မကွေးမြို့ရှိ မြေဧက(၅ဝဝ)နီးပါးပေါ်တွင် အကောင်အထည်ဖော်မည့် စက်မှုဇုန်အသစ်အတွက် EOI များစတင်ခေါ်ယူ
မျိုးကြီး (NSS) - အောက်တိုဘာ ၁၁
မကွေးတိုင်း၊ မကွေးမြို့၌ ဧက (၅၀၀)နီးပါးကျယ်ဝန်းသော မြေဧရိယာပေါ်တွင် တည် ထောင်မည့် စက်မှုဇုန်အသစ်အား Developer အနေဖြင့် အကောင်အထည်ဖော်ရန် စိတ်ဝင် စားသူများကို စိတ်ဝင်စားမှုဖော်ပြခြင်းလျှောက်လွှာ (EOI) များ စတင်ခေါ်ယူလိုက်ပြီဖြစ်ကြောင်း သိရသည်။
စက်မှုဇုန် အကောင်အထည်ဖော်မည့် စီမံကိန်းတည်နေရာသည် မကွေး-တောင်တွင်းကြီးကားလမ်း၏ တောင်ဘက် (၁)မိုင် ခန့်၊ မကွေးမြို့မှ အရှေ့ဘက်သို့ (၃)မိုင်ခန့်အကွာတွင် ရှိသော (၄၆၁ ဒသမ ၁၄)ဧက ကျယ်ဝန်းသည့် မြေနေရာဖြစ်ကြောင်း သိရသည်။
“အငယ်စား၊ အလတ်စားပေါ့ အဓိကတော့ မကွေးတိုင်းဒေသကြီးမှာ ထွက်တဲ့ကုန်တွေပေါ့လေ။ အဲဒီကုန်တွေကို ကုန်ချောပြန်လုပ်တဲ့ကိစ္စတွေပေါ့။ အဓိကဆိုရင်တော့ ကျွန်တော်တို့ဆီမှာ ဆီထွက်သီးနှံတို့က အဓိကထွက်ပါတယ်။ နောက်ကျန်တဲ့ ထွက်ကုန်တွေပေါ့ အဓိကတော့ အဲဒီလုပ်ငန်းတွေကို ဆောင်ရွက်ဖို့ လျာထားပြီး ဆောင်ရွက်ခြင်းဖြစ်ပါတယ်” ဟု မကွေးတိုင်းအစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NSS ကို ပြောသည်။
ထို့ကြောင့် ရင်းနှီးတည်ဆောက်လိုသော ပြည်တွင်း၊ ပြည်ပကုမ္ပဏီများအနေဖြင့် မကွေးမြို့စက်မှုဇုန်အား Developer အနေဖြင့် အကောင်အထည်ဖော်ရန် စိတ်ဝင်စားပါက စိတ်ဝင် စားမှုဖော်ပြခြင်းလျှောက်လွှာ(EoI)ကို တင်ပြလျှောက်ထားနိုင်ကြောင်း မကွေးတိုင်းအစိုးရ အဖွဲ့က ကြေညာထားသည်။
EoI အဆိုပြုလွှာကို မကွေးတိုင်းအစိုးရအဖွဲ့ရုံးသို့ နိုဝင်ဘာလ ၁၆ ရက်တွင် အရောက်ပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ စက်မှုဇုန် အကောင်အထည်ဖော်ဆောင်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပြီးခဲ့သည့် အောက်တိုဘာလ ၂ ရက်က ကျင်းပခဲ့သည်။
မကွေးမြို့တွင် စက်မှုဇုန်တည်ထောင်ဆောင်ရွက်ခြင်းဖြင့် ဒေသတွင်းစီးပွားရေးဖွံ့ဖြိုးတိုး တက်လာပြီး အလုပ်အကိုင်အခွင့်အလမ်းများတိုးမြင့်လာကာ လူနေမှုအဆင့်အတန်း မြင့်မားလာနိုင်ကြောင်း မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က ပြောကြားခဲ့ဖူးသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အာဖဂန်နစ္စတန်နိုင်ငံတွင် ပြင်းအား(၆ ဒသမ ၃) မဂ္ဂနီကျုအဆင့်ရှိ ငလျင်တစ်ခုထပ်မံလှုပ်ခတ်ခဲ့ပြီး သေဆုံးသူအရေအတွက် ထပ်မံတိုးမြင့်လာနိုင်ဖွယ်ရှိနေ
RELATED POSTS
20 Sep 2024 | စီးပွားရေး,ပြည်တွင်း
20 Sep 2024 | စီးပွားရေး,ပြည်တွင်း
14 Sep 2024 | စီးပွားရေး,ပြည်တွင်း
14 Sep 2024 | စီးပွားရေး,နိုင်ငံတကာ