မူဆယ်မြို့နယ်၌ အမျိုးသားတစ်ဦး နွားကျောင်းနေစဉ် မြေမြှုပ်မိုင်းတစ်လုံးနင်းမိ၍ ထိခိုက်ဒဏ်ရာများရရှိ
NSS - အောက်တိုဘာ ၁၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်တွင် အမျိုးသားတစ်ဦး နွား ကျောင်းနေစဉ် မြေမြှုပ်မိုင်းတစ်လုံးနင်းမိ၍ မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သော အောက်တိုဘာလ ၁၀ ရက်၊ ညနေ ၄နာရီအချိန်တွင် မူဆယ်မြို့နယ်၊ ဖာဖိတ်ကျေးရွာနှင့် နမ့်တောင်ကျေးရွာအကြား၌ အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။
ဖာဖိတ်ကျေးရွာတွင်နေထိုင်သည့် ဦးမာနောသည် အထက်ပါနေရာ၌ နွားကျောင်းနေစဉ် သောင်းကျန်းသူအဖွဲ့က ထောင်ထားသည့် မြေမြှုပ်မိုင်းတစ်လုံးအား နင်းမိ၍ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထိုသို့ မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ဦးမာနော်(၃၃)နှစ်တွင် ယာလက်၊ ဆီးခုံနှင့် ယာခြေထောက်တို့တွင် မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့သဖြင့် ဆေးကုသမှုခံယူနိုင်ရေး မူဆယ်ခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားရကြောင်း သိရသည်။
အလားတူ ညနေ ၅နာရီ ၄၀ မိနစ်အချိန်တွင် စစ်ကိုင်းတိုင်း၊ ကောလင်းမြို့၊ စက်ရုံလယ်ပြင်ရပ်ကွက်၌ လမ်းလျောက်နေသည့် အမျိုးသားတစ်ဦး လက်လုပ်မိုင်းပေါက်ကွဲမှုကြောင့် မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ဆက်လက်ထုတ်ပြန်ထားသည်။
အဆိုပါရပ်ကွက်တွင်နေထိုင်သည့် ဦးကျော်စိုးဦးသည် ရပ်ကွက်အတွင်းလမ်းလျောက်နေစဉ် ရပ်ကွက်ဘောလုံးကွင်း၏ အရှေ့ဘက် အနောက်ဘုန်းကြီး ကျောင်းအနီးအရောက်၌ PDF အဖွဲ့မှ ထောင်ထားသည့် လက်လုပ်မိုင်းတစ်လုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိသည်။
၎င်းကဲ့သို့ လက်လုပ်မိုင်းပေါက်ကွဲမှုကြောင့် ဦးကျော်စိုးဦး(၃၂)နှစ်တွင် ဦးခေါင်း၊ ခါးနှင့် ဝဲဒူးတို့၌ မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် ဆေးကုသမှုခံယူနိုင်ရန် ကောလင်းခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးထားရကြောင်း သိရသည်။
အထက်ပါမိုင်းထောင်ဖောက်ခွဲမှုဖြစ်စဉ်များမှ ကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အပြစ်ပေးအရေးယူနိုင်ရေး လုံခြုံရေး တပ်ဖွဲ့ဝင်များက ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ကုန်တိုင်းရွှေအသင်း၏ ရွှေရည်ညွှန်ဈေး တစ်ကျပ်သား သိန်းသုံးဆယ်နီးပါးထိရောက်ရှိလာ
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ