အစ္စရေး နဲ့ ဟားမက်လက်နက်ကိုင်အဖွဲ့စစ်ပွဲအတွင်း အစ္စရေးနိုင်ငံသား သေဆုံးမှု ပိုမိုများပြားနေ
ဂျန်ဇက် (NSS) - အောက်တိုဘာ ၁၁
အစ္စရေးနဲ့ ပါလက်စတိုင်းကြားဖြစ်ပွားနေတဲ့ စစ်ပွဲလေးရက်မြောက်နေ့မှာ သေဆုံးသူအရေအတွက်ဟာ အနည်းဆုံး ၂၀၀၀ ကျော်သွားခဲ့ကြောင်း သိရပါတယ်။
ပါလက်စတိုင်းလက်နက်ကိုင်အဖွဲ့ ဟားမက်အုပ်စုဟာ အောက်တိုဘာလ ၇ ရက်မှာ အစ္စရေးနိုင်ငံကို စတင်တိုက်ခိုက်ခဲ့ပြီးနောက် နှစ်ဖက်ကြား စစ်ပွဲစတင်ခဲ့ရာ စစ်ပွဲစတင်ခဲ့ပြီးနောက်လေးရက်အတွင်း နှစ်ဖက်စလုံးက လူပေါင်း ၂၀၀၀ ကျော် သေဆုံးခဲ့ကြောင်း သိရပါတယ်။
အဆိုပါသေဆုံးသူတွေထဲမှာ အစ္စရေးဘက်က ၁၂၀၀ ကျော်၊ ပါလက်စတိုင်းဘက်က ၈၃၀ ကျော် သေဆုံးထားကြောင်းသိရပါတယ်။ အောက်တိုဘာလ ၇ ရက်မှာ ဟားမက်အဖွဲ့ရဲ့အလစ်အငိုက်တိုက်ခိုက်မှုဟာ အစ္စရေးနိုင်ငံသမိုင်းမှာ လူသေဆုံးမှုအများဆုံး တိုက်ခိုက်ခံရမှုဖြစ်ခဲ့ကြောင်း သိရပါတယ်။ အမေရိကန်နိုင်ငံရှိ အစ္စရေးသံရုံးက ဟားမက်အဖွဲ့ရဲ့တိုက်ခိုက်မှုတွေကြောင့် အစ္စရေးနိုင်ငံသား ၁၂၀၀ ကျော်သေဆုံးထားတယ်လို့ သတင်းထုတ်ပြန်ထားသလို ပါလက်စတိုင်းကျန်းမာရေးဝန်ကြီးကလည်း လူပေါင်း ၈၃၀ ကျော်သေဆုံးကာ လူပေါင်း ၅၀၀၀ နီးပါး ဒဏ်ရာရထားကြောင်းဆိုပါတယ်။
ဟာမက်အဖွဲ့ဟာ အစ္စရေးကို အလစ်ဝင်တိုက်ချိန်အတွင်း လူပေါင်းရာချီကို ဖမ်းဆီးခဲ့သလို အဲဒီဖမ်းဆီးထားသူတွေထဲက အချို့ကိုချီတက်ပြသစေတာမျိုးတွေ လုပ်ခဲ့ကြောင်း သိရပါတယ်။ အစ္စရေးဟာ ဟားမက်အဖွဲ့ရဲ့တိုက်ခိုက်မှုတွေကို စစ်ရေးနည်းလမ်းနဲ့ လက်စားချေဖို့ ဆန္ဒရှိနေရာ စစ်မှုထမ်းဟောင်းထောင်ချီကို ပြန်လည်ခေါ်ယူထားသလို လူပေါင်း ၂ ဒသမ ၃သန်းရှိနေတဲ့ ဂါဇာကမ်းမြောင်ဒေသကို အစားအစာဖြတ်၊ ရေဖြတ်၊ မီးဖြတ်၊ ဆေးဝါးဖြတ်ကာ ပိတ်ဆို့မှုတွေလုပ်ဆောင်ထားကြောင်းသိရပါတယ်။
ဒါ့ပြင် အစ္စရေး တပ်ဖွဲ့တွေဟာ ဂါဇာကမ်းမြောင်ဒေသကို ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်ထားကြောင်းသိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ခရီးသည်တင်ကားဖြင့် သယ်ဆောင်လာသော ငွေကျပ်သိန်း(၄၀၀၀)နီးပါးတန်ဖိုးရှိ မူးယစ်ဆေးဝါးများကို သပိတ်ကျင်းမြို့နယ်၌ ဖမ်းဆီးရမိ
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း