တနင်္ဿာရီမြို့နယ်၌ “မြတ်မန္တလာထွန်း” ခရီးသည်တင်ကားကို PDF အဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်ပျက်စီးမှုများရှိခဲ့
NSS - အောက်တိုဘာလ ၁၄
တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်ရှိ ပြည်ထောင်စုလမ်းမကြီးတွင် “မြတ်မန္တလာထွန်း” ခရီးသည်တင်ကားအား PDF အဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း လုံခြုံရေးအဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။
ဖြစ်စဉ်မှာ ယမန့်နေ(အောက်တိုဘာလ ၁၃ ရက်) နံနက်ပိုင်းတွင် တနင်္သာရီမြို့နယ်၊ လယ်တောင်ယာကျေးရွာနှင့် တမုတ်ချုံးကျေးရွာ အကြားရှိ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါလမ်းမပေါ်တွင် “မြတ်မန္တလာထွန်း” ခရီးသည်တင်ကားသည် မြိတ်မြို့မှ စတင်ထွက်ခွာမောင်းနှင်လာစဉ် အထက်ပါနေရာအရောက်၌ PDF အဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် ကားပေါ်တွင် လိုက်ပါလာသည့် လူ(၆)ဦးမှာ ထိခိုက်ဒဏ်ရာများ မရရှိခဲ့သော်လည်း ၎င်းကား၏ ရှေ့လေကာမှန်နှင့် ဘယ်ဘက်ရှိ ဘေးမှန်(၄)ချက်ခန့် ပျက်စီးဆုံးရှုံးသွားခဲ့ကြောင်း အထက်ပါသတင်းရင်းမြစ်၏ ပြောပြချက်အရ သိရသည်။
အထက်ပါမိုင်းဆွဲတိုက်ခိုက်မှုတွင် ပါဝင်ပတ်သက်သူများအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာမှ စုံစမ်းရှာဖွေမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပုဂ္ဂလိကဆေးရုံများသည် သဘာဝဘေးများနှင့်ကြုံတွေ့လာပါက လမ်းညွှန်ချက်များနှင့်အညီ လုပ်ဆောင်ရမည်ဟု ဆို
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ