နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရာထမ်း/အမှုထမ်း(၂ဝဝ)နီးပါးကို ဘာသာစကား(၁၀)မျိုး သင်ကြားပေး
စော(NSS) - အောက်တိုဘာ ၁၃
နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရာထမ်း/အမှုထမ်းများအား ဘာသာစကား (၁၀)မျိုးကို သင်ကြားပေးခဲ့ကြောင်း သိရသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန၊ မဟာဗျူဟာလေ့လာရေးနှင့်လေ့ကျင့်ရေးဦးစီး ဌာန နှင့် ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်တို့ ပူးပေါင်းကာ ဘာသာ စကား(၁၀)မျိုး သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ (အောက်တိုဘာလ ၁၃ ရက်)တွင် နေပြည်တော်ရှိ လောကနတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သင်ကြားပေးသည့် ဘာသာစကား(၁ဝ)မျိုးတွင် ကုလသမဂ္ဂရုံးသုံးဘာသာစကားများဖြစ်သည့် အင်္ဂလိပ်၊ တရုတ်၊ ပြင်သစ်၊ရုရှား၊ စပိန်ဘာသာစကားများအပြင် အခြားဘာသာစကားများဖြစ်သည့် ထိုင်း၊ ကိုရီးယား၊ ဂျာမန်၊ ဂျပန် နှင့် အီတလီ စသည်တို့ပါဝင်ကြောင်း သိရသည်။
အဆိုပါ ဘာသာစကားသင်တန်းများကို ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် ၌ ယနေ့(အောက်တိုဘာလ ၁၃)ရက်မှစတင်ကာ Online စနစ်ဖြင့်လည်း ကောင်း၊ In person စနစ်များဖြင့်လည်းကောင်း ဖွင့်လှစ်သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
၎င်းသင်တန်းများကို နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးနှင့် ဦးစီးဌာနအသီးသီးမှ အရာထမ်း/ အမှုထမ်း စုစုပေါင်း (၁၉၄)ဦး တက်ရောက်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုသင်တန်းကို တက်ရောက်မည့် အရာထမ်း/အမှုထမ်းများအား ဘာသာစကားအသီးသီးကို ကျွမ်းကျင်တတ်မြောက်နိုင်ရန် နှင့် ထိရောက်ပိုင်နိုင်စွာ အသုံးချနိုင်သည်အထိ သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
သီတင်းကျွတ်ကာလ ရိုးရာမီးပုံးများကို အွန်လိုင်းမှတဆင့်ရောင်းချမှု ပြောင်း လဲလုပ်ကိုင်လာသော်လည်း အရောင်းအဝယ်နည်းပါးနေ
RELATED POSTS
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း