သီတင်းကျွတ်ကာလ ရိုးရာမီးပုံးများကို အွန်လိုင်းမှတဆင့်ရောင်းချမှု ပြောင်း လဲလုပ်ကိုင်လာသော်လည်း အရောင်းအဝယ်နည်းပါးနေ
NSS - အောက်တိုဘာ ၁၃
သီတင်းကျွတ်မီးထွန်းပွဲတော်အတွက် ပြည်ပမှတင်သွင်းသည့် ကုန်စည်သစ်များ ဝင်ရောက်နေသည့်အတွက် ရိုးရာမီးပုံးလုပ်ငန်းများအနေဖြင့် ထုတ် လုပ်မှုစရိတ် နှင့် မကိုက်ခြင်းကြောင့် အခက်အခဲဖြစ်ပေါ်နေကြောင်းသိရသည်။
မြန့်မာရိုးရာမီးထွန်းပွဲတော်သုံး ကလေးကစားစရာ စက္ကူမီးပုံးများသည်လည်း အထွေထွေကုန်ဈေးနှုန်းများမြင့်တက်နေခြင်းကြောင့် ရိုးရာမီးပုံးလုပ်ငန်းများ ဝယ်လိုအားကျဆင်းနေကြောင်း ရိုးရာမီးပုံးလုပ်ငန်းလုပ်ကိုင်သူများထံမှ သိရသည်။
ရိုးရာမီးပုံးလုပ်ငန်းများသည် ပြီးခဲ့သည့် သီတင်းကျွတ်ကာလများ၌ ရောင်းချမှုမြင့်တက်လေ့ရှိသော်လည်း လက်ရှိကာလတွင် ဟိုတယ်လုပ်ငန်းများ၏ အော်ဒါမှာယူမှုကိုသာ အဓိကဆောင်ရွက်နေရကြောင်းသိရသည်။
"အဖက်ဖက်က ကုန်ဈေးနှုန်းမြင့်တက်နေတော့ အားလုံးကစီးပွားရေးကျပ် တည်းကြတယ်။ ဒီနှစ်မှာလည်း ငွေကြေးမပြေလည်မှုတွေကြောင့် မဝယ်နိုင်ကြတော့မှာစိုးတယ်"ဟု ရန်ကုန်မြို့ ကြည်မြင့်တိုင် ဗားကရာချောက်ရှိသီတင်းကျွတ်ရာသီပေါ် ကုန်ပစ္စည်းအရောင်းဆိုင်လုပ်ငန်းရှင်တစ်ဦးက NSS ကိုပြောသည်။
ယခင်က သီတင်းကျွတ် ကုန်ပစ္စည်းများကို ဆိုင်များ၊ ဈေးဗန်းများခင်း၍ ရောင်းချခဲ့သော်လည်း လက်ရှိအချိန်၌ ခေတ်နှင့်အညီ ရောင်းချမှုများရှိလာခြင်းကြောင့် Online ပေါ်မှတဆင့်ရောင်းချလာကြသည်။
“အခုနှစ်မှာ online တွေကနေ မှာယူရောင်းချတာတွေ တွင်ကျယ်နေပေမယ့် ဝယ်လိုအားက ထင်သလောက်တော့ မရှိပါဘူး။ လက်ရှိမှာ အဝယ်ရှိတာက ဟိုတယ်တို့၊ ပွဲလမ်းသဘင်တို့အတွက် ကြိုတင်အော်ဒါမှာတာ လောက်ပဲ ရှိပါတယ်”ဟု သီတင်းကျွတ်သုံးကုန်ပစ္စည်းမျိုးစုံ Online Shopping လုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးက NSS ကိုပြောသည်။
သီတင်းကျွတ်ကာလအတွက် အိမ်တိုင်းလမ်းတိုင်းတွင် နှစ်စဉ်ထွန်းညှိလေ့ရှိသော ဖယောင်းတိုင်မီး၊ ဆီမီး၊ ရောင်စုံ မီးပုံးများသာမက လက်ရှိတွင် ရောင်စုံဒီဇိုင်းစုံ LED မီးဆိုင်း/မီးတွဲများ၊ ဓာတ်ခဲအသုံးပြု ဖယောင်းတိုင်များ၊ LED ပန်းအိုးနှင့် ပန်းစည်းများကိုပါ တင်သွင်းရောင်းချလာကြောင်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အစ္စရေး - ပါလက်စတိုင်း နောက်ဆုံးရသတင်း updated (Oct-13/ 6:00 PM)
RELATED POSTS
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း