အာဖဂန်နစ္စတန်နိုင်ငံတွင် ပြင်းအား(၆ ဒသမ ၃) မဂ္ဂနီကျုအဆင့်ရှိ ငလျင်တစ်ခုထပ်မံလှုပ်ခတ်ခဲ့ပြီး သေဆုံးသူအရေအတွက် ထပ်မံတိုးမြင့်လာနိုင်ဖွယ်ရှိနေ
Pika (NSS) - အောက်တိုဘာ ၁၁
အာဖဂန်နစ္စတန်နိုင်ငံတွင် အောက်တိုဘာလ(၁၁)ရက် နံနက်ပိုင်းက ပြင်းအား(၆ ဒသမ ၃) မဂ္ဂနီကျုအဆင့်ရှိ ငလျင်တစ်ခု ထပ်မံလှုပ်ခတ်ခဲ့ကြောင်း ဂျာမန်ဘူမိသိပ္ပံဆိုင်ရာသုတေသနဌာန (GFZ) က ပြောကြားခဲ့သည်။
အောက်တိုဘာလ(၁၁)ရက် နံနက်ပိုင်းက လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် သေဆုံးသူရှိ/မရှိ ဆိုသည့် အစီရင်ခံများ လက်ရှိအချိန်အထိ ထွက်ပေါ်လာခြင်းမျိုးမရှိသေးကြောင်း (GFZ) က ထပ်မံပြောကြားခဲ့သည်။ အာဖဂန်နစ္စတန် နိုင်ငံတွင် ပြီးခဲ့သည့်သီတင်းပတ်က ငလျင်တစ်ခုလှုပ်ခတ်ခဲ့ပြီးနောက် အသက်ရှင်ကျန်ရစ်သူများကို ရှာဖွေရန် အတွက် ကယ်ဆယ်ရေးသမားများ နှင့် စေတနာ့ဝန်ထမ်းများက ဆက်လက်လုပ်ဆောင်နေချိန်တွင် ယခုကဲ့သို့ ထပ်မံလှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။ အာဖဂန်နစ္စတန်နိုင်ငံတွင် အောက်တိုဘာလ(၇)ရက် နံနက်ပိုင်းက ပြင်းအား (၆ ဒသမ ၃) မဂ္ဂနီကျုအဆင့်ရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ပြီးနောက် လက်ရှိအချိန်အထိ သေဆုံးသူဦးရေမှာ အနည်းဆုံးလူ (၃ဝဝဝ) နီးပါးရှိလာပြီဖြစ်ပြီး အခြားလူ(၉ဝဝဝ)ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါငလျင်လှုပ်ခတ်မှုကြောင့် နေအိမ်ပေါင်း(၁၃ဝဝ)ကျော်လည်း ပြိုကျပျက်စီးသွားခဲ့ကြောင်း အာဏာပိုင်များ က ပြောကြားခဲ့သည်။ ထို့အပြင် အောက်တိုဘာလ(၁၁)ရက် နံနက်ပိုင်းက ထပ်မံလှုပ်ခတ်ခဲ့သော ငလျင်ကြောင့် သေဆုံးသူအရေအတွက်မှာ တိုးမြင့်လာနိုင်ဖွယ်ရှိကြောင်း အာဖဂန်နစ္စတန်အာဏာပိုင်များက ပြောကြားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရိုးမားနည်းပြ မော်ရင်ဟိုက ၎င်းကိုအသင်းမှ ထွက်ခွာသွားစေလိုသည့် ဝေဖန်သူများကို ပြန်လည်တုံ့ပြန်ပြောဆို
RELATED POSTS
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,ပြည်တွင်း