Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အစ္စရေး - ပါလက်စတိုင်း နောက်ဆုံးရသတင်း updated (Oct-15/ 12:30 PM)

ဂျန်ဇက် (NSS) - အောက်တိုဘာ ၁၅

ဗြိတိန်နိုင်ငံ လန်ဒန်မြို့နဲ့ အခြားမြို့တွေမှာ လူပေါင်းထောင်ချီဟာ ပါလက်စတိုင်းထောက်ခံဆန္ဒပြပွဲတွေ အောက်တိုဘာ ၁၄ ရက်က လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။

ဗြိတိန်ရဲတပ်ဖွဲ့ဟာ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကို အားပေးထောက်ခံကြောင်း ဆန္ဒပြသူတိုင်းကို အပြစ်ပေး အရေးယူမယ်လို့ သတိပေးချက်များရှိနေချိန်မှာ ဗြိတိန်နိုင်ငံတဝှမ်းမှာ ဆန္ဒပြပွဲတွေဖြစ်လာခဲ့တာဖြစ်ပါတယ်။


ဥရောပသမဂ္ဂဟာ အစ္စရေးရဲ့ဗုံးကြဲတိုက်ခိုက်မှုတွေ ရင်ဆိုင်နေရတဲ့ ဂါဇာကမ်းမြောင်ဒေသအတွက် လူသားချင်း ဆိုင်ရာစာနာမှုအကူညီအဖြစ် ယူရို ၇၅ သန်းကျော် ကူညီထောက်ပံ့ပေးသွားမှာဖြစ်တယ်လို့ သတင်းထုတ်ပြန်လိုက် ပါတယ်။ အစ္စရေးဟာ ဂါဇာဒေသကို မြေပြင်ထိုးစစ်ဆင်နွဲ့ဖို့ စီစဉ်နေတဲ့အတွက် ဂါဇာဒေသရှိ လူပေါင်း ၁ ဒသမ ၁ သန်းကို ဘေးလွှတ်ရာကိုရွှေ့ပြောင်းပေးဖို့ ပြီးခဲ့တဲ့ ရက်ပိုင်းက သတင်းထုတ်ပြန်ထားပါတယ်။ 

အစ္စရေးနဲ့ ပါလက်စတိုင်းလက်နက်ကိုင်အဖွဲ့ဟားမက်စ် ကြားဖြစ်ပွားနေတဲ့စစ်ပွဲတွေဟာ တင်းမာမှုအရှိန်မြင့် တက်လာနေပြီး အရှေ့အလယ်ပိုင်းဒေသတစ်ခုလုံးကို ရိုက်ခတ်မယ့် ကြီးမားကျယ်ပြန့်တဲ့စစ်ပွဲဖြစ်လာနိုင်ကြောင်း ကုလသမဂ္ဂဆိုင်ရာရုရှားသံအမတ်ကြီးက ပြောပါတယ်။ ရုရှားသံအမတ်ကြီးက အစ္စရေးနဲ့ ဟားမက်စ်အဖွဲ့ကြား ဖြစ်နေတဲ့ စစ်ပွဲတွေကို ချက်ချင်းရပ်တန့်ဖို့ နဲ့ အရပ်သားတွေကိုတိုက်ခိုက်သူတိုင်းကို ပြစ်တင်ရှုတ်ချကြောင်း ပြောပါတယ်။ 


ပါကစ္စတန်နိုင်ငံရဲ့အကြီးမားဆုံးနိုင်ငံရေးနဲ့ ဘာသာရေးဆိုင်ရာပါတီတစ်ခုဖြစ်တဲ့ Jamiat Ulema-e-Islam (JUIF) ခေါင်းဆောင်က ပါလက်စတိုင်းလက်နက်ကိုင်အဖွဲ့ ဟားမက်စ်အုပ်စုတွေကို ငွေကြေးပိုင်းကူညီထောက်ပံ့ပေးသွား မှာဖြစ်သလို အစ္စရေးနဲ့ တိုက်ခိုက်မယ့် ရှေ့တန်းစစ်မျက်နှာတွေမှာလည်း ပါကစ္စတန်လက်နက်ကိုင်အဖွဲ့တွေ ပူးပေါင်း ပါဝင်မှာဖြစ်ကြောင်း ပြောပါတယ်။ 

ပါကစ္စတန်နိုင်ငံရေးနဲ့ဘာသာရေးဆိုင်ရာ ပါတီခေါင်းဆောင်က "ကျွန်တော်တို့ဟာ ဟားမက်စ်နဲ့အတူ အစ္စရေး တပ်ဖွဲ့တွေကို ရှေ့တန်းမှာအတူတိုက်ခိုက်ဖို့ အဆင့်သင့်ရှိနေပါတယ်" လို့ ပြောပါတယ်။ အဆိုပါပါတီက ဦးဆောင်ပြီး Peshawar ဒေသမှာ ပါလက်စတိုင်း နဲ့ စုစည်းညီညွှတ်ကြောင်း ကြီးမားတဲ့ဆန္ဒပြပွဲတွေ လုပ်ဆောင် သွားမှာဖြစ်ကြောင်း သိရပါတယ်။ 


ပါလက်စတိုင်းသမ္မတ မာမွတ်အာဘက်ဟာ ဂါဇာဒေသမြောက်ပိုင်းကို ရွှေ့ပြောင်းပေးဖို့ အစ္စရေးစစ်တပ်ရဲ့ တောင်းဆိုချက်တွေကိုငြင်းဆန်ပယ်ချလိုက်ကြောင်း သိရပါတယ်။ ပါလက်စတိုင်းသမ္မတဟာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် နဲ့ ဖုန်းဆက်ဆွေးနွေးချိန်အတွင်း ဂါဇာဒေသခံတွေကိုဘေးလွတ်ရာကို ရွှေ့ပြောင်းဖို့ တောင်းဆိုချက် တွေကို ငြင်းဆန်ခဲ့တာပါ။ အမေရိကန်သမ္မတက ဂါဇာဒေသမှာ လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးရေး လိုအပ်ချက်တွေရရှိအောင် ကြိုးပမ်းနေတဲ့ ပါလက်စတိုင်းအစိုးရဲ့ကြိုးပမ်းမှုတွေကို ကူညီထောက်ပံ့ပေးမယ်လို့ ဆိုပါတယ်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ထားတဲ့ Freedom of the City ဆုကို ပြန်ရုတ်သိမ်းဖို့ စီစဉ်နေ

RELATED POSTS
RECENT POSTS
ရေဘေးသင့်ဒေသရှိ ပြည်သူများအတွက် အော်ပရေတာ(၄)ခုမှ ဖုန်းပြောဆိုခွင့်နှင့် စာတိုပေးပို့ခွင့်များ ထပ်မံတိုးချဲ့ပေးထား
21 Sep 2024
လက်နက်ချအညံ့ခံဖို့ Maoist သူပုန်အဖွဲ့ကို အိန္ဒိယအစိုးရသတိပေး
21 Sep 2024
ရန်ကုန် မှ မန္တလေးအထိ လူစီးနှင့်ကုန်ရထားများ အမြန်ဆုံးပြေးဆွဲနိုင်ရန် အတွက် ပြင်ဆင်ရေးလုပ်ငန်းကို ဆောင်ရွက်နေ
21 Sep 2024
နျူကလီးယားစွန့်ပစ်ပစ္စည်းများနဲ့ပတ်သက်ပြီး ဂျပန်နှင့်တရုတ်တို့ကြား သဘောတူညီချက်တစ်ခုရရှိ
21 Sep 2024
ရွှေ့ပြောင်းမြန်မာအလုပ်သမားများနှင့်ပတ်သက်၍ ထိုင်းတွင် ပွဲဆူနေသည့်အပေါ် ယခင်ထက်ပိုမိုသတိထားနေထိုင်ရန် လိုအပ်လာ
21 Sep 2024
ရန်ကုန်တွင် စက်သုံးဆီ ပြတ်လပ်မှု ထပ်မံဖြစ်ပေါ်နေပြီး ဗဟိုဘဏ်က ဒေါ်လာသန်း (၃ဝ) ရောင်းပေးမည်
20 Sep 2024
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved