တောင်ကိုရီးယားမှာ အရင်နှစ်က အီတေးဝန် အစုလိုက်အပြုံလိုက် လူသေဆုံးခဲ့မှုဖြစ်ရပ်ကို သင်ခန်းစာယူပြီး ဟောလိုးဝင်းနေ့အတွက် လူစုလူဝေး ထိန်းချုပ်မှု သတိပေးချက်စနစ်များ တပ်ဆင်ထား
ရောင်နီ (NSS) - အောက်တိုဘာ ၁၄
တောင်ကိုရီးယားနိုင်ငံမှာ အာဏာပိုင်တွေက ယမန်နှစ် (၂ဝ၂၂ ခုနှစ်) က အီတေးဝန်ရပ်ကွက်မှာဖြစ်ခဲ့တဲ့ လူပိ သေဆုံးမှုအဖြစ်ဆိုးကို သင်ခန်းစာယူပြီး ဒီနှစ် ဟောလိုးဝင်းနေ့မှာတော့ အဆိုပါဖြစ်ရပ်မျိုးမဖြစ်ရအောင် အာဏာပိုင်တွေက လူစုလူဝေးထိန်းချုပ်မှုသတိပေးစနစ်တွေ အသုံးပြုတပ်ဆင်သွားမယ်လို့ သိရပါတယ်။
အဆိုပါစနစ်ဟာ စောင့်ကြည့်ကင်မရာတွေက ဖမ်းယူရရှိတဲ့လူအရေအတွက်ကို ရေတွက်နေမှာဖြစ်ပီး လူပြည့်ကျပ် နေတဲ့နေရာတွေတွေ့ရင် အာဏာပိုင်တွေကို သတိပေးချက်ပေးပို့မှာဖြစ်တယ်လို့ Korea JoongAng Daily သတင်းစာက ကြာသပတေးနေ့(အောက်တိုဘာ ၁၂ ရက်) မှာ ဖော်ပြခဲ့ပါတယ်။ စီစီတီဗွီများ (ပတ်စ်ကစ် တီဗီများ) နဲ့ ချိတ်ဆက်ထားတဲ့ အဆိုပါဆော့ဖ်ဝဲဟာ အရေးပေါ်အခြေအနေတွေကို ခရိုင်ရုံးတစ်ခုစီရှိ မြို့တော်အစိုးရ၊ မီးသတ်ဌာနရဲတပ်ဖွဲ့ဆီကို အကြောင်းကြားပေးမှာဖြစ်တယ်လို့ အစီရင်ခံစာတွေအရ သိရပါတယ်။
မြို့တော်အစိုးရဟာ ၎င်းရဲ့အရေးပေါ်အခြေအနေ ဖြစ်နိုင်ခြေရှိတဲ့နေရာတွေမှာ လုံခြုံရေး လူအင်အားကို တိုးမြှင့်ထားပြီး အရေးပေါ်တုံ့ပြန်မှုအပ်ဒိတ်တွေကို စောင့်ကြည့်ဖို့ အာဏာပိုင်တွေအတွက် အဆိုပါသတိပေးချက်စနစ်တွေ တပ်ဆင်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
ဆိုးလ်မြို့မှာတင်ပဲ ထောက်လှမ်းရေးကင်မရာ ၉ဝဝ ကျော်ကို တပ်ဆင်သွားမှာဖြစ်ပြီး လူဦးရေ ထူထပ်တဲ့နေရာ ၇ဝ ကျော်ကို အဓိကထား လုံခြုံရေးတွေ တိုးမြှင့်လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။
၂ဝ၂၂ ခုနှစ် ဟောလိုးဝင်းပွဲတော်အတွင်းက အီတေးဝန်ရပ်ကွက်မှာ ကြိတ်ကြိတ်တိုး လူစုလူဝေးဖြစ်ခဲ့ပြီး လူပိမှု ကြောင့် လူ ၁၅ဝ ကျော် သေဆုံးကာ လူ ၁၉ဝ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။ သေဆုံးသူအများစုဟာ လူငယ်တွေနဲ့ အမျိုးသမီးတွေ ဖြစ်ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
Barbie ရုပ်ရှင်ကားကြောင့် Birkenstock ဖိနပ်တွေ စျေးနှုန်းမြင့်လာ
RELATED POSTS
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း