ထားဝယ်မြို့နယ်ရှိ သတ္ထုတူးဖော်ရေးလုပ်ငန်းခွင်မှ အဆောက်အဦးများအပါအဝင် ယာဉ်ယန္တရားအချို့ကို PDF အဖွဲ့မှ မီးရှို့ဖျက်ဆီးခဲ့ဟု ရဲတပ်ဖွဲ့ဆို
NSS - အောက်တိုဘာ ၁၁
တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်ရှိ သတ္ထုတူးဖော်ရေးလုပ်ငန်းခွင်မှ အဆောက်အဦးများအပါအဝင် ယာဉ်ယန္တရားအချို့ကို PDF အဖွဲ့မှ မီးရှို့ဖျက်ဆီးခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သော အောက်တိုဘာလ ၇ရက်၊ ညနေ ၃နာရီအချိန်တွင် ထားဝယ်မြို့နယ်၊ ဝဇွမ်းချောင်းကျေးရွာရှိ “တောင်ပိုင်းကမ္ဘာ” သတ္ထုတူးဖော်ရေးကုမ္ပဏီပိုင်ဆိုင်သည့် “ဇော်ဖိုးလှ” လုပ်ငန်းခွင်အတွင်း၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ “ဇော်ဖိုးလှ” လုပ်ငန်းခွင်သည် လုပ်ငန်းများခေတ္တရပ်နားထားသည့် လုပ်ငန်းခွင်တစ်ခုဖြစ်ကာ ၎င်းလုပ်ငန်းခွင်အတွင်းသို့ စောကောလာဖိုးဦးဆောင်သည့် PD Fအဖွဲ့ အင်အား (၅၀)ဦးက ရောက်ရှိလာပြီး မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
ထိုသို့ မီးရှို့ဖျက်ဆီးခဲ့သဖြင့် လုပ်ငန်းသုံးရုံး အဆောက်အဦးတစ်လုံး၊ ဂိုဒေါင်တစ်လုံး၊ လူနေအဆောင်တစ်လုံး၊ စက်ရုံအဆောင်အဦး တစ်လုံး၊ ဘတ်ဟိုးတစ်စီး၊ ဘူဒိုဇာတစ်စီးနှင့် လုပ်ငန်းသုံး အပေါ့စားယာဉ်(Mini Car) ၅ စီးတို့ မီးလောင်ပျက်စီးသွားခဲ့ကြောင်း သိရသည်။
ထို့နောက် မီးရှို့ဖျက်ဆီးမှုတွင် ပါဝင်ပတ်သက်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အပြစ်ပေးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
၂၄ နာရီအတွင်းဖြစ်ပွားခဲ့သော ပြည်တွင်းနှင့် ပြည်ပက ထူးခြားသတင်းများ
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ