အမြှောက်ကျည်ဆံများကျရောက်ခဲ့ပြီးနောက် ဆီးရီးယားနိုင်ငံပိုင်နက်တွေကို အစ္စရေးစစ်တပ်က အမြှောက်တွေနဲ့ တုံ့ပြန်ပစ်ခတ်
ဂျန်ဇက် (NSS) - အောက်တိုဘာ ၁၁
အစ္စရေးတပ်ဖွဲ့တွေဟာ အောက်တိုဘာလ ၁၀ ရက်က ဆီးရီးယားနိုင်ငံပိုင်နက်တွေထဲကို အမြှောက်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ကြောင်းသိရပါတယ်။
ဆီးရီးယားနိုင်ငံမြောက်ပိုင်းကနေ အစ္စရေးပိုင်နက်အတွင်းကို ပစ်ခတ်လိုက်တဲ့အမြှောက်ကျည်ဆံများ ကျရောက်လာခဲ့ပြီးနောက် လက်တုံ့ပြန်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အစ္စရေးကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။ အောက်တိုဘာလ ၇ ရက်မှာ အစ္စရေးနဲ့ ပါလက်စတိုင်းလက်နက်ကိုင်အဖွဲ့ ဟားမက်ကြား စစ်ပွဲစတင်ခဲ့ပြီးနောက် လက်ဘနွန်အခြေစိုက် ဟစ်ဘိုလာအဖွဲ့၊ ဆီးရီးယားအခြေစိုက်လက်နက်ကိုင်အဖွဲ့တွေက အစ္စရေးပိုင်နက်တွေထဲကို ဒုံးကျည်တွေ၊ အမြှောက်တွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့ရာ အစ္စရေးဘက်ကလည်း ပြန်လည်လက်တုံ့ပြန်ခဲ့ကြောင်းသိရပါတယ်။
အစ္စရေးဟာ ၁၉၆၇ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ စစ်ပွဲမှာ ဆီးရီးယားနိုင်ငံထံက သိမ်းယူထားတဲ့ ဂိုလန်ကုန်းမြင့်ဒေသကနေ ပြန်လည်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ အစ္စရေးကာ ကွယ်ရေးဝန်ကြီးဌာနက "စစ်သားတွေဟာ အမြှောက်တွေ၊ မော်တာတွေ နဲ့ ဆီးရီးယားနိုင်ငံထဲက ပစ်ခတ်တဲ့နေရာတွေကို ပြန်တုံ့ပြန်ပစ်ခတ်ခဲ့တယ်"လို့ ပြောပါတယ်။
ဆီးရီးယားနိုင်ငံပိုင်နက်အတွင်းရှိနေတဲ့ ပါလက်စတိုင်းလက်နက်ကိုင်အဖွဲ့တွေဟာ အစ္စရေးပိုင်နက်ထဲကို ရောကက် ဒုံးကျည် သုံးခုနဲ့ပစ်ခတ်ခဲ့ကြောင်း အဆိုပါကိစ္စနဲ့နီးစပ်သူကပြောပါတယ်။ ဆီးရီးယားလက်နက်အဖွဲ့နဲ့ ဟစ်ဘိုလာအဖွဲ့တို့ ပစ်ခတ်ခြင်းကြောင့် စစ်ပွဲပိုမိုကျယ် ပြန့်လာမှာကို စိုးရိမ်မှုမြင့်တက်နေကြောင်း သတင်းတွေကဆိုပါတယ်။
အစ္စရေးဟာ ဟာမက်အဖွဲ့ရဲ့တိုက်ခိုက်မှုခံရပြီးနောက် ဂါဇာကမ်းမြောင်ဒေသရှိ ပါလက်စတိုင်းလက်နက်ကိုင်အဖွဲ့ ဟာမက်ကို တုံ့ပြန်တိုက်ခိုက်ခဲ့ရာ လေးရက်အတွင်း အပြန်အလှန် ပစ်ခတ်မှုကြောင့်အနည်းဆုံးလူပေါင်း ၂၀၀၀ ကျော်သေဆုံးထားကြောင်းသိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
KIA ဌာနချုပ်အနီးရှိ မုန်လိုင်ချက်၌ ပေါက်ကွဲမှုဖြစ်စဉ်သည် ယမ်းသိုလှောင်ရုံ ပေါက်ကွဲခြင်းသာဖြစ်ဟု နစကထုတ်ပြန်
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း