ပုသိမ်ကြီးမြို့နယ်၌ တောင်ကျရေများ မြို့တွင်းသို့ ဝင်ရောက်မှုကြောင့် ယာယီဓာတ်အားပိတ်ထားဟုဆို
စော(NSS) - အောက်တိုဘာ ၁၃
မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်တွင် တောင်ကျရေများ မြို့တွင်းသို့ ဝင်ရောက်မှုကြောင့် ယာယီဓာတ်အား ပိတ်ထားရကြောင်း သိရသည်။
ပုသိမ်ကြီးလျှပ်စစ်ရုံးမှ ယနေ့(အောက်တိုဘာလ ၁၃ ရက်) နံနက်ပိုင်းတွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
ပုသိမ်ကြီးမြို့နယ်တွင် ယမန်နေ့(အောက်တိုဘာလ ၁၂ရက်)၊ ညပိုင်းမှစတင်၍ မိုးရွာသွန်းမှုကြောင့် တောင်ကျရေများသည် မြို့ပေါ်ရှိ ရပ်ကွက်များနှင့် ဌာနဆိုင်ရာရုံးအချို့သို့ ရေများဝင်ရောက်ခဲ့ကြောင်း သိရသည်။
တောင်ကျရေများဝင်ရောက်မှုကြောင့် 33/11kV 20MVA မြို့မဓာတ်အားခွဲရုံမှ ဓာတ်အားပေးထားသော 11kV ရေထွက်ဖီဒါ အပြင် 11kV စမ်းကျဖီဒါ၊ 11kV ရန်ကင်းတောင်နှင့် 11kV မြို့မ MTU များကို ယနေ့(အောက်တိုဘာလ ၁၃ရက်)၊ နံနက် (၈)နာရီခွဲဝန်းကျင်အချိန်တွင် ယာယီဓာတ်အားပိတ်ထားကြောင်း သိရသည်။
ထို့ပြင် ပုသိမ်ကြီးမြို့နယ်၊ အုန်းချောကျေးရွာရှိ အုန္နဲရေ တောင်ကျချောင်းရေကြောင့် အုန်းချော-ဆည်တော် ရွာချင်းဆက် တံတားတစ်စင်း ကျိုးသွားပြီး အနိမ့်ပိုင်းရပ်ကွက်များသို့ ရေဝင်ရောက်ခဲ့ကြောင်း စေတနာမွန် လူမှုကူညီရေးအသင်းထံမှ သိရသည်။
အလားတူ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်နှင့် နမ္မတူမြို့နယ်တို့တွင်လည်း ယမန်နေ့(အောက်တိုဘာလ ၁၂ရက်)တွင် မိုးသည်းထန်စွာရွာ သွန်းမှုကြောင့် ရပ်ကွက်အချို့တို့တွင် ရေဝင်ရောက်မှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အစ္စရေးအတွက် အမေရိကန်တပ်ဖွဲ့ဝင်တွေ ပါဝင်တိုက်ခိုက်ပေးမှာမဟုတ်ဟုဆို
RELATED POSTS
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း