Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အစ္စရေး - ပါလက်စတိုင်း နောက်ဆုံးရသတင်း updated (Oct-11 / 2:45 PM)

ဂျန်ဇက် (NSS) - ‌အောက်တိုဘာ ၁၁ 

အစ္စရေးနဲ့ ပါလက်စတိုင်းစစ်ပွဲထဲမှာ ပိတ်မိနေတဲ့ တောင်ကိုရီးယားနိုင်ငံသား ၁၉၂ ဦးဟာ အောက်တိုဘာ ၁ဝ ရက်မှာ မိခင်နိုင်ငံဖြစ်တဲ့ တောင်ကိုရီးယားနိုင်ငံကို ပြန်လည်ရောက်ရှိခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။ ဟားမက်စ်အဖွဲ့ဟာ အစ္စရေးနိုင်ငံကို အောက်တိုဘာ ၇ ရက်က တိုက်ခိုက်ခဲ့ပြီးနောက် နှစ်ဖက်ကြား စစ်ပွဲစတင်ခဲ့ရာ လေကြောင်းခရီးစဉ်များ ဆိုင်းငံ့ခဲ့ရကြောင်း သိရပါတယ်။ 

တောင်ကိုရီးယားနိုင်ငံသား ၅၇ဝ ကျော်ဟာ အစ္စရေးနိုင်ငံမှာ  နှစ်ရှည်နေထိုင်နေခဲ့ပြီး တောင်ကိုရီးယားနိုင်ငံသား ၂၃ဝ ခန့် အစ္စရေးနိုင်ငံမှာ ကာလတိုနေ ထိုင်နေကြောင်း တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနကဆိုပါတယ်။

အစ္စရေးဟာ ပါလက်စတိုင်းတို့ရဲ့ဂါဇာကမ်းမြောင်ဒေသကို အစားစာ၊ ဆေးဝါးကူညီထောက်ပံ့ပေးခြင်းများကို ပိတ်ဆို့မှုနဲ့အတူလေကြောင်းဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်ကာ လူမျိုးသုန်းသတ်ဖြတ်မှုတွေ ကျူးလွန်နေ ကြောင်း၊ ကုလသမဂ္ဂဆိုင်ရာ ပါလက်စတိုင်းကိုယ်စားလှယ်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ အစ္စရေးဟာ ဂါဇာ  ကမ်းမြောင်ဒေသကို အစားစာနဲ့ ဆေးဝါးပစ္စည်းများကူညီထောက်ပံ့ပေးဖို့ ငြင်းဆန်နေကြောင်း ကုလသမဂ္ဂဆိုင်ရာ ပါလက်စတိုင်းကိုယ်စားလှယ် Hussein Al-Sheikh က‌ ပြောပါတယ်။


၎င်းက "အစ္စရေးရဲ့ကျူးကျော်မှုတွေကို ရပ်တန့်နိုင်အောင် နိုင်ငံတကာအဖွဲ့စည်းတွေ၊ နိုင်ငံတကာလူသားချင်း ဆိုင်ရာစာနာမှုအကူအညီပေးရေးအဖွဲတွေ ကြားဝင်ပေးဖို့ တောင်းဆိုပါတယ်။ ဂါဇာကမ်းမြောင်ဒေသဟာ လက်ရှိ အချိန်မှာ လူသားချင်းဆိုင်စာနာမှုအကူညီ လိုအပ်နေတဲ့ဘေးဒုက္ခဆိုးတွေကို ရင်ဆိုင်နေရတယ်။ ဂါဇာကမ်းမြောင် ဒေသကို ရေ၊ လျှပ်စစ်မီးနဲ့ လူသားချင်းဆိုင်ရာစာနာမှုအကူညီတွေပေးနိုင်အောင် နိုင်ငံတကာအဖွဲ့အစည်းတွေ ကူညီပေးစေလိုတယ်" လို့ ပြောပါတယ်။

နိုင်ဂျီးရီးယားအစိုးရဟာ ဟားမက် နဲ့ အစ္စရေးကြားဖြစ်နေတဲ့ စစ်ပွဲထဲမှာ ပိတ်မိနေတဲ့ နိုင်ဂျီးရီးယားနိုင်ငံသား ၃၀၀ကျော်ကို ပြန်လည်ခေါ်ယူခဲ့ကြောင်းသိရပါတယ်။အဆိုပါ နိုင်ဂျီးရီးယားနိုင်ငံသား ၃၀၀ကျော်ဟာ စစ်ပွဲဖြစ်ပွားလာပြီးနောက်မကြာမီ အစ္စရေးနိုင်ငံကနေ ဂျော်ဒန်နိုင်ငံကို ထွက်ပြေးလာသူတွေဖြစ်ကြောင်းသိရပါတယ်။ 


ကုလသမဂ္ဂရဲ့လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးရေးအဖွဲ့အကြီးအကဲက ပါလက်စတိုင်းလက်နက်ကိုင်အဖွဲ့ ဟားမက်စ် နဲ့ အစ္စရေးကြားဖြစ်ပွားနေတဲ့စစ်ပွဲအတွင်း ပြန်ပေးဆွဲခံထားရတဲ့သူအားလုံးကို အမြန်ဆုံးပြန်လွှတ်ပေး ဖို့ တောင်းဆိုလိုက်ပါတယ်။ ၎င်းက "ဘက်ပေါင်းစုံက ကျွန်တော့်ရဲ့သတင်းစကားက ရှင်းရှင်းလင်းလင်းပြောရရင် စစ်ဥပဒေတွေကို လက်ကိုင်ထားရမယ်" ဖမ်းဆီးထားသူတွေကို လူသားဆန်စွာ ဆက်ဆံရမယ်။ ဓားစာခံတွေကို နှောင့်နှေးမနေဘဲ လွှတ်ပေးရမယ်" လို့ ပြောပါတယ်။

အ‌မေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ဟာ အီရန်ရဲ့အထောက်ပံ့တွေရရှိနေတဲ့ လက်ဘနွန်အခြေစိုက်ဟစ်ဘိုလာ လက်နက်ကိုင်အဖွဲ့ကို ဟားမက်စ်လက်နက်ကိုင်အဖွဲ့နဲ့အစ္စရေးကြားဖြစ်ပွားနေတဲ့ စစ်ပွဲတွေထဲ တိုက်ရိုက်ပါဝင်လာခြင်းမျိုးမလုပ်ဖို့ သတိပေးလိုက်ကြောင်း သိရပါတယ်။ လက်ဘနွန်နိုင်ငံအတွင်းရှိ ပြည်သူတွေအများအပြား သေဆုံးမှာကို စိုးရိမ်တဲ့အတွက် လက်ဘနွန်အခြေစိုက် ဟစ်ဘိုလာအဖွဲ့ကို အမေရိကန်သမ္မတက ပထမဆုံးအကြိမ် ကိုယ်တိုင် သတိပေးလိုက်ခြင်းဖြစ်ကြောင်း သိရပါတယ်။ ဟစ်ဘိုလာအဖွဲ့ကတော့ အစ္စရေးတပ်ဖွဲ့တွေဟာ လက်ဘနွန်နိုင်ငံအတွင်းရှိ ဟားမက်စ်အဖွဲ့တွေကို ပစ်မှတ်ထားတိုက်ခိုက်တာ၊  ဒါမှမဟုတ် ဂါဇာကမ်းမြောင်ဒေသ ကို ကျူးကျော်ဝင်ရောက်လာမယ်ဆိုရင်တော့ အစ္စရေးကို တုံ့ပြန်တိုက်ခိုက်မှာဖြစ်တယ်လို့  ခြိမ်းခြောက်ထားပါတယ်။

အစ္စရေး - ပါလက်စတိုင်း နောက်ဆုံးရသတင်း updated (Oct-11 / 2:45 PM)

ဟားမက်အဖွဲ့ရဲ့တိုက်ခိုက်မှုကြောင့် စတင်ဖြစ်လာတဲ့ အစ္စရေး- ပါလက်စတိုင်းကြားစစ်ပွဲကို ဖြေရှင်းနိုင်ဖို့ အမေရိကန်အစိုးရမှာ အရည်ချင်းမရှိကြောင်း ရုရှားသမ္မတပူတင်က ဝေဖန်လိုက်ပါတယ်။

ရုရှားသမ္မတက "အစ္စရေးနဲ့ ပါလက်စတိုင်းကြားတစ်ကျော့ပြန် စစ်ပွဲဖြစ်လာတာက အရှေ့အလယ်ပိုင်းနဲ့ပတ်သက်ပြီး အမေရိကန်အစိုးရဲ့မူဝါဒတွေကျဆုံးခဲ့တာကို ဥပမာပေးလိုက်တာဖြစ်တယ်။ အမေရိကန်ဟာ အရှေ့အလယ်ပိုင်းဒေသမှာ ငြိမ်းချမ်းရေးကို လက်ဝါးကြီးအုပ်ဖို့ ကြိုးပမ်းတယ်။ ဒါပေမယ့် နှစ်ဖက်စလုံးက လက်ခံနိုင်တဲ့ကတိတွေပေးပြီး အကောင်အထည် ဖော်တာမျိုးမရှိသေးဘူး"လို့ ပြောပါတယ်။

အမေရိကန်အစိုးရဟာ ပါလက်စတိုင်းပြည်သူတွေရဲ့အကျိုးစီးပွားကို ဘယ်တော့မှထည့်သွင်းတွက်ချက်ခြင်းမျိုးမရှိခဲ့ကြောင်း ပါလက်စတိုင်း ပြည်သူတွေအကျိုးစီးပွားထဲမှာ လွတ်လပ်တဲ့နိုင်ငံတည်ထောင်ရေးအချက်ပါဝင်ကြောင်း၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်များအတိုင်း အမေရိကန်ဟာ ပါလက်စတိုင်းကို လွတ်လပ်တဲ့ နိုင်ငံအဖြစ် တည်ထောင်ခြင်းကို လုပ်ဆောင်ပေးလိုခြင်းမရှိကြောင်း ရုရှားသမ္မတကပြောပါတယ်။ 

တူရကီသမ္မတ အာဒိုဂမ်က အမေရိကန်နိုင်ငံဟာ အစ္စရေးပိုင်နက်အနီးကို လေယာဉ် တင်သင်္ဘောအုပ်စုတွေစေလွှတ်ပြီး ဂါဇာကမ်းမြောင်ဒေသမှာဆိုးရွားတဲ့ လူသတ်ပွဲတွေဖြစ်အောင်လုပ်ဆောင်ခဲ့ကြောင်း ထုတ်ဖော်ဝေဖန်လိုက်ပါတယ်။ အမေရိကန်အစိုးရဟာ အစ္စရေးကို စစ်ရေးအကူညီပေးမှုအဖြစ် USS Gerald R. Ford, လေယာဉ်တင်သင်္ဘောအုပ်စုတွေကို အစ္စရေးနယ်စပ်အနီးကိုစေလွှတ်ခဲ့ကြောင်း သိရပါတယ်။ 

UFC တိုက်ခိုက်ရေးပွဲစဉ်တွေမှာ ရှုံးပွဲမရှိဘဲ ချန်ပီယံဆုတွေ ရယူနိုင်ခဲ့တဲ့ ကမ္ဘာကျော် တိုက် ခိုက်ရေးသမားတစ်ဦးဖြစ်တဲ့ ခါဘစ်က အစ္စရေးနဲ့ ပါလက်စတိုင်းတို့ စစ်ပွဲမှာပါလက်စတိုင်းတွေကိုအားပေးထောက်ခံကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ 

ယူကရိန်းနိုင်ငံကိုအနောက်အုပ်စုနိုင်ငံများ ပေးပို့ကူညီခဲ့တဲ့လက်နက်တွေဟာ ဟားမက်လက်နက်ကိုင်အဖွဲ့ လက်ထဲကိုရောက်ရှိသွားခဲ့ပြီး အဲဒီလက်နက်တွေကို အစ္စရေးနဲ့တိုက်ခိုက်ရမှာအသုံးပြုနေကြောင်း၊ ပါလက်စတိုင်းနဲ့ အစ္စရေးစစ်ပွဲအခြေနေတွေက လက်ရှိထက်ပိုမိုဆိုးလာနိုင်ဖွယ်ရှိနေကြောင်း ရုရှားသမ္မတဟောင်း  မက်ဗီဒက်ကထုတ်ဖော်သတိပေးလိုက်ပါတယ်။

အစ္စရေးနဲ့ ပါလက်စတိုင်းလက်နက်ကိုင်အဖွဲ့ ဟားမက်တို့ဖြစ်ပွားနေတဲ့ စစ်ပွဲအတွင်း ရုရှားနိုင်ငံသား ၄ ဦးသေဆုံးခဲ့ပြီး ၆ ဦးပျောက်ဆုံးနေကြောင်း အဲဒီစစ်ပွဲအတွင်း အမေရိကန်နိုင်ငံ သား ၁၁ ဦးသေဆုံးခဲ့သလို နီပေါနိုင်ငံသား ၁၀ ဦးသေဆုံးကာ ၄ ဦးဒဏ်ရာရထားကြောင်းသတင်းတွေက ဖော်ပြထားပါတယ်။ ဒါ့ပြင် အာဂျင်တီးနားနိုင်ငံသား ၇ ဦးသေဆုံးကာ ၁၅ဦးလည်း ပျောက်ဆုံးနေကြောင်းသိရပါတယ်။ 

အစ္စရေးတပ်ဖွဲ့များရဲ့ဂါဇာကမ်းမြောင်ဒေသကို ဗုံးကြဲတိုက်ခိုက်ချိန်အတွင်း ဟားမက်အဖွဲ့ ထိပ်တန်းခေါင်းဆောင်နှစ်ဦးသေဆုံးသွားခဲ့ကြောင်း၊ တစ်ဦးက ဟားမက်အဖွဲ့ စီးပွားရေးဝန်ကြီး Jawad Abu Shamala  နဲ့ ဟားမက်လက်နက်ကိုင်အဖွဲ့ခေါင်းဆောင် နဲ့ နီးစပ်တဲ့ Yahya Sinwar. တို့ဖြစ်ကြောင်း အစ္စရေးစစ်ဘက်က သတင်းထုတ်ပြန်ထားပါတယ်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ထားဝယ်မြို့နယ်ရှိ သတ္ထုတူးဖော်ရေးလုပ်ငန်းခွင်မှ အဆောက်အဦးများအပါအဝင် ယာဉ်ယန္တရားအချို့ကို PDF အဖွဲ့မှ မီးရှို့ဖျက်ဆီးခဲ့ဟု ရဲတပ်ဖွဲ့ဆို

RELATED POSTS
RECENT POSTS
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved