမားများနှင့်ပတ်သက်၍ ထိုင်းတွင် ပွဲဆူနေသည့်အပေါ် ယခင်ထက်ပိုမိုသတိထားနေထိုင်ရန် လိုအပ်လာ
21 Sep 2024
ရန်ကုန်တွင် စက်သုံးဆီ ပြတ်လပ်မှု ထပ်မံဖြစ်ပေါ်နေပြီး ဗဟိုဘဏ်က ဒေါ်လာသန်း (၃ဝ) ရောင်းပေးမည်
20 Sep 2024
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved