ရိုးမားနည်းပြ မော်ရင်ဟိုက ၎င်းကိုအသင်းမှ ထွက်ခွာသွားစေလိုသည့် ဝေဖန်သူများကို ပြန်လည်တုံ့ပြန်ပြောဆို
Pika (NSS) - အောက်တိုဘာ ၁၁
ရိုးမားနည်းပြမော်ရင်ဟိုသည် ရာသီသစ်ကို ဆိုးရွားစွာစတင်ခဲ့ပြီးနောက် ၎င်းကို ရိုးမားအသင်းမှ ထွက်ခွာသွားစေလိုသည့် ဝေဖန်သူများကို ပြန်လည်တုံ့ပြန်ပြောဆိုမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ထို့အပြင် ရိုးမားအသင်းပရိသတ်များထဲတွင် မော်ရင်ဟိုဆန့်ကျင်ရေးများ ရှိနေကြောင်း ၎င်းက အခိုင်အမာပြောခဲ့ သည်။ မော်ရင်ဟိုသည် ကက်ဂလီယာရီအသင်းကို ရိုးမားအသင်းက(၄)ဂိုး-(၁)ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် စီးရီးအေလိဂ် ပွဲမတိုင်မီအချိန်အထိ ဆိုးရွားသောရာသီအစအတွက် ဖိအားပေးမှုများကို ခံနေခဲ့ရကြောင်းလည်း သိရသည်။
မော်ရင်ဟို က "ဒီမှာ မော်ရင်ဟိုဆန့်ကျင်ရေးတွေ အများကြီးရှိနေပါတယ်။ အထူးသဖြင့် ရိုးမားအသင်းမှာပါပဲ။ ရိုးမားအသင်းက အနိုင်မရရှိတဲ့အချိန်တွေ၊ ရိုးမားအသင်းက ဥရောပမှာ အောင်မြင်မှုမရတဲ့အချိန်တွေမှာ မော်ရင်ဟို ဆန့်ကျင်ရေးတွေက ထွက်ပေါ်လာပါတယ်။ ကျွန်တော့်အတွက် အရေးအကြီးဆုံးကတော့ လာမည့်ကစားပွဲတွေ ပါပဲ။ ပြီးခဲ့တဲ့ကစားပွဲတွေကတော့ သမိုင်းအဖြစ်ပဲ ကျန်ရှိနေမှာပါ" ဟု ပြောခဲ့သည်။
ရိုးမားအသင်းသည် စီးရီးအေလိဂ်ပြိုင်ပွဲ(၈)ပွဲကစားထားပြီး (၁၁)မှတ်ဖြင့် အမှတ်ပေးဇယားတွင် နံပါတ်(၁ဝ) နေရာ မှာ ရပ်တည်နေကြောင်း သိရသည်။ ရိုးမားအသင်းသည် လာမည့်အောက်တိုဘာ(၂၂)ရက်တွင် မွန်ဇာအသင်းနှင့် စီးရီးအေလိဂ်ပြိုင်ပွဲကို အကြိတ်အနယ်ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဂျပန်စစ်တပ်တွင် လူသစ်စုဆောင်းရေးများနှင့်ပတ်သက်ပြီး အခက်အခဲများကြုံတွေ့နေရ
RELATED POSTS
01 Aug 2024 | အားကစား,နိုင်ငံတကာ
30 Jul 2024 | အားကစား,နိုင်ငံတကာ
07 Jul 2024 | အားကစား,နိုင်ငံတကာ
23 May 2024 | အားကစား,ပြည်တွင်း